Breaking

Post Top Ad

Your Ad Spot

Thursday 5 April 2018

အိပ္ရာဝင္ခါနီး ေရွာင္သင့္တဲ့ အခ်က္ ၉ ခ်က္

 

[Zawgyi]
1.အိပ္ရာဝင္ခါနီးေရေသာက္တတ္တဲ့အက်င့္
အေၾကာင္းက အိပ္ရာဝင္ခါနီးေရအမ်ားၾကီးေသာက္ထားရင္ ညသန္းေခါင္သူမ်ားအိပ္ေမာက်ေနတဲ့အခ်ိန္ အိမ္သာကို (2)ခါ (3)ခါ အေျပးအလြွားသြားေနရမွာေၾကာင့္ပါ။


2.ေန့လယ္ေန့ခင္းအိပ္တတ္တဲ့အက်င့္
ေန့လယ္ေန့ခင္းတေရးတေမာအိပ္ထားရင္ ညအိပ္ရာဝင္တဲ့အခ်ိန္ခ်က္ခ်င္းအိပ္ေမာက်နိုင္မွာမဟုတ္လို့ အိပ္ခ်ိန္ကိုပံုမွန္ျဖစ္ေအာင္ျပင္ဆင္ၾကိဳးစားအိပ္သင့္ပါတယ္။ ဒါဆိုရင္ ဦးေနွာက္လည္းေကာင္းေကာင္း အနားယူနိုင္ျပီး  ေခါင္းအံုးေပၚေခါင္းခ်လိုက္တာနဲ့ခ်က္ခ်င္း အိပ္ေပ်ာ္သြားမွာပါ။

3.အိပ္ခါနီးကိုယ့္ေဘးမွာရွိတဲ့အီလက္ထေရာနစ္ပစၥည္းေတြကိုအေဝးဆံုးကိုဖယ္ထားဖို့လိုသလို မအိပ္ေသးခင္ဖုန္း (သို့) ကြန္ပ်ဴတာအနည္းဆံုး 1နာရီေလာက္သံုးမွေက်နပ္တတ္တဲ့အက်င့္ကို ေဖ်ာက္ဖို့လည္းလိုပါတယ္။ ဒါမွမဟုတ္လည္းဖုန္းရဲ့ Brightness ကိုေလ်ွာ့ျပီးသံုးသင့္ပါတယ္။ အေၾကာင္းက ဒီ Brightness က သင့္ဦးေနွာက္ကိုနိုးၾကားေစျပီး အလြယ္တကူအိပ္မေပ်ာ္နိုင္ေစလို့ပါ။

4.တကယ္လို့မ်ား သင္ဟာမအိပ္ခင္စာအုပ္ဖတ္တတ္တဲ့အက်င့္ရွိတယ္ဆိုရင္ေတာ့ ဒီအက်င့္ကိုလံုးဝပယ္ဖို့ျပင္းျပင္းထန္ထန္ကိုအၾကံေပးကန့္ကြက္ပါရေစ။ အိပ္ရာထဲကိုစာအုပ္လံုးဝသယ္မသြားပါနဲ့။ သင္တကယ္ဖတ္ခ်င္တဲ့ဆႏၵရွိရင္ ဒီ့ထက္ေစာေစာဖတ္နိုင္ပါတယ္။


5.လင္းလင္းက်င္းက်င္းရွိတဲ့ခလုတ္ေတြပါတဲ့ နာရီနိုးစက္ေတြဝယ္တာမ်ိဳးကိုလည္းေရွာင္ၾကဥ္သင့္ပါတယ္။ မဟုတ္ရင္ အဲကလာတဲ့စူးရွရွအလင္းေရာင္ေတြက သင့္ရဲ့အိပ္ေပ်ာ္ခ်င္တဲ့စိတ္ကို အေနွာင့္အယွက္ျဖစ္ေစပါတယ္။

6.အိပ္ရာမဝင္ခင္ညစာစားျခင္းဟာလည္း အစာေခ်ျခင္းလုပ္ငန္းစဥ္ျပီးေျမာက္ဖို့ အခ်ိန္ကိုရွည္ၾကာေစတဲ့အတြက္ ဒီအေလ့အက်င့္ကိုလံုးဝေရွာင္ၾကဥ္သင့္ပါတယ္။ အနည္းဆံုးအိပ္ခ်ိန္နဲ့ 2နာရီေလာက္ခြာျပီး စားသင့္ပါတယ္။

7.ေလ့က်င့္ခန္းလုပ္ျခင္းဟာ လန္းဆန္းေစရုံမကအင္အားျပည့္ေစေသာေၾကာင့္ ေန့တိုင္းလိုလိုေလ့က်င့္ခန္းလုပ္သင့္ပါတယ္။ ဒါေပမယ့္ အိပ္ရာဝင္ခါနီးကပ္ျပီး ေလ့က်င့္ခန္းလုပ္တာမ်ိဳးေတာ့ေရွာင္ပါ။

8.ပံုမွန္အိပ္ခ်ိန္မွာ အေကာင္းဆံုးအိပ္စက္နိုင္ဖို့အတြက္ သင့္ဦးေနွာက္ကိုလည္း အေကာင္းဆံုးအနားယူနိုင္ဖို့အဆင္သင့္ျဖစ္ေနေအာင္ ျပင္ဆင္ေပးဖို့လိုပါတယ္။ေရခ်ိဳးခန္းဝင္မယ္။ သြားတိုက္မယ္။ မ်က္နွာသစ္မယ္။ ဒီအရာေတြကေနအစျပဳျပီး သင့္ခႏၶာကိုယ္နဲ့စိတ္အနားယူဖို့အဆင္သင့္ျဖစ္ပါျပီ။

9.တကယ္လို့ သင့္ေျခေထာက္ေတြေအးစက္ေနရင္လည္း ခ်က္ခ်င္းအိပ္မေပ်ာ္နိုင္ပါဘူး။ ဒါေၾကာင့္မအိပ္ခင္ေျခစြပ္ (သို့) အပူခံျပားနဲ့အရင္ေႏြးေထြးေအာင္လုပ္ေပးသင့္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့အခ်က္ေလးေတြဟာ လူတိုင္းအတြက္အမွန္တကယ္သိထားသင့္တဲ့အခ်က္ေလးေတြျဖစ္လို့ ကိုယ့္ခ်စ္သူခင္သူေတြကိုလည္းေဝမ်ွေပးရင္း လက္တို့လိုက္ၾကပါအံုး။ အားလံုးပဲနွစ္နွစ္ျခိဳက္ျခိဳက္အိပ္စက္ေစဖို့ရည္ရြယ္ရင္း မ်ွေဝေပးလိုက္ပါတယ္။

Credit Shwemon

[Unicode]
1.အိပ်ရာဝင်ခါနီးရေသောက်တတ်တဲ့အကျင့်
အကြောင်းက အိပ်ရာဝင်ခါနီးရေအများကြီးသောက်ထားရင် ညသန်းခေါင်သူများအိပ်မောကျနေတဲ့အချိန် အိမ်သာကို (2)ခါ (3)ခါ အပြေးအလွှားသွားနေရမှာကြောင့်ပါ။

2.နေ့လယ်နေ့ခင်းအိပ်တတ်တဲ့အကျင့်
နေ့လယ်နေ့ခင်းတရေးတမောအိပ်ထားရင် ညအိပ်ရာဝင်တဲ့အချိန်ချက်ချင်းအိပ်မောကျနိုင်မှာမဟုတ်လို့ အိပ်ချိန်ကိုပုံမှန်ဖြစ်အောင်ပြင်ဆင်ကြိုးစားအိပ်သင့်ပါတယ်။ ဒါဆိုရင် ဦးနှောက်လည်းကောင်းကောင်း အနားယူနိုင်ပြီး  ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ချက်ချင်း အိပ်ပျော်သွားမှာပါ။

3.အိပ်ခါနီးကိုယ့်ဘေးမှာရှိတဲ့အီလက်ထရောနစ်ပစ္စည်းတွေကိုအဝေးဆုံးကိုဖယ်ထားဖို့လိုသလို မအိပ်သေးခင်ဖုန်း (သို့) ကွန်ပျူတာအနည်းဆုံး 1နာရီလောက်သုံးမှကျေနပ်တတ်တဲ့အကျင့်ကို ဖျောက်ဖို့လည်းလိုပါတယ်။ ဒါမှမဟုတ်လည်းဖုန်းရဲ့ Brightness ကိုလျှော့ပြီးသုံးသင့်ပါတယ်။ အကြောင်းက ဒီ Brightness က သင့်ဦးနှောက်ကိုနိုးကြားစေပြီး အလွယ်တကူအိပ်မပျော်နိုင်စေလို့ပါ။

4.တကယ်လို့များ သင်ဟာမအိပ်ခင်စာအုပ်ဖတ်တတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ဒီအကျင့်ကိုလုံးဝပယ်ဖို့ပြင်းပြင်းထန်ထန်ကိုအကြံပေးကန့်ကွက်ပါရစေ။ အိပ်ရာထဲကိုစာအုပ်လုံးဝသယ်မသွားပါနဲ့။ သင်တကယ်ဖတ်ချင်တဲ့ဆန္ဒရှိရင် ဒီ့ထက်စောစောဖတ်နိုင်ပါတယ်။

5.လင်းလင်းကျင်းကျင်းရှိတဲ့ခလုတ်တွေပါတဲ့ နာရီနိုးစက်တွေဝယ်တာမျိုးကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ မဟုတ်ရင် အဲကလာတဲ့စူးရှရှအလင်းရောင်တွေက သင့်ရဲ့အိပ်ပျော်ချင်တဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

6.အိပ်ရာမဝင်ခင်ညစာစားခြင်းဟာလည်း အစာချေခြင်းလုပ်ငန်းစဉ်ပြီးမြောက်ဖို့ အချိန်ကိုရှည်ကြာစေတဲ့အတွက် ဒီအလေ့အကျင့်ကိုလုံးဝရှောင်ကြဉ်သင့်ပါတယ်။ အနည်းဆုံးအိပ်ချိန်နဲ့ 2နာရီလောက်ခွာပြီး စားသင့်ပါတယ်။

7.လေ့ကျင့်ခန်းလုပ်ခြင်းဟာ လန်းဆန်းစေရုံမကအင်အားပြည့်စေသောကြောင့် နေ့တိုင်းလိုလိုလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒါပေမယ့် အိပ်ရာဝင်ခါနီးကပ်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးတော့ရှောင်ပါ။

8.ပုံမှန်အိပ်ချိန်မှာ အကောင်းဆုံးအိပ်စက်နိုင်ဖို့အတွက် သင့်ဦးနှောက်ကိုလည်း အကောင်းဆုံးအနားယူနိုင်ဖို့အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ရေချိုးခန်းဝင်မယ်။ သွားတိုက်မယ်။ မျက်နှာသစ်မယ်။ ဒီအရာတွေကနေအစပြုပြီး သင့်ခန္ဓာကိုယ်နဲ့စိတ်အနားယူဖို့အဆင်သင့်ဖြစ်ပါပြီ။

9.တကယ်လို့ သင့်ခြေထောက်တွေအေးစက်နေရင်လည်း ချက်ချင်းအိပ်မပျော်နိုင်ပါဘူး။ ဒါကြောင့်မအိပ်ခင်ခြေစွပ် (သို့) အပူခံပြားနဲ့အရင်နွေးထွေးအောင်လုပ်ပေးသင့်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေဟာ လူတိုင်းအတွက်အမှန်တကယ်သိထားသင့်တဲ့အချက်လေးတွေဖြစ်လို့ ကိုယ့်ချစ်သူခင်သူတွေကိုလည်းဝေမျှပေးရင်း လက်တို့လိုက်ကြပါအုံး။ အားလုံးပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေဖို့ရည်ရွယ်ရင်း မျှဝေပေးလိုက်ပါတယ်။
Credit Shwemon

No comments:

Post a Comment

Post Top Ad

Your Ad Spot