Breaking

Post Top Ad

Your Ad Spot

Tuesday 6 November 2018

ပ႐ုပ္လံုးနံ႔ေလးေမႊးေနတ့ဲ အဝတ္အထည္ေတြရဲ႕ေၾကာက္စရာအႏၲရာယ္



[Zawgyi]
အဝတ္အထည္ေလးေတြ ပ႐ုပ္လုးံနံ႔ေလးသင္းေနေအာင္၊ သန္႔႐ွင္းတ့ဲရန႔ံေလး၊ ပိုးမႊား ေတြတက္မွာလဲ မပူရေအာင္ဆိုၿပီး ပ႐ုပ္လုံးေတြကို႐ွိသမ်ွ အဝတ္ဗီ႐ို၊ေမြ႔ယာ၊ ေစာင္ေတြသိမ္းတ့ဲေနရာ၊ သားသား မီးမီး တို႔ရဲ႕အဝတ္ ျခင္းေတာင္းေတြထဲမွာထည့္ၾကတာဆန္းတာလုပ္လို႔ေျပာစရာ႐ွိတယ္။ ဘာမ်ား မွားျပန္ၿပီလဲေပါ့။

အဂၤလိပ္လို Moth Balls လို႔ေခၚၿပီး ျမန္မာျပည္မွာ ပ႐ုပ္လုံးလို႔သိၾကပါတယ္။ ဆိုလိုတာက ပိုးမႊား ေျပးေအာင္သုံးတာေပါ့ေလ။ ပါဝင္တ့ဲဓာတုေပဒဓာတ္က Naphthalene နဲ႔ Paradichlorobenzene. (နပ္ဖ္သလင္း နဲ႔ပါရာဒိုင္ကလို႐ိုဘန္ဇင္း) ျဖစ္ပါတယ္။

ပ႐ုပ္လုံးရဲ႕အာနိသင္ကိုက တေျဖးေျဖးလုံးပါးပါးၿပီး အေငြ႔ ပ်ံတာေလ။ ပ်ံတ့ဲအေငြ႔ေတြက အေပၚကေျပာတ့ဲ ဓာတုဓာတ္ေတြေပါ့။

စူးစူး႐ွ႐ွန႔ဲသင္းပ်ံတဲ႔ရန႔ံလို႔ သတ္မွတ္ထားၾကတ့ဲအေငြ႔ေတြက သားသား မီးမီးတို႔အျပင္ လူႀကီးေတြေရာ ၊ ကေလးငယ္၊ ဖိုးဖိုးဖြားဖြား အားလုးံရဲ႕က်န္းမာေရးကို ထိခိုက္ေစတ့ဲအဆိပ္ေငြ႔သေဘာပါပဲ။ ေျဖးေျဖးခ်င္း သူလဲလုးံပါးပါးရင္း ကိုယ္ကိုလဲထိခိုက္ေနတာေပါ့။

အနဲအမ်ားပဲကြာတယ္။ သိေတာင္မသိလိုက္ၾကဘူး။ အဲဒီအေငြ႔ေတြက မ်က္စိ၊ အသက္ရွဴ လမ္းေၾကာင္း စတာေတြကို အေႏွာင့္အယွက္ျဖစ္ေစတယ္။ ေခါင္းကိုက္တာ၊ မူးတာ၊ အန္ခ်င္တာျဖစ္တတ္တယ္။ တခ်ိဳ႕ ေလ့လာမုွေတြအရ ကင္ဆာအခ်ိဳ႕န႔ဲေတာင္ စပ္ဆက္မုွ႐ွိတယ္ဆိုပဲ။

နပ္ဖ္သလင္းဓာတ္က ပိုဆိုးတ့ဲအဆိပ္ဓာတ္ပါ။ ေသြးနီဥေလးေတြကို အခ်ိန္မတိုင္ခင္ပ်က္စီးေစတ့ဲ အာနိသင္႐ွိတယ္။ ေသြးအားနည္းေရာဂါ၊ ေသြးနီဥေတြပ်က္စီးရင္ျဖစ္တ့ဲ အက်ိဳးဆက္ေတြျဖစ္တတ္တယ္။

G6PD ဆိုတ့ဲအင္ဇိုင္းခ်ိဳ႕တ့ဲမုွ႐ွိသူေတြဆို ပိုၿပီးေတာင္ထိခိုက္တယ္။ လူႀကီးန႔ဲ ကေလး ခံရတာခ်င္း ဘာကြာမလဲေမးစရာ႐ွိတယ္။

ကေလးေတြရဲ႕ ဒီအဆိပ္ဓာတ္ေတြကို ကိုယ္ကေနထုတ္ျပစ္ႏိုင္တ့ဲအားအင္က လူႀကီးထက္စာရင္ နည္းေသးတယ္ေလ။ ဒါေၾကာင့္ ပိုအႏၲရာယ္႐ွိတာေပါ့။ လူႀကီးေတြအတြက္လဲမေကာင္းပါဘူး။

ခုေခတ္မွာ ပ႐ုပ္လုံးျဖဴျဖဴေလးေတြတင္မကေတာ့ဘူး။ အေရာင္စုံ ဒီဇိုင္းစုံန႔ဲဆိုေတာ့ ခ်စ္စရာေကာင္းတ့ဲပုံ မ်ိဳးစုံေစ်းကြက္ထဲမွာေပၚေနပါတယ္။

ဗီ႐ိုေထာင့္၊ ျခင္းေထာင္းေထာင့္မွာေတြရင္ ၾကမ္းေပၚလိမ့္က်ေနတာေတြ႔ရင္ သားပိစိ၊ သမီးပိစိေလးေတြက ထုးံစံအတိုင္းပါးစပ္ထဲေကာက္ထည့္လိုက္မွာပဲ။ ဒါဆိုပိုဆိုး။ ဒါေၾကာင့္ေသခ်ာသိမ္းရတယ္။

ဟုတ္ၿပီ အေငြ႔က႐ွဴမိလို႔ေရ႐ွည္မေကာင္းဘူးဆိုရင္ ပ႐ုပ္လုံးန႔ဲအၾကာႀကီးထိေတြ႔ထားတ့ဲ အဝတ္ကိုဝတ္ရင္ေရာလလုိ႔ ေမးစရာ႐ွိတယ္ေနာ္။

အေရျပားက ေနထိေတြ႔တာလဲ မေကာင္းပါဘူး။ ဓာတ္ေတြက အဝတ္ေတြထဲမွာစိမ့္ဝင္ၿပီး႐ွိေနပါတယ္။ ျပန္ေလ်ွာ္ၿပီး ေနလွန္းေျခာက္သြားမွဝတ္ေပးတာေကာင္းပါတယ္။

ပ႐ုပ္လုးံမသုံးရင္ အန႔ံေတြေပ်ာက္ေအာင္ဘယ္လိုလုပ္ရမလဲ?
ပိုးေကာင္ ေတြေျပးေအာင္ဘယ္လိုလုပ္ရမလဲ?
ပ႐ုပ္လုးံဝယ္ရင္ အထက္ကေျပာတ့ဲ ဓာတုနာမည္ပါတာဆိုရင္ ေဝးေဝးကေ႐ွာင္ပါ။

တခ်ိဳ႕ပ႐ုပ္လုံးေတြက ထင္း႐ွဴးသားန႔ဲလုပ္တာ႐ွိတတ္တယ္သုံးလို႔ရတယ္။ ျမန္မာျပည္မွာ႐ွိမယ္မထင္ဘူး။ ထင္း႐ွဴးသားေလးထည့္ထားတာမ်ိဳးလုပ္လို႔ရတယ္။ အေကာင္းဆုးံကေတာ့ ေသခ်ာေလ်ွာ္ ေနပူပူမွာလွန္းလွန္ေပး။

အိတ္ေလးေတြန႔ဲသိမ္းေပးရင္ ပိုးေကာင္မႊားေကာင္ေတြဝင္ဖုိ႔ခက္သြားပါၿပီ။ တခ်ိဳ႕ၾကေတာ့ ေလးညႇင္းပြင့္ေလးေတြ၊ ထင္း႐ွဴ းသားသန္႔သန္႔ေလးေတြကို အဝတ္အိတ္ေလးထဲခ်ဳပ္ထည့္ၿပီး ဗီ႐ိုေထာင့္ ေလးေတြမွာထားၾကတယ္။

ဘာပဲဝယ္ဝယ္၊ ဘာပါဝင္လဲဆိုတာဖတ္ပါ။ ထုပ္ပိုးထားတာေလးလွတိုင္း အေကာင္းစားမဟုတ္ပါ။ ခုေပၚေနတ့ဲ အေမႊးရည္စတာေတြရဲ႕တခုခ်င္းဆီမွာ ဘာပါသလဲဆိုတာဖတ္ၾကည့္ပါ။ အထက္ကေျပာတ့ဲ ဓာတ္ေတြပါလားလို႔ပါ။ ဒါေပမ့ဲအတုေတြေပါတ့ဲေခတ္၊ အတုမ်ိဳးစုံကိုယ္ႏိုင္ငံဝင္လာေနတ့ဲအခ်ိန္မွာ ေတာ္ေတာ္သတိထားရပါမယ္။

ဒီမွတ္စုေလးဖတ္ၿပီးခ်ိန္မွာ မိဘေတြစိုးရိမ္ၾကမယ္၊ သုံးေနတာ ဘာလုပ္ရမယ္ စိတ္ပူမွာပဲ။ ဆက္မသုံး ေတာ့ရင္ အေကာင္းဆုးံပါ။ ေရာဂါလကၡဏာတခုထဲၾကည့္ၿပီး ပ႐ုပ္လုးံသုံးခ့ဲတာေၾကာင့္ တထစ္ခ် ေျပာမရပါ။ ေဆး႐ုံ၊ ေဆးခန္းမွာျပသစစ္ေဆးခံယူပါ။

Credit to Child Health Myanmar

[Unicode]
အဝတ်အထည်လေးတွေ ပရုပ်လုးံနံ့လေးသင်းနေအောင်၊ သန့်ရှင်းတဲ့ရနံ့လေး၊ ပိုးမွှား တွေတက်မှာလဲ မပူရအောင်ဆိုပြီး ပရုပ်လုံးတွေကိုရှိသမျှ အဝတ်ဗီရို၊မွေ့ယာ၊ စောင်တွေသိမ်းတဲ့နေရာ၊ သားသား မီးမီး တို့ရဲ့အဝတ် ခြင်းတောင်းတွေထဲမှာထည့်ကြတာဆန်းတာလုပ်လို့ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။

အင်္ဂလိပ်လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုံးလို့သိကြပါတယ်။ ဆိုလိုတာက ပိုးမွှား ပြေးအောင်သုံးတာပေါ့လေ။ ပါဝင်တဲ့ဓာတုပေဒဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ပါရာဒိုင်ကလိုရိုဘန်ဇင်း) ဖြစ်ပါတယ်။

ပရုပ်လုံးရဲ့အာနိသင်ကိုက တဖြေးဖြေးလုံးပါးပါးပြီး အငွေ့ ပျံတာလေ။ ပျံတဲ့အငွေ့တွေက အပေါ်ကပြောတဲ့ ဓာတုဓာတ်တွေပေါ့။

စူးစူးရှရှနဲ့သင်းပျံတဲ့ရနံ့လို့ သတ်မှတ်ထားကြတဲ့အငွေ့တွေက သားသား မီးမီးတို့အပြင် လူကြီးတွေရော ၊ ကလေးငယ်၊ ဖိုးဖိုးဖွားဖွား အားလုးံရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အဆိပ်ငွေ့သဘောပါပဲ။ ဖြေးဖြေးချင်း သူလဲလုးံပါးပါးရင်း ကိုယ်ကိုလဲထိခိုက်နေတာပေါ့။

အနဲအများပဲကွာတယ်။ သိတောင်မသိလိုက်ကြဘူး။ အဲဒီအငွေ့တွေက မျက်စိ၊ အသက်ရှူ လမ်းကြောင်း စတာတွေကို အနှောင့်အယှက်ဖြစ်စေတယ်။ ခေါင်းကိုက်တာ၊ မူးတာ၊ အန်ချင်တာဖြစ်တတ်တယ်။ တချို့ လေ့လာမုှတွေအရ ကင်ဆာအချို့နဲ့တောင် စပ်ဆက်မုှရှိတယ်ဆိုပဲ။

နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့အဆိပ်ဓာတ်ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။ သွေးအားနည်းရောဂါ၊ သွေးနီဥတွေပျက်စီးရင်ဖြစ်တဲ့ အကျိုးဆက်တွေဖြစ်တတ်တယ်။

G6PD ဆိုတဲ့အင်ဇိုင်းချို့တဲ့မုှရှိသူတွေဆို ပိုပြီးတောင်ထိခိုက်တယ်။ လူကြီးနဲ့ ကလေး ခံရတာချင်း ဘာကွာမလဲမေးစရာရှိတယ်။

ကလေးတွေရဲ့ ဒီအဆိပ်ဓာတ်တွေကို ကိုယ်ကနေထုတ်ပြစ်နိုင်တဲ့အားအင်က လူကြီးထက်စာရင် နည်းသေးတယ်လေ။ ဒါကြောင့် ပိုအန္တရာယ်ရှိတာပေါ့။ လူကြီးတွေအတွက်လဲမကောင်းပါဘူး။

ခုခေတ်မှာ ပရုပ်လုံးဖြူဖြူလေးတွေတင်မကတော့ဘူး။ အရောင်စုံ ဒီဇိုင်းစုံနဲ့ဆိုတော့ ချစ်စရာကောင်းတဲ့ပုံ မျိုးစုံဈေးကွက်ထဲမှာပေါ်နေပါတယ်။

ဗီရိုထောင့်၊ ခြင်းထောင်းထောင့်မှာတွေရင် ကြမ်းပေါ်လိမ့်ကျနေတာတွေ့ရင် သားပိစိ၊ သမီးပိစိလေးတွေက ထုးံစံအတိုင်းပါးစပ်ထဲကောက်ထည့်လိုက်မှာပဲ။ ဒါဆိုပိုဆိုး။ ဒါကြောင့်သေချာသိမ်းရတယ်။

ဟုတ်ပြီ အငွေ့ကရှူမိလို့ရေရှည်မကောင်းဘူးဆိုရင် ပရုပ်လုံးနဲ့အကြာကြီးထိတွေ့ထားတဲ့ အဝတ်ကိုဝတ်ရင်ရောလလို့ မေးစရာရှိတယ်နော်။

အရေပြားက နေထိတွေ့တာလဲ မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာစိမ့်ဝင်ပြီးရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှဝတ်ပေးတာကောင်းပါတယ်။

ပရုပ်လုးံမသုံးရင် အနံ့တွေပျောက်အောင်ဘယ်လိုလုပ်ရမလဲ?

ပိုးကောင် တွေပြေးအောင်ဘယ်လိုလုပ်ရမလဲ?

ပရုပ်လုးံဝယ်ရင် အထက်ကပြောတဲ့ ဓာတုနာမည်ပါတာဆိုရင် ဝေးဝေးကရှောင်ပါ။

တချို့ပရုပ်လုံးတွေက ထင်းရှူးသားနဲ့လုပ်တာရှိတတ်တယ်သုံးလို့ရတယ်။ မြန်မာပြည်မှာရှိမယ်မထင်ဘူး။ ထင်းရှူးသားလေးထည့်ထားတာမျိုးလုပ်လို့ရတယ်။ အကောင်းဆုးံကတော့ သေချာလျှော် နေပူပူမှာလှန်းလှန်ပေး။

အိတ်လေးတွေနဲ့သိမ်းပေးရင် ပိုးကောင်မွှားကောင်တွေဝင်ဖို့ခက်သွားပါပြီ။ တချို့ကြတော့ လေးညှင်းပွင့်လေးတွေ၊ ထင်းရှူ းသားသန့်သန့်လေးတွေကို အဝတ်အိတ်လေးထဲချုပ်ထည့်ပြီး ဗီရိုထောင့် လေးတွေမှာထားကြတယ်။

ဘာပဲဝယ်ဝယ်၊ ဘာပါဝင်လဲဆိုတာဖတ်ပါ။ ထုပ်ပိုးထားတာလေးလှတိုင်း အကောင်းစားမဟုတ်ပါ။ ခုပေါ်နေတဲ့ အမွှေးရည်စတာတွေရဲ့တခုချင်းဆီမှာ ဘာပါသလဲဆိုတာဖတ်ကြည့်ပါ။ အထက်ကပြောတဲ့ ဓာတ်တွေပါလားလို့ပါ။ ဒါပေမဲ့အတုတွေပေါတဲ့ခေတ်၊ အတုမျိုးစုံကိုယ်နိုင်ငံဝင်လာနေတဲ့အချိန်မှာ တော်တော်သတိထားရပါမယ်။

ဒီမှတ်စုလေးဖတ်ပြီးချိန်မှာ မိဘတွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံး တော့ရင် အကောင်းဆုးံပါ။ ရောဂါလက္ခဏာတခုထဲကြည့်ပြီး ပရုပ်လုးံသုံးခဲ့တာကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ၊ ဆေးခန်းမှာပြသစစ်ဆေးခံယူပါ။

Credit to Child Health Myanmar

No comments:

Post a Comment

Post Top Ad

Your Ad Spot