Breaking

Post Top Ad

Your Ad Spot

Thursday 16 August 2018

လက္ထဲ ၆၅သိန္းေလာက္ရွိရင္ ကားသစ္စီးႏုိင္ေတာ့မယ္


[Zawgyi]
ေအာက္တုိဘာ၂၅ရက္ေန႔မွာ စေရာင္းမယ္လုိ႔ ေၾကညာထားတဲ့ Swift 2018 ေတြက ကားေစ်းကြက္ကုိ အမ်ားႀကီးေတာ့ ႐ုိက္ခတ္မႈမရွိႏုိင္ေပမယ့္ ၀ယ္ယူမယ့္သူေတြအတြက္ေတာ့ ေရြးခ်ယ္စရာတစ္ခုပုိလာပါၿပီ။


ေငြျဖဴလည္းျပႏုိင္မယ့္သူေတြအတြက္ ကနဦး ၆၅သိန္းေလာက္သြင္းၿပီး တစ္လ ၃သိန္းခြဲေလာက္ကုိ ၅ႏွစ္သြင္း႐ုံနဲ႔ ၀ယ္စီးလုိ႔ရႏုိင္မယ္ဆုိေတာ့ သာမန္လူတန္းစားေတြအတြက္ ဂ်ပန္ကားေဟာင္းေတြထက္စာရင္ ဒါေလးကပုိအဆင္ေျပလာမွာပါ။ ကားသစ္ဆုိေတာ့ ၃ႏွစ္ေလာက္ထိ လွည့္ၾကည့္စရာမလုိတာလည္း အားသာခ်က္ပါပဲ။ဘာလုိ႔ဆုိ သူနဲ႔ဆုိဒ္တူတူေလာက္ျဖစ္မယ့္ Demio Skyactive(YGN) ကုိ ၁၇၀ေလာက္၊ Fit 2013 ရန္ကုန္လုိင္စင္ကုိ ၂၆၀ ေလာက္ေပးေနရခ်ိန္မွာသူက သိန္း၁၉၀ေက်ာ္ေက်ာ္ေလးနဲ႔ ရန္ကုန္လုိင္စင္လည္းရမယ္ဆုိေတာ့ ကားေဟာင္းေစ်းကြက္ကုိေတာ့ မသိမသာ ႐ုိက္ခတ္မယ့္အေနအထားပါ။


ျခြင္းခ်က္တစ္ခုရွိတာကေတာ့ စက္႐ုံက ေအာ္ဒါလုိသေလာက္မထုတ္ေပးႏုိင္ရင္ေတာ့ ဂ်ပန္ကားေဟာင္းသမားေတြအတြက္ ခံသာေနဦးမွာပါပဲ။ ဘယ္လုိေျပာေျပာ သိန္း၂၀၀ ေအာက္နဲ႔ ကားသစ္၀ယ္စီးႏုိင္မယ့္အခြင့္အေရးကုိ Swfit ကေန စဖြင့္ေပးလိုက္ပါၿပီ။
ကိုယ္ကေတာ့ Honda City ေလးေတြ ေမွ်ာ္လင့္ေနမိတယ္။

Chit Bo Bo

[Unicode]
အောက်တိုဘာ၂၅ရက်နေ့မှာ စရောင်းမယ်လို့ ကြေညာထားတဲ့ Swift 2018 တွေက ကားဈေးကွက်ကို အများကြီးတော့ ရိုက်ခတ်မှုမရှိနိုင်ပေမယ့် ဝယ်ယူမယ့်သူတွေအတွက်တော့ ရွေးချယ်စရာတစ်ခုပိုလာပါပြီ။

ငွေဖြူလည်းပြနိုင်မယ့်သူတွေအတွက် ကနဦး ၆၅သိန်းလောက်သွင်းပြီး တစ်လ ၃သိန်းခွဲလောက်ကို ၅နှစ်သွင်းရုံနဲ့ ဝယ်စီးလို့ရနိုင်မယ်ဆိုတော့ သာမန်လူတန်းစားတွေအတွက် ဂျပန်ကားဟောင်းတွေထက်စာရင် ဒါလေးကပိုအဆင်ပြေလာမှာပါ။ ကားသစ်ဆိုတော့ ၃နှစ်လောက်ထိ လှည့်ကြည့်စရာမလိုတာလည်း အားသာချက်ပါပဲ။ဘာလို့ဆို သူနဲ့ဆိုဒ်တူတူလောက်ဖြစ်မယ့် Demio Skyactive(YGN) ကို ၁၇၀လောက်၊ Fit 2013 ရန်ကုန်လိုင်စင်ကို ၂၆၀ လောက်ပေးနေရချိန်မှာသူက သိန်း၁၉၀ကျော်ကျော်လေးနဲ့ ရန်ကုန်လိုင်စင်လည်းရမယ်ဆိုတော့ ကားဟောင်းဈေးကွက်ကိုတော့ မသိမသာ ရိုက်ခတ်မယ့်အနေအထားပါ။
ခြွင်းချက်တစ်ခုရှိတာကတော့ စက်ရုံက အော်ဒါလိုသလောက်မထုတ်ပေးနိုင်ရင်တော့ ဂျပန်ကားဟောင်းသမားတွေအတွက် ခံသာနေဦးမှာပါပဲ။ ဘယ်လိုပြောပြော သိန်း၂၀၀ အောက်နဲ့ ကားသစ်ဝယ်စီးနိုင်မယ့်အခွင့်အရေးကို Swfit ကနေ စဖွင့်ပေးလိုက်ပါပြီ။
ကိုယ်ကတော့ Honda City လေးတွေ မျှော်လင့်နေမိတယ်။

Chit Bo Bo

No comments:

Post a Comment

Post Top Ad

Your Ad Spot