Breaking

Post Top Ad

Your Ad Spot

Wednesday 12 December 2018

ဒီေလာက္အထိခ်စ္ႏိုင္တဲ့ မိန္းကေလးမ်ိဳးကို ပိုင္ဆိုင္ထားရင္ စာနာပါ … တန္ဖိုးထားပါ


မိန္းကေလးေတြဟာ အမ်ားအားျဖင့္ ေပြရႈပ္ခ်င္တဲ့သူေတြ မဟုတ္ပါဘူး။ တစ္ေယာက္တည္းကိုပဲ ခ်စ္ျပီး တစ္ေယာက္တည္းကိုပဲ ေသတပန္သက္တစ္ဆံုး လက္တြဲသြားခ်င္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိုယ္ခ်စ္သေလာက္ ကိုယ္ျပန္အခ်စ္မခံရတဲ့ အခါမွာ၊ ကိုယ့္ကိုယ္ တန္ဖိုးမထားတဲ့အခါ၊

ကိုယ္ခံစားရတာေတြကုိ နားမလည္ေပးတဲ့ အခါေတြမွာေတာ့ ေနာက္တစ္ေယာက္ရဲ႕ရင္ခြင္မွာခိုလႈံဖို႔ စိတ္ပိုင္းျဖတ္တတ္ၾကပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ သင့္အတြက္နဲ႔ မိန္းကေလးတစ္ေယာက္ ဒီလိုခံစားေနရတယ္ဆိုရင္ အဲဒီ့မိန္းကေလးကို စာနာပါ၊ တန္ဖိုးထားပါ။

သူ႔လိုလူ ေနာက္တစ္ေယာက္ ေတြ႕ဖို႔ဆိုတာ ခက္ခဲသြားပါၿပီ။

(၁) အၿမဲတမ္း စိတ္ပူေပးသူ

စိတ္ဆိုတာ လူတစ္ေယာက္ရဲ႕ အရာအားလံုးကို ခ်ဳပ္ကိုင္ထားတဲ့ အရင္းအျမစ္ၾကီးတစ္ခု ျဖစ္ပါတယ္။

စိတ္ပူတယ္ဆိုတာ ဒီအတိုငး္ဆိုရင္ ေပါ့ေပါ့တန္တန္ေလးလို႔ ထင္ရေပမယ့္ ဘယ္ေလာက္ ခံစားရခက္လဲဆိုတာ ၾကံဳဖူးမွသိမွာပါ။

သင့္ကို မိန္းကေလးတစ္ေယာက္က ဖုန္းေတြ အၾကိမ္ၾကိမ္ေခၚထားတယ္၊ စာေတြအမ်ားၾကီး ပို႔ထားတယ္၊ သင့္ကို ဆက္သြယ္ဖို႔ သည္းႀကီးမည္းႀကီး ႀကိဳးစားခဲ့တယ္ဆိုရင္ သင့္ကို အရမး္စိတ္ပူလို႔ပါ။

လူတိုင္းက ကုိယ့္အလုပ္နဲ႔ကိုယ္ မအားလို႔ သင့္ကို ေခါင္းထဲေတာင္ထည့္ဖို႔အခ်ိန္မရွိေပမယ့္ သင့္ကို ခ်စ္တဲ့မိန္းကေလးကေတာ့ သူဘယ္ေလာက္အလုပ္မ်ားေနပါေစ၊

အျမဲတမး္ စိတ္ပူေပးတဲ့သူ၊ ဆက္သြယ္တဲ့သူျဖစ္ပါတယ္။ ဒီလိုမိန္းကေလးမ်ိဳးကို စာနာပါ၊ တန္ဖိုးထားပါ။

(၂) သင့္ဦးေဆာင္ရာေနာက္ လိုက္မယ့္သူ

လူတိုင္းမွာ လြတ္လပ္ပိုင္ခြင့္ အျပည့္ရွိပါတယ္။ အရာရာတိုင္းကုိ ကိုယ္တိုင္ဆံုးျဖတ္ႏိုင္တယ္၊ ကိုယ္တိုင္ေရြးခ်ယ္ပိုင္ခြင့္ရွိပါတယ္။

ဒါေပမယ့္ သင့္ရဲ႕ဆံုးျဖတ္ခ်က္ဟာ သူ႔ဆံုးျဖတ္ခ်က္ပါ၊ သင့္ရဲ႕အၾကိဳက္ဟာ သူ႕အၾကိဳက္၊ သင့္ဦးေဆာင္ရာတိုင္းကို လိုက္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ မိန္းကေလးဟာ သင့္ကို အသည္းေပါက္မတတ္ ခ်စ္တဲ့သူပါ။

သူ႔ရဲ႕ မာန္မာနအားလံုုးကို ခဝါခ်ျပီး သင့္ကုိ အာဏာကုန္ လႊဲေပးထားတယ္ဆိုတာ သူ႔ကသင့္ေလာက္ ဥာဏ္ရည္မမီလို႔ မဟုတ္ပါဘူး။

သူကိုယ္သူထက္ သင့္ကိုခ်စ္လို႔ပါ။ ဒါေၾကာင့္ ဒီလိုမိန္းကေလးကို စာနာပါ၊ တန္ဖိုးထားပါ။

(၃) သင့္ကိုစြန္႔ခြာမသြားသူ

ဘာအေၾကာင္းနဲ႔မွ သင့္ကို စြန္႔ခြာမသြားသူဟာ သင့္ကိုတကယ္ခ်စ္တဲ့သူပါ။

သင္ဟာ အိမ္ေျခယာမဲ့တစ္ေယာက္၊ ဝင္ေငြ မရွိသူတစ္ေယာက္၊ မက္ေလာက္စရာ ဘာမွမရွိသူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္မယ္။

ဒါေပမယ့္ သူ႔ကိုသင္ ခ်စ္ေနသေရြ႕သင့္ကို ဘယ္ေတာ့မွ စြန္႔ခြာသြားမယ့္သူ မဟုတ္ပါဘူး။

သင့္ကို အားေပးစကားေတြ ေျပာေပးမယ္၊ တတ္ႏိုင္သေလာက္ေလးကူညီမယ္၊ သက့္ဘက္မွာအၿမဲရွိေနတယ္ဆိုရင္ သင့္ကို ေမွ်ာ္လင့္ခ်က္ေတြမပါဘဲ ခ်စ္တဲ့သူပါ။

ဒါေၾကာင့္ ဒီလိုမိန္းကေလးမ်ိဳးကို စာနာပါ၊ တန္ဖိုးထားပါ။

(၄) သင့္ကိုပဲ ေရြးခ်ယ္သူ

မိန္းကေလးတစ္ေယာက္ရဲ႕ ဘဝမွာ အခ်စ္ေရးနဲ႔ပတ္သက္ရင္ ေရြးခ်ယ္မႈက အရမး္ကို အေရးၾကီးပါတယ္။

အေရြးမွားသြားရင္ ဘဝတစ္ခုလံုး စုတ္ျပတ္သြားႏိုင္ေလာက္တဲ့အထိကုိ အႏၱရာယ္ႀကီးပါတယ္။

ပန္းအနားမွာ လိပ္ျပာေတြ ဝဲေနစၿမဲမုိ႔ မိန္းကေလးတစ္ေယာက္အနားမွာလည္း သူ႔ကို ခ်စ္တဲ့သူေတြ တစ္ေယာက္မက ရွိကိုရွိေနပါတယ္။

ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ဟာ သင့္ထက္သာတဲ့သူ ဘယ္ေလာက္ရွိရွိ၊ ေရြးခ်ယ္စရာ ဘယ္ေလာက္မ်ားမ်ား သူ႔ရဲ႕ေရြးခ်ယ္မႈဟာ

သင္တစ္ေယာက္တည္းပဲ ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီလိုမိန္းကေလးကို စာနာပါ၊ တန္ဖိုးထားပါ။ သူ႔လိုမိန္းကေလးမ်ိဳးထပ္ေတြ႕ဖို႔ဆိုတာ ေတာ္ေတာ္ကိုရွားပါတယ္။

(၅) သစၥာရွိသူ

သင့္အေပၚမွာ သစၥာရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာ အရာအားလံုးထက္ တန္ဖိုးရွိပါတယ္။ သင္နဲ႔နီးရာမွာျဖစ္ေစ၊

ေဝးရာမွာျဖစ္ေစ သင့္ကို ဘယ္ေတာ့မွ သစၥာမေဖာက္၊ မေျပာင္းမလဲပဲခ်စ္ေနတဲ့ မိန္းကေလးမ်ိဳးကို စာနာပါ၊ တန္ဖိုးထားပါ။

သင့္အတြက္နဲ႔ အထီးက်န္မႈ၊ လြမး္ေဆြးမႈ၊ နာက်င္မႈေတြကို မညည္းမညဴ သည္းခံေပးျပီး သင္နဲ႔ျပန္ဆံုမယ့္အခ်ိန္ကုိ သစၥာရွိရွိေစာင့္ေနေပးတဲ့ မိနး္ကေလးမ်ိဳးဟာ တန္ဖိုးျဖတ္လို႔မရတဲ့ အရာေတြထဲမွာပါပါတယ္။

Credit: Em Em(Auntymay)

Unicode >>>

မိန်းကလေးတွေဟာ အများအားဖြင့် ပွေရှုပ်ချင်တဲ့သူတွေ မဟုတ်ပါဘူး။ တစ်ယောက်တည်းကိုပဲ ချစ်ပြီး တစ်ယောက်တည်းကိုပဲ သေတပန်သက်တစ်ဆုံး လက်တွဲသွားချင်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ချစ်သလောက် ကိုယ်ပြန်အချစ်မခံရတဲ့ အခါမှာ၊ ကိုယ့်ကိုယ် တန်ဖိုးမထားတဲ့အခါ၊

ကိုယ်ခံစားရတာတွေကို နားမလည်ပေးတဲ့ အခါတွေမှာတော့ နောက်တစ်ယောက်ရဲ့ရင်ခွင်မှာခိုလှုံဖို့ စိတ်ပိုင်းဖြတ်တတ်ကြပါတယ်။

ခုဖော်ပြပေးမှာကတော့ သင့်အတွက်နဲ့ မိန်းကလေးတစ်ယောက် ဒီလိုခံစားနေရတယ်ဆိုရင် အဲဒီ့မိန်းကလေးကို စာနာပါ၊ တန်ဖိုးထားပါ။

သူ့လိုလူ နောက်တစ်ယောက် တွေ့ဖို့ဆိုတာ ခက်ခဲသွားပါပြီ။

(၁) အမြဲတမ်း စိတ်ပူပေးသူ

စိတ်ဆိုတာ လူတစ်ယောက်ရဲ့ အရာအားလုံးကို ချုပ်ကိုင်ထားတဲ့ အရင်းအမြစ်ကြီးတစ်ခု ဖြစ်ပါတယ်။

စိတ်ပူတယ်ဆိုတာ ဒီအတိုငး်ဆိုရင် ပေါ့ပေါ့တန်တန်လေးလို့ ထင်ရပေမယ့် ဘယ်လောက် ခံစားရခက်လဲဆိုတာ ကြုံဖူးမှသိမှာပါ။

သင့်ကို မိန်းကလေးတစ်ယောက်က ဖုန်းတွေ အကြိမ်ကြိမ်ခေါ်ထားတယ်၊ စာတွေအများကြီး ပို့ထားတယ်၊ သင့်ကို ဆက်သွယ်ဖို့ သည်းကြီးမည်းကြီး ကြိုးစားခဲ့တယ်ဆိုရင် သင့်ကို အရမး်စိတ်ပူလို့ပါ။

လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ် မအားလို့ သင့်ကို ခေါင်းထဲတောင်ထည့်ဖို့အချိန်မရှိပေမယ့် သင့်ကို ချစ်တဲ့မိန်းကလေးကတော့ သူဘယ်လောက်အလုပ်များနေပါစေ၊

အမြဲတမး် စိတ်ပူပေးတဲ့သူ၊ ဆက်သွယ်တဲ့သူဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးကို စာနာပါ၊ တန်ဖိုးထားပါ။

(၂) သင့်ဦးဆောင်ရာနောက် လိုက်မယ့်သူ

လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် အပြည့်ရှိပါတယ်။ အရာရာတိုင်းကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်၊ ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့် သင့်ရဲ့ဆုံးဖြတ်ချက်ဟာ သူ့ဆုံးဖြတ်ချက်ပါ၊ သင့်ရဲ့အကြိုက်ဟာ သူ့အကြိုက်၊ သင့်ဦးဆောင်ရာတိုင်းကို လိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းကလေးဟာ သင့်ကို အသည်းပေါက်မတတ် ချစ်တဲ့သူပါ။

သူ့ရဲ့ မာန်မာနအားလုံုးကို ခဝါချပြီး သင့်ကို အာဏာကုန် လွှဲပေးထားတယ်ဆိုတာ သူ့ကသင့်လောက် ဉာဏ်ရည်မမီလို့ မဟုတ်ပါဘူး။

သူကိုယ်သူထက် သင့်ကိုချစ်လို့ပါ။ ဒါကြောင့် ဒီလိုမိန်းကလေးကို စာနာပါ၊ တန်ဖိုးထားပါ။

(၃) သင့်ကိုစွန့်ခွာမသွားသူ

ဘာအကြောင်းနဲ့မှ သင့်ကို စွန့်ခွာမသွားသူဟာ သင့်ကိုတကယ်ချစ်တဲ့သူပါ။

သင်ဟာ အိမ်ခြေယာမဲ့တစ်ယောက်၊ ဝင်ငွေ မရှိသူတစ်ယောက်၊ မက်လောက်စရာ ဘာမှမရှိသူတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်။

ဒါပေမယ့် သူ့ကိုသင် ချစ်နေသရွေ့သင့်ကို ဘယ်တော့မှ စွန့်ခွာသွားမယ့်သူ မဟုတ်ပါဘူး။

သင့်ကို အားပေးစကားတွေ ပြောပေးမယ်၊ တတ်နိုင်သလောက်လေးကူညီမယ်၊ သက့်ဘက်မှာအမြဲရှိနေတယ်ဆိုရင် သင့်ကို မျှော်လင့်ချက်တွေမပါဘဲ ချစ်တဲ့သူပါ။

ဒါကြောင့် ဒီလိုမိန်းကလေးမျိုးကို စာနာပါ၊ တန်ဖိုးထားပါ။

(၄) သင့်ကိုပဲ ရွေးချယ်သူ

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ အချစ်ရေးနဲ့ပတ်သက်ရင် ရွေးချယ်မှုက အရမး်ကို အရေးကြီးပါတယ်။

အရွေးမှားသွားရင် ဘဝတစ်ခုလုံး စုတ်ပြတ်သွားနိုင်လောက်တဲ့အထိကို အန္တရာယ်ကြီးပါတယ်။

ပန်းအနားမှာ လိပ်ပြာတွေ ဝဲနေစမြဲမို့ မိန်းကလေးတစ်ယောက်အနားမှာလည်း သူ့ကို ချစ်တဲ့သူတွေ တစ်ယောက်မက ရှိကိုရှိနေပါတယ်။

ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ သင့်ထက်သာတဲ့သူ ဘယ်လောက်ရှိရှိ၊ ရွေးချယ်စရာ ဘယ်လောက်များများ သူ့ရဲ့ရွေးချယ်မှုဟာ

သင်တစ်ယောက်တည်းပဲ ဖြစ်နေတယ်ဆိုရင်တော့ ဒီလိုမိန်းကလေးကို စာနာပါ၊ တန်ဖိုးထားပါ။ သူ့လိုမိန်းကလေးမျိုးထပ်တွေ့ဖို့ဆိုတာ တော်တော်ကိုရှားပါတယ်။

(၅) သစ္စာရှိသူ

သင့်အပေါ်မှာ သစ္စာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ အရာအားလုံးထက် တန်ဖိုးရှိပါတယ်။ သင်နဲ့နီးရာမှာဖြစ်စေ၊

ဝေးရာမှာဖြစ်စေ သင့်ကို ဘယ်တော့မှ သစ္စာမဖောက်၊ မပြောင်းမလဲပဲချစ်နေတဲ့ မိန်းကလေးမျိုးကို စာနာပါ၊ တန်ဖိုးထားပါ။

သင့်အတွက်နဲ့ အထီးကျန်မှု၊ လွမး်ဆွေးမှု၊ နာကျင်မှုတွေကို မညည်းမညူ သည်းခံပေးပြီး သင်နဲ့ပြန်ဆုံမယ့်အချိန်ကို သစ္စာရှိရှိစောင့်နေပေးတဲ့ မိနး်ကလေးမျိုးဟာ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေထဲမှာပါပါတယ်။

Credit: Em Em(Auntymay)

No comments:

Post a Comment

Post Top Ad

Your Ad Spot