Breaking

Post Top Ad

Your Ad Spot

Sunday 23 December 2018

တစ္ေယာက္နဲ႔ တစ္ေယာက္ အလြန္ခ်စ္သူမ်ား တျဖည္းျဖည္း၀လာ

[Zawgyi ျဖင့္ဖတ္ရန္]
တကယ္လို႔မ်ား သင္ဟာ RS ရွိေနသူဆိုပါစို႕။ သင္နဲ႔ သင္ခ်စ္သူနွစ္ေယာက္ ခ်စ္ေနၾကခ်ိန္ ေတြ႔ကာစကထက္ တျဖည္းျဖည္းနဲ႔ ၀လာတယ္ဆိုရင္ ဂုဏ္ယူလိုက္ပါေတာ့ ဒါဟာ သင္တို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ ေသေသခ်ာခ်ာခ်စ္ၾကတယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ။ ဒီထက္ပိုျပီး ေကာင္းလာတဲ့အခ်က္က ခ်စ္တာကိုမွ တစ္ေယာက္ေၾကာင့္ တစ္ေယာက္ ေပ်ာ္ရႊင္ရတယ္ဆိုရင္ ပိုျပီး ၀လာတယ္ဆိုတာပါ။

ေျမာက္ပိုင္း ကယ္လီဖိုးနီးယားက တကၠသိုလ္တစ္ခုရဲ႕ ေလ့လာမႈမွာ လူရွစ္ေထာင္ေက်ာ္ကို ပါ၀င္ေစခဲ့ပါတယ္။ အဲ့အခါမွာ အမ်ိဳးသမီးတစ္ဦးဟာ အိမ္ေထာင္က်ျပီး (၅)နွစ္ကေန (၆)နွစ္အတြင္း (၂၄)ေပါင္တိုးလာပါတယ္။ လက္မထပ္ရေသးတဲ့ အတူေနအမ်ိဳးသမီးက (၂၂)ေပါင္ ပွ်မ္းမွ်တိုးလာပါတယ္။ ဒီအတိုင္း တြဲရံုတြဲတဲ့ သူေတြကေတာ့ (၁၃)ေပါင္ပဲ တိုးပါသတဲ့။

ေယာက်္ားေလးေတြကေတာ့ နွစ္နွစ္အတြင္း ရည္းစားနဲ႔အတူေနသူေတြဟာ Single ေတြထက္ အနည္းဆံုး (၂၅)ေပါင္ေလာက္ပိုမ်ားေနပါတယ္တဲ့။ ဒီထက္ပိုမွာပဲ ျဖစ္ျပီး အိမ္ေထာင္ရွိသူေတြဆိုရင္ေတာ့ နွစ္ဆေလာာက္မ်ားမွာပါတဲ့။ ဒါဟာ နွစ္ေယာက္သားအၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေနသူေတြမွာ ရႏိုင္တဲ့အခ်က္ျဖစ္ျပီး ေရရွည္ခ်စ္ၾကသူေတြပဲ ၀ိတ္တက္တာကိုေတြ႔ရပါတယ္တဲ့။

တစ္ေယာက္ကို တစ္ေယာက္ခ်စ္တဲ့ အခါမွာ စိတ္ေပ်ာ္ရႊင္ေအာင္ထားေပးတာ၊ ခႏၶာကိုယ္ပိုင္းဆိုင္ရာေၾကာင့္ စိတ္အေနွာက္အယွက္ျဖစ္ရတာ၊ အလွအပေရးရာကို ဂရုစိုက္စရာမလိုေတာ့တာေတြေၾကာင့္ ခ်စ္ခ်စ္ခင္ခင္ရွိဖို႔ကိုပဲ အာရံုက ေရာက္ေနတဲ့အတြက္ေၾကာင့္ ျဖစ္တယ္လို႔ ေလ့လာမႈကဆိုပါတယ္။

နွစ္ေတြၾကေပမယ့္ ေတြ႔စကလို ခ်စ္ေနေအာင္ ေနတာေတြ၊ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္ျပီး စိတ္ေပ်ာ္ရႊင္ေစတဲ့ အတြဲေတြပဲ ၀ိတ္တက္တာလို႔ ဆုိပါတယ္။
အစားအေသာက္ေရးရာနဲ႔ ခ်စ္ခင္ေနဖို႔ကပဲ သူတို႔အတြက္အေရးၾကီးလာတဲ့အတြက္ ၀ိတ္တက္တာေတြကို ဂရုမစိုက္ေတာ့ဘဲ ခ်စ္ခင္ၾကေတာ့တာပါ။

အကယ္လို႔မ်ား MyanmarNote ပရိသတ္ေတြထဲမွာ ၀၀လင္လင္ေလးအတြဲေတြရွိရင္ တကယ္ခ်စ္တာျဖစ္လို႔ ၀တာေလးကို စိတ္မပ်က္ဘဲ ဆက္ျပီးခ်စ္ၾကပါလို႔ ေျပာၾကားလိုပါတယ္။ (စာၾကြင္း တစ္ဖက္သတ္ခ်စ္ရင္လည္း အခ်စ္ခံရသူက ၀ေနတတ္ပါတယ္။ လိုက္ခ်စ္ရသူက ပိန္ပိန္ေလးေပါ့)

Aung Bwa
Credit:MyanmarNote

[Unicode ဖြင့်ဖတ်ရန်]
တကယ်လို့များ သင်ဟာ RS ရှိနေသူဆိုပါစို့။ သင်နဲ့ သင်ချစ်သူနှစ်ယောက် ချစ်နေကြချိန် တွေ့ကာစကထက် တဖြည်းဖြည်းနဲ့ ဝလာတယ်ဆိုရင် ဂုဏ်ယူလိုက်ပါတော့ ဒါဟာ သင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သေသေချာချာချစ်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီထက်ပိုပြီး ကောင်းလာတဲ့အချက်က ချစ်တာကိုမှ တစ်ယောက်ကြောင့် တစ်ယောက် ပျော်ရွှင်ရတယ်ဆိုရင် ပိုပြီး ဝလာတယ်ဆိုတာပါ။

မြောက်ပိုင်း ကယ်လီဖိုးနီးယားက တက္ကသိုလ်တစ်ခုရဲ့ လေ့လာမှုမှာ လူရှစ်ထောင်ကျော်ကို ပါဝင်စေခဲ့ပါတယ်။ အဲ့အခါမှာ အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ကျပြီး (၅)နှစ်ကနေ (၆)နှစ်အတွင်း (၂၄)ပေါင်တိုးလာပါတယ်။ လက်မထပ်ရသေးတဲ့ အတူနေအမျိုးသမီးက (၂၂)ပေါင် ပျှမ်းမျှတိုးလာပါတယ်။ ဒီအတိုင်း တွဲရုံတွဲတဲ့ သူတွေကတော့ (၁၃)ပေါင်ပဲ တိုးပါသတဲ့။

ယောကျ်ားလေးတွေကတော့ နှစ်နှစ်အတွင်း ရည်းစားနဲ့အတူနေသူတွေဟာ Single တွေထက် အနည်းဆုံး (၂၅)ပေါင်လောက်ပိုများနေပါတယ်တဲ့။ ဒီထက်ပိုမှာပဲ ဖြစ်ပြီး အိမ်ထောင်ရှိသူတွေဆိုရင်တော့ နှစ်ဆလောာက်များမှာပါတဲ့။ ဒါဟာ နှစ်ယောက်သားအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေသူတွေမှာ ရနိုင်တဲ့အချက်ဖြစ်ပြီး ရေရှည်ချစ်ကြသူတွေပဲ ဝိတ်တက်တာကိုတွေ့ရပါတယ်တဲ့။

တစ်ယောက်ကို တစ်ယောက်ချစ်တဲ့ အခါမှာ စိတ်ပျော်ရွှင်အောင်ထားပေးတာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာ၊ အလှအပရေးရာကို ဂရုစိုက်စရာမလိုတော့တာတွေကြောင့် ချစ်ချစ်ခင်ခင်ရှိဖို့ကိုပဲ အာရုံက ရောက်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ လေ့လာမှုကဆိုပါတယ်။

နှစ်တွေကြပေမယ့် တွေ့စကလို ချစ်နေအောင် နေတာတွေ၊ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး စိတ်ပျော်ရွှင်စေတဲ့ အတွဲတွေပဲ ဝိတ်တက်တာလို့ ဆိုပါတယ်။
အစားအသောက်ရေးရာနဲ့ ချစ်ခင်နေဖို့ကပဲ သူတို့အတွက်အရေးကြီးလာတဲ့အတွက် ဝိတ်တက်တာတွေကို ဂရုမစိုက်တော့ဘဲ ချစ်ခင်ကြတော့တာပါ။

အကယ်လို့များ MyanmarNote ပရိသတ်တွေထဲမှာ ၀၀လင်လင်လေးအတွဲတွေရှိရင် တကယ်ချစ်တာဖြစ်လို့ ဝတာလေးကို စိတ်မပျက်ဘဲ ဆက်ပြီးချစ်ကြပါလို့ ပြောကြားလိုပါတယ်။ (စာကြွင်း တစ်ဖက်သတ်ချစ်ရင်လည်း အချစ်ခံရသူက ဝနေတတ်ပါတယ်။ လိုက်ချစ်ရသူက ပိန်ပိန်လေးပေါ့)

Aung Bwa
Credit:MyanmarNote

No comments:

Post a Comment

Post Top Ad

Your Ad Spot