Breaking

Post Top Ad

Your Ad Spot

Monday 24 December 2018

ေနမေကာင္းလို႔ ေဆးခန္းသြားျပရာမွ မိန္းမကိုယ္ထဲ လိပ္၀င္ေနတဲ့ အမ်ိဳးသမီးရဲ႕ ျဖစ္ရပ္

[Zawgyi ျဖင့္ဖတ္ရန္]
ထူးထူးဆန္းဆန္းပဲ မိန္းမကိုယ္ထဲမွာ လိပ္ေသတစ္ေကာင္ ၀င္ေနခဲ့တဲ့ ၿဗိတိန္အမ်ိဳးသမီးတစ္ေယာက္ကို စပိန္ႏိုင္ငံ Tenerife ကြ်န္းေပၚက ရဲေတြဟာ စစ္ေဆးေမးျမန္းခဲ့ပါတယ္။ အမည္မသိရတဲ့ ထိုၿဗိတိန္အမ်ိဳးသမီးဟာ သူမရဲ႕ မအဂၤါမွာ နာက်င္တဲ့ေ၀ဒနာကို ခံစားေနရတာေၾကာင့္ ကြ်န္းေတာင္ပိုင္းမွာရွိတဲ့ ေဆးခန္းတစ္ခုကုိ သြားျပခဲ့ပါတယ္။

ဆရာ၀န္ေတြက စစ္ေဆးၾကည့္တဲ့ အခါမွာေတာ့ သူမရဲ႕ မအဂၤါဟာ လိပ္တစ္ေကာင္ေၾကာင့္ ကူးစက္ပိုး၀င္ေနတာကို ေတြ႔ခဲ့ရာကေန ရဲေတြဆီ အေၾကာင္းၾကားခဲ့တာပါ။ ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ၿဗိိတိန္သူငယ္ခ်င္းေတြနဲ႔ အတူ ေသာက္စားေပ်ာ္ပါးခဲ့ၾကေပမယ့္ လိပ္က ဘယ္ကေန ဘယ္လို သူမရဲ႕ မအဂၤါထဲ ၀င္လာတယ္ဆိုတာ မသိေၾကာင္း ထိုအမ်ိဳးသမီးက ဆိုပါတယ္။

လိပ္ရဲ႕ အရြယ္အစားကိုေတာ့ မသိရပါဘူး။ ရဲေတြအေနနဲ႔ အလြယ္တကူ အလွမ္းမမွီႏိုင္တဲ့ မမ်ိဳးပြားအဂၤါထဲ လိပ္ေရာက္ေနတာနဲ႔ ပတ္သက္လို႔ အေတာ္စဥ္းစားရ ၾကပ္ေနၾကပါတယ္။ သူမတက္ေရာက္ခဲ့တဲ့ ေဆးရံုက တာ၀န္ရွိဆရာ၀န္ေတြကေတာ့ လူနာရဲ႕ ပုဂိၢဳလ္ေရးျဖစ္တာေၾကာင့္ အေျဖမေပးလိုၾကဘူးလို႔ သိရပါတယ္။ Spanish daily ABC သတင္းဌာနက ထိုအမ်ိဳးသမီးဟာ Tenerife ကြ်န္းေပၚမွာ ေနထိုင္သူျဖစ္ၿပီး မိန္းမကုိယ္ထဲ ေရာက္ေနတဲ့ လိပ္အေသတစ္ေကာင္ေၾကာင့္ ျပင္းထန္တဲ့ ကူးစက္ပိုး၀င္ေရာက္ခဲ့ေၾကာင္း သတင္းမွန္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ကြ်န္းဆရာ၀န္ေတြရဲ႕ ေျပာျပခ်က္အရ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းကလည္း အမ်ိဳးသမီးေတြရဲ႕ မိန္းမကိုယ္ထဲေန ပစၥည္းေတာ္ေတာ္မ်ားမ်ား ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ မ်ားေသာအားျဖင့္ ခ်ိဳင္းလိမ္းေတာင့္အဖံုး၊ ပုလင္းခြံ နဲ႔ အျခား လိင္ပိုင္းဆိုင္ရာ သာယာမႈေဖြရွာေရး ပစၥည္းေတြျဖစ္တယ္လို႔ သိရပါတယ္။
လင္းလင္း (ShweMom)
Ref: Mirror

[Unicode ဖြင့်ဖတ်ရန်]
ထူးထူးဆန်းဆန်းပဲ မိန်းမကိုယ်ထဲမှာ လိပ်သေတစ်ကောင် ဝင်နေခဲ့တဲ့ ဗြိတိန်အမျိုးသမီးတစ်ယောက်ကို စပိန်နိုင်ငံ Tenerife ကျွန်းပေါ်က ရဲတွေဟာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အမည်မသိရတဲ့ ထိုဗြိတိန်အမျိုးသမီးဟာ သူမရဲ့ မအင်္ဂါမှာ နာကျင်တဲ့ဝေဒနာကို ခံစားနေရတာကြောင့် ကျွန်းတောင်ပိုင်းမှာရှိတဲ့ ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။

ဆရာဝန်တွေက စစ်ဆေးကြည့်တဲ့ အခါမှာတော့ သူမရဲ့ မအင်္ဂါဟာ လိပ်တစ်ကောင်ကြောင့် ကူးစက်ပိုးဝင်နေတာကို တွေ့ခဲ့ရာကနေ ရဲတွေဆီ အကြောင်းကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဗြိတိန်သူငယ်ချင်းတွေနဲ့ အတူ သောက်စားပျော်ပါးခဲ့ကြပေမယ့် လိပ်က ဘယ်ကနေ ဘယ်လို သူမရဲ့ မအင်္ဂါထဲ ဝင်လာတယ်ဆိုတာ မသိကြောင်း ထိုအမျိုးသမီးက ဆိုပါတယ်။

လိပ်ရဲ့ အရွယ်အစားကိုတော့ မသိရပါဘူး။ ရဲတွေအနေနဲ့ အလွယ်တကူ အလှမ်းမမှီနိုင်တဲ့ မမျိုးပွားအင်္ဂါထဲ လိပ်ရောက်နေတာနဲ့ ပတ်သက်လို့ အတော်စဉ်းစားရ ကြပ်နေကြပါတယ်။ သူမတက်ရောက်ခဲ့တဲ့ ဆေးရုံက တာဝန်ရှိဆရာဝန်တွေကတော့ လူနာရဲ့ ပုဂ္ဂိုလ်ရေးဖြစ်တာကြောင့် အဖြေမပေးလိုကြဘူးလို့ သိရပါတယ်။ Spanish daily ABC သတင်းဌာနက ထိုအမျိုးသမီးဟာ Tenerife ကျွန်းပေါ်မှာ နေထိုင်သူဖြစ်ပြီး မိန်းမကိုယ်ထဲ ရောက်နေတဲ့ လိပ်အသေတစ်ကောင်ကြောင့် ပြင်းထန်တဲ့ ကူးစက်ပိုးဝင်ရောက်ခဲ့ကြောင်း သတင်းမှန်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကျွန်းဆရာဝန်တွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ထဲနေ ပစ္စည်းတော်တော်များများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ချိုင်းလိမ်းတောင့်အဖုံး၊ ပုလင်းခွံ နဲ့ အခြား လိင်ပိုင်းဆိုင်ရာ သာယာမှုဖွေရှာရေး ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)
Ref: Mirror

No comments:

Post a Comment

Post Top Ad

Your Ad Spot