Breaking

Post Top Ad

Your Ad Spot

Sunday 12 August 2018

နည္းပညာေလာကကို ဂယက္ထေစခဲ့တဲ့ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာမေလးတစ္ေယာက္

[Zawgyi]
Mark Zuckerberg စကားတစ္ခြန္း မဟခင္ကတည္းက Facebook ရဲ႕ feature အသစ္ေတြ အၿမဲေပါက္ၾကားေလ့ရိွတာ သိၾကမွာပါ။ ဒါဆိုရင္ေရာ အဲဒီ့ေပါက္ၾကားမႈေတြက ဘယ္ကျဖစ္လာတာလဲ? အေျဖကေတာ့..

Jane Wong ဆိုတာ အသက္ ၂၃ ႏွစ္အရြယ္ ေဆာ့ဖ္ဝဲ အင္ဂ်င္နီယာမေလး တစ္ေယာက္ပါ။ Massachusetts Dartmouth တကၠသိုလ္မွာ အုိင္တီပညာကို တက္ေရာက္ေလ့လာခဲ့တာျဖစ္ၿပီး လက္ရိွမွာေတာ့ ေက်ာင္းခဏနားကာ ေဟာင္ေကာင္မွာ ေနထုိင္လ်က္ရိွပါတယ္။ သူမဟာ ခရီးသြားတာနဲ႔ ဓာတ္ပံုပညာကို စိတ္ဝင္စားတဲ့အျပင္ အျခားကၽြမ္းက်င္မႈေတြကေတာ့ reverse engineering လို႔ေခၚတဲ့ ကြန္ျပဴတာ ပ႐ိုဂရမ္ေတြကို ျပန္ျပင္ဆြဲရတာနဲ႔ coding error ေတြကို ရွာေပးျခင္းတို႔ ျဖစ္ပါတယ္။


Reverse engineering ဆိုတာ ပ႐ိုဂရမ္ရဲ႕ code ေတြကို အစကေန ျပန္ဆြဲၿပီး ပ႐ုိဂရမ္ရဲ႕ အားနည္းခ်က္ေတြကို ရွာတဲ့ နည္းျဖစ္ပါတယ္။ Wong ဟာ ဒီနည္းနဲ႔ နာမည္ႀကီး app ေတြက ဘာေတြကို စမ္းသပ္ေနလဲ ဆိုတာကို အေျဖထုတ္ေလ့ရိွပါတယ္။ Facebook ရဲ႕ Dating feature အေၾကာင္းလည္း သူမဆီကပဲ စေပါက္ၾကားခဲ့တာပါ။ ဒါေပမယ့္ Reverse engineer သမားေတြ မ်ားစြာရိွတဲ့အထဲ Wong ကေတာ့ ဒီအလုပ္နဲ႔ ပိုက္ဆံရွာေနတာ မဟုတ္ဘဲ သူမကို အလုပ္လာအပ္ရင္ေတာင္ ျငင္းလႊတ္တတ္ပါေသးတယ္။ သူမရဲ႕ Twitter မွာ app ေတြရဲ႕ စမ္းသပ္ခ်က္ေတြကို ခဏခဏ ေပါက္ၾကားေအာင္ တင္တတ္ေပမယ့္ ဒီလိုရွာေဖြမႈေတြကိုလည္း သူမက အားလပ္ခ်ိန္မွာသာ လုပ္တတ္တာလို႔ ဆိုပါတယ္။



Wong ဟာ feature အသစ္ေတြကို spoil တတ္တယ္ဆိုေပမယ့္ သူမက သူမ ဝင္စစ္တဲ့ app ေတြမွာ coding error (bug) ေတြကို ေတြ႔တာနဲ႔ bug bounty programs ေတြဆီ ရီပို႔တန္းတင္ၿပီး ေျဖရွင္းပါတယ္။ bug bounty programs ဆိုတာ ကုမၸဏီႀကီးေတြက သူတို႔ရဲ႕ app ေတြရဲ႕ အားနည္းခ်က္ကို ရွာေဖြေပးသူေတြကို ဆုေငြျပန္ထုတ္ေပးတဲ့ အစီအစဥ္ေတြကို ေခၚတာပါ။



လက္ရိွမွာ Wong က ေက်ာင္းသူတစ္ေယာက္သာ ျဖစ္ပါတယ္။ ဘြဲ႔ရၿပီးရင္ေတာ့ reverse-engineers ပိုင္းမွာပဲ အလုပ္လုပ္ခ်င္ေၾကာင္းဆိုပါတယ္။ အခုေတာ့ သူမက ထုိအလုပ္ကို အေပ်ာ္တမ္းလုပ္ေနတာျဖစ္ၿပီး ကုမၸဏီေတြကုိလည္း တစ္ဖက္တစ္လမ္းက အက်ိဳးျပဳသလို feature အသစ္ေတြနဲ႔ပတ္သက္လို႔လည္း အၿမဲေပါက္ၾကားေစတတ္သူ တစ္ေယာက္လည္း ျဖစ္ေနပါတယ္။

Ref: The Next Web

[Unicode]
Mark Zuckerberg စကားတစ်ခွန်း မဟခင်ကတည်းက Facebook ရဲ့ feature အသစ်တွေ အမြဲပေါက်ကြားလေ့ရှိတာ သိကြမှာပါ။ ဒါဆိုရင်ရော အဲဒီ့ပေါက်ကြားမှုတွေက ဘယ်ကဖြစ်လာတာလဲ? အဖြေကတော့..

Jane Wong ဆိုတာ အသက် ၂၃ နှစ်အရွယ် ဆော့ဖ်ဝဲ အင်ဂျင်နီယာမလေး တစ်ယောက်ပါ။ Massachusetts Dartmouth တက္ကသိုလ်မှာ အိုင်တီပညာကို တက်ရောက်လေ့လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းခဏနားကာ ဟောင်ကောင်မှာ နေထိုင်လျက်ရှိပါတယ်။ သူမဟာ ခရီးသွားတာနဲ့ ဓာတ်ပုံပညာကို စိတ်ဝင်စားတဲ့အပြင် အခြားကျွမ်းကျင်မှုတွေကတော့ reverse engineering လို့ခေါ်တဲ့ ကွန်ပြူတာ ပရိုဂရမ်တွေကို ပြန်ပြင်ဆွဲရတာနဲ့ coding error တွေကို ရှာပေးခြင်းတို့ ဖြစ်ပါတယ်။

Reverse engineering ဆိုတာ ပရိုဂရမ်ရဲ့ code တွေကို အစကနေ ပြန်ဆွဲပြီး ပရိုဂရမ်ရဲ့ အားနည်းချက်တွေကို ရှာတဲ့ နည်းဖြစ်ပါတယ်။ Wong ဟာ ဒီနည်းနဲ့ နာမည်ကြီး app တွေက ဘာတွေကို စမ်းသပ်နေလဲ ဆိုတာကို အဖြေထုတ်လေ့ရှိပါတယ်။ Facebook ရဲ့ Dating feature အကြောင်းလည်း သူမဆီကပဲ စပေါက်ကြားခဲ့တာပါ။ ဒါပေမယ့် Reverse engineer သမားတွေ များစွာရှိတဲ့အထဲ Wong ကတော့ ဒီအလုပ်နဲ့ ပိုက်ဆံရှာနေတာ မဟုတ်ဘဲ သူမကို အလုပ်လာအပ်ရင်တောင် ငြင်းလွှတ်တတ်ပါသေးတယ်။ သူမရဲ့ Twitter မှာ app တွေရဲ့ စမ်းသပ်ချက်တွေကို ခဏခဏ ပေါက်ကြားအောင် တင်တတ်ပေမယ့် ဒီလိုရှာဖွေမှုတွေကိုလည်း သူမက အားလပ်ချိန်မှာသာ လုပ်တတ်တာလို့ ဆိုပါတယ်။

Wong ဟာ feature အသစ်တွေကို spoil တတ်တယ်ဆိုပေမယ့် သူမက သူမ ဝင်စစ်တဲ့ app တွေမှာ coding error (bug) တွေကို တွေ့တာနဲ့ bug bounty programs တွေဆီ ရီပို့တန်းတင်ပြီး ဖြေရှင်းပါတယ်။ bug bounty programs ဆိုတာ ကုမ္ပဏီကြီးတွေက သူတို့ရဲ့ app တွေရဲ့ အားနည်းချက်ကို ရှာဖွေပေးသူတွေကို ဆုငွေပြန်ထုတ်ပေးတဲ့ အစီအစဉ်တွေကို ခေါ်တာပါ။

လက်ရှိမှာ Wong က ကျောင်းသူတစ်ယောက်သာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးရင်တော့ reverse-engineers ပိုင်းမှာပဲ အလုပ်လုပ်ချင်ကြောင်းဆိုပါတယ်။ အခုတော့ သူမက ထိုအလုပ်ကို အပျော်တမ်းလုပ်နေတာဖြစ်ပြီး ကုမ္ပဏီတွေကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုသလို feature အသစ်တွေနဲ့ပတ်သက်လို့လည်း အမြဲပေါက်ကြားစေတတ်သူ တစ်ယောက်လည်း ဖြစ်နေပါတယ်။

Ref: The Next Web

No comments:

Post a Comment

Post Top Ad

Your Ad Spot