Breaking

Post Top Ad

Your Ad Spot

Saturday 17 November 2018

တခ်ိန္က နာမည္ၾကီးမင္းသား ရဲကိုကို အေၾကာင္း ေျပာျပလိုက္တဲ့ ကိုကိုဦး


[Zawgyi]
တေခတ္တခါက ပရိသတ္ေတြၾကားမွာ နာမည္ၾကီးလူၾကိဳက္မ်ားခဲ့တဲ့ မင္းသား ရဲကိုကိုဟာ ယေန႔အခ်ိန္ထိ ပရိသတ္ေတြ တမ္းတေမ်ွာ္လင့္ေနရသူတစ္ဦးျဖစ္ပါတယ္။ ရဲကုိကို သရုပ္ေဆာင္ ရိုက္ကူးခဲ့တဲ့ ဇာတ္ကားမ်ားစြာရွိခဲ့တဲ့အျပင္ သူ႔ရဲ႕ေျပာင္ေျမာက္တဲ့ အနုပညာျပကြက္ေတြက တစ္ေခတ္တစ္ခါတုန္းက အင္မတန္ နာမည္ႀကီးခဲ့တာပဲ ျဖစ္ပါတယ္။

ရဲကိုကို ကို ယေန႔အခ်ိန္ထိ ပရိသတ္ေတြက အႏုပညာေလာကထဲကို ျပန္လာဖုိ႔ ေမ်ွာ္လင့္ေနၾကျပီးေတာ့ ေပ်ာက္ကြယ္သြားတဲ့အခ်ိန္ေတြ ၾကာလြန္းေနျပီျဖစ္တာေၾကာင့္ ျပန္လည္ျမင္ေတြ႔ႏုိင္ဖုိ႔အတြက္ ေမ်ွာ္လင့္ေနၾကတာျဖစ္ပါတယ္။ တေခတ္တခါတုန္းက အတူတူ နာမည္ၾကီးခဲ့တဲ့ ဇာတ္ပို႔သရုပ္ေဆာင္ ကိုကိုဦးက ရဲကိုကို ကို ျပန္ေတြ႔ခ်င္တဲ့အေၾကာင္းေလးကို ေျပာျပခဲ့ပါတယ္။


” အင္မတန္မွ ခ်စ္စရာေကာင္းပါတယ္။ အင္မတန္ ခ်စ္စရာေကာင္းတဲ့ မင္းသားတစ္ေယာက္ပါ။ တကယ္လည္းေအးတယ္။ က်ေတာ္နဲ႔ တကယ့္ညီအစ္ကိုအရင္းလို လက္တြဲခဲ့တာေပါ့။ ယေန႔ သူဘယ္မွာလဲဆိုတာ ဦးလည္းမသိဘူးေပါ့ ဒါေပမယ့္ အမွန္သူ႔အိမ္ေတြဘာေတြ သြားသင့္တာေပါ့။ က်ေတာ္လည္းကိုယ့္မိသားစုနဲ႔ေနာက္ျပီး ကိုယ့္စီးပြားေရးတစ္ဖက္နဲ႔ဆိုေတာ့ ရဲကို လုပ္ေဖာ္ကိုင္ဖက္ကို ကုိယ္က သြားမေတြ႔ႏုိင္ဘူး။”



 ” အဲတုန္းကလည္း က်ေတာ္တို႔က အေျခအေနက ရုပ္ရွင္အေျခအေနကလည္း ကိုယ့္မိသားစုနဲ႔ကို မနည္းရုန္းကန္ေနရေတာ့ မင္းသားတစ္ေယာက္ရဲ႕အိမ္ကိုသြားဖို႔ဆုိတာ နည္းနည္းေတာ့ ဝန္ေလးတာေပါ့။ အဲဒါေလးပါ သူ႔ကိုလည္း အခုဆိုရင္ အရမ္းကိုေတြ႔ခ်င္တယ္။ ေနာက္ ရဲကိုတေခတ္မွာ က်ေတာ္တို႔က ေအာင္ျမင္ခဲ့ေတာ့ သူ႔ကိုလည္း ဒီေလာကထဲကို ျပန္လာေစခ်င္တယ္။ သူဘာလို႔ျပန္မလာလဲ က်ေတာ္လည္း မေျပာတတ္ဘူး ” လို႔ ရဲကိုကို အႏုပညာေလာကထဲကို ျပန္လည္မေရာက္ရွိလာတာနဲ႔ပတ္သက္ျပီး ခံစားခ်က္ကို ဆယ္လီရပ္ကြက္အင္တာဗ်ဴးမွာ ရင္ဖြင့္ေျပာျပခဲ့တာျဖစ္ပါတယ္။

Credit Min Thin

[Unicode]
တခေတ်တခါက ပရိသတ်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသား ရဲကိုကိုဟာ ယနေ့အချိန်ထိ ပရိသတ်တွေ တမ်းတမျှော်လင့်နေရသူတစ်ဦးဖြစ်ပါတယ်။ ရဲကိုကို သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိခဲ့တဲ့အပြင် သူ့ရဲ့ပြောင်မြောက်တဲ့ အနုပညာပြကွက်တွေက တစ်ခေတ်တစ်ခါတုန်းက အင်မတန် နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။

ရဲကိုကို ကို ယနေ့အချိန်ထိ ပရိသတ်တွေက အနုပညာလောကထဲကို ပြန်လာဖို့ မျှော်လင့်နေကြပြီးတော့ ပျောက်ကွယ်သွားတဲ့အချိန်တွေ ကြာလွန်းနေပြီဖြစ်တာကြောင့် ပြန်လည်မြင်တွေ့နိုင်ဖို့အတွက် မျှော်လင့်နေကြတာဖြစ်ပါတယ်။ တခေတ်တခါတုန်းက အတူတူ နာမည်ကြီးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုကိုဦးက ရဲကိုကို ကို ပြန်တွေ့ချင်တဲ့အကြောင်းလေးကို ပြောပြခဲ့ပါတယ်။


” အင်မတန်မှ ချစ်စရာကောင်းပါတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ မင်းသားတစ်ယောက်ပါ။ တကယ်လည်းအေးတယ်။ ကျတော်နဲ့ တကယ့်ညီအစ်ကိုအရင်းလို လက်တွဲခဲ့တာပေါ့။ ယနေ့ သူဘယ်မှာလဲဆိုတာ ဦးလည်းမသိဘူးပေါ့ ဒါပေမယ့် အမှန်သူ့အိမ်တွေဘာတွေ သွားသင့်တာပေါ့။ ကျတော်လည်းကိုယ့်မိသားစုနဲ့နောက်ပြီး ကိုယ့်စီးပွားရေးတစ်ဖက်နဲ့ဆိုတော့ ရဲကို လုပ်ဖော်ကိုင်ဖက်ကို ကိုယ်က သွားမတွေ့နိုင်ဘူး။”

 ” အဲတုန်းကလည်း ကျတော်တို့က အခြေအနေက ရုပ်ရှင်အခြေအနေကလည်း ကိုယ့်မိသားစုနဲ့ကို မနည်းရုန်းကန်နေရတော့ မင်းသားတစ်ယောက်ရဲ့အိမ်ကိုသွားဖို့ဆိုတာ နည်းနည်းတော့ ဝန်လေးတာပေါ့။ အဲဒါလေးပါ သူ့ကိုလည်း အခုဆိုရင် အရမ်းကိုတွေ့ချင်တယ်။ နောက် ရဲကိုတခေတ်မှာ ကျတော်တို့က အောင်မြင်ခဲ့တော့ သူ့ကိုလည်း ဒီလောကထဲကို ပြန်လာစေချင်တယ်။ သူဘာလို့ပြန်မလာလဲ ကျတော်လည်း မပြောတတ်ဘူး ” လို့ ရဲကိုကို အနုပညာလောကထဲကို ပြန်လည်မရောက်ရှိလာတာနဲ့ပတ်သက်ပြီး ခံစားချက်ကို ဆယ်လီရပ်ကွက်အင်တာဗျူးမှာ ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။

Credit Min Thin 

No comments:

Post a Comment

Post Top Ad

Your Ad Spot