Breaking

Post Top Ad

Your Ad Spot

Sunday 23 December 2018

ခ်စ္သူကို ”အ႐ူးမ” လုုိ ့ေခၚမိတဲ့အတြက္ ေထာင္ ၂ လက်သြားတဲ့ အမ်ဳိးသား

[Zawgyi ျဖင့္ဖတ္ရန္]
ခ်စ္သူစုံတြဲေတြၾကားမွာ စေနာက္ ေခၚဆိုတာေတြ၊ ခိုက္ရန္ျဖစ္ပြားတာေတြ က မဆန္းေပမယ့္ ယူေအအီးႏိုင္ငံက အမ်ိဳးသားတစ္ဦးကေတာ့ သူ႕ခ်စ္သူမိန္း ကေလးကို အ႐ူးမလို႔ ေခၚဆိုမိခဲ့တာ ေၾကာင့္ ေထာင္ဒဏ္ ရက္ ၆၀ ခ်မွတ္ခံရ ၿပီး ဒဏ္ေငြ ဒါရမ္ ၂၀၀၀၀ (ကန္ေဒၚ လာ ၅၄၄၆ ခန္႔) ခ်မွတ္အေရးယူခံလိုက္ ရတယ္လို႔သိရပါတယ္။

အ႐ူးမလို႔ အနက္ အဓိပၸာယ္ရတဲ့ အာရဗီအသုံးအႏႈန္းကို စေနာက္တဲ့အေနနဲ႔ အဆိုပါလူငယ္အမ်ိဳး သားက WhatsApp ကေန စာတိုေရး သားေပးပို႔ခဲ့မိတာျဖစ္ေပမယ့္ သူရဲ႕ခ်စ္ သူမိန္းကေလးကေတာ့ ဒါကိုစေနာက္တဲ့ သေဘာလို႔မမွတ္ယူႏိုင္ဘဲ ေစာ္ကားရန္စ တာလို႔ ယူဆခဲ့တာေၾကာင့္ တရားစြဲဆိုခဲ့ တာျဖစ္ပါတယ္။

ယူေအအီးႏိုင္ငံမွာ တစ္ စုံတစ္ေယာက္ကို ေစာ္ကားတဲ့အဓိပၸာယ္ သက္ေရာက္တဲ့ဘယ္လိုေဖာ္ျပခ်က္ကို မဆို ဆိုရွယ္မီဒီယာကေန ေပးပို႔မိရင္ ဆိုက္ဘာရာဇဝတ္မႈအျဖစ္ သတ္မွတ္ထားတာျဖစ္ၿပီး တရားဥပေဒအရ ျပစ္မႈက်ဴး လြန္သူေတြအေနနဲ႔ ေထာင္ဒဏ္ေရာ၊ ေငြ ဒဏ္ပါ ခ်မွတ္အေရးယူခံရႏိုင္ကာ ေငြ ဒဏ္ကိုလည္း ဒါရမ္ ၁ သန္းထိ (ေဒၚ လာ ၂၇၂၂၉၄ ထိ) ခ်မွတ္အေရးယူခံရႏိုင္တယ္လို႔ သိရပါတယ္။

CREDIT _ သံသာ ( Pyimyanmar )



[Unicode ဖြင့်ဖတ်ရန်]
ချစ်သူစုံတွဲတွေကြားမှာ စနောက် ခေါ်ဆိုတာတွေ၊ ခိုက်ရန်ဖြစ်ပွားတာတွေ က မဆန်းပေမယ့် ယူအေအီးနိုင်ငံက အမျိုးသားတစ်ဦးကတော့ သူ့ချစ်သူမိန်း ကလေးကို အရူးမလို့ ခေါ်ဆိုမိခဲ့တာ ကြောင့် ထောင်ဒဏ် ရက် ၆၀ ချမှတ်ခံရ ပြီး ဒဏ်ငွေ ဒါရမ် ၂၀၀၀၀ (ကန်ဒေါ် လာ ၅၄၄၆ ခန့်) ချမှတ်အရေးယူခံလိုက် ရတယ်လို့သိရပါတယ်။

အရူးမလို့ အနက် အဓိပ္ပာယ်ရတဲ့ အာရဗီအသုံးအနှုန်းကို စနောက်တဲ့အနေနဲ့ အဆိုပါလူငယ်အမျိုး သားက WhatsApp ကနေ စာတိုရေး သားပေးပို့ခဲ့မိတာဖြစ်ပေမယ့် သူရဲ့ချစ် သူမိန်းကလေးကတော့ ဒါကိုစနောက်တဲ့ သဘောလို့မမှတ်ယူနိုင်ဘဲ စော်ကားရန်စ တာလို့ ယူဆခဲ့တာကြောင့် တရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။

ယူအေအီးနိုင်ငံမှာ တစ် စုံတစ်ယောက်ကို စော်ကားတဲ့အဓိပ္ပာယ် သက်ရောက်တဲ့ဘယ်လိုဖော်ပြချက်ကို မဆို ဆိုရှယ်မီဒီယာကနေ ပေးပို့မိရင် ဆိုက်ဘာရာဇဝတ်မှုအဖြစ် သတ်မှတ်ထား တာဖြစ်ပြီး တရားဥပဒေအရ ပြစ်မှုကျူး လွန်သူတွေအနေနဲ့ ထောင်ဒဏ်ရော၊ ငွေ ဒဏ်ပါ ချမှတ်အရေးယူခံရနိုင်ကာ ငွေ ဒဏ်ကိုလည်း ဒါရမ် ၁ သန်းထိ (ဒေါ် လာ ၂၇၂၂၉၄ ထိ) ချမှတ်အရေးယူခံရနိုင် တယ်လို့ သိရပါတယ်။

CREDIT _ သံသာ ( Pyimyanmar )

No comments:

Post a Comment

Post Top Ad

Your Ad Spot