Breaking

Post Top Ad

Your Ad Spot

Sunday 18 November 2018

သမီးေလး ျမမိုးဂဂၤါနဲ႔ ဆက္ဆံေရးကိုေျပာျပလာတဲ့ ဖခင္ျဖစ္သူ ဘုဏ္းသုိက္


[Zawgyi]
အဆိုေတာ္ ခ်မ္းခ်မ္းနဲ႔ ဒါ႐ိုက္တာ ဘုဏ္းသိုက္တို႔ ႏွစ္ဦးဟာ တရားဝင္ ကြာရွင္းထားၾကေပမယ့္ သမီးျဖစ္သူ ျမမိုးဂဂၤါနဲ႔ ဆက္ဆံေရးဟာေတာ့ တျခားအေဖေတြလိုပါပဲလို႔ ဘုဏ္းသိုက္ကေျပာပါတယ္။ “သမီးနဲ႔ ဆက္ဆံေရးကေတာ့ တျခား သားအဖေတြလိုပါပဲ။ ေပ်ာ္စရာ ေကာင္းတယ္။ တျခားလူေတြ လိုပါပဲ။ တာဝန္ယူမႈကလည္း တျခားအေဖ၊ အေမေတြ ယူသလိုမ်ိဳး တာဝန္ယူမႈမ်ိဳးပါပဲ။ က်ေနာ္နဲ သူနဲ႔ၾကားမွာ ထူးျခားတဲ့ဟာမ်ိဳးႀကီး မရွိပါဘူး။ အဓိကက သားသမီးအတြက္ မိဘတေယာက္က တာဝန္ယူရတာက အျပည့္ေပးဖို႔ စဥ္းစားေနတဲ့သူေတြႀကီးပါပဲ” လို႔ ဘုဏ္းသိုက္က ေျပာပါတယ္။




သမီးေလးကေတာ့ မိခင္ျဖစ္သူ အဆိုေတာ္ခ်မ္းခ်မ္းနဲ႔ အတူတကြ ေနထိုင္လ်က္ ရွိပါတယ္။ ဘုဏ္းသိုက္ကေတာ့ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ဖန္တီးထားၿပီး မၾကာခင္မွာလည္း သူ႐ိုက္ကူးထားတဲ့ “ေလာဘႏြံ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကား ျပသဖို႔ရွိတယ္လို႔ ေျပာပါတယ္။ “က်ေနာ္က ေလာေလာဆယ္ “စားက်က္” ကို Post Production လုပ္ေနတယ္။ ၿပီးေတာ့ ဖားကန႔္မွာ သြား႐ိုက္ထားတဲ့ ေလာဘႏြံဆိုတဲ့ကား အဲဒီကားလည္း ကိုလူမင္းရယ္ က်ေနာ္ရယ္ ေအးျမတ္သူရယ္ေပါ့။ အဲဒီကားေလးလည္း ျပေတာ့မယ္ ထင္တယ္။ က်န္တာကေတာ့ က်ေနာ္အခု ဇာတ္ၫႊန္းတခု ေရးေနတယ္။ အဲဒါကေတာ့ ေနာက္မွပဲ ေျပာေတာ့မယ္။ ကိုလူမင္းနဲ႔ပဲ တြဲၿပီး လုပ္ေနတာေပါ့” လို႔ ဒါ႐ိုက္တာ ဘုဏ္းသိုက္က ေျပာပါတယ္။



“စားက်က္” ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ဘုဏ္းသိုက္အေနနဲ႔ ဇာတ္လမ္း၊ ဇာတ္ၫႊန္း၊ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္အေနနဲ႔ တာဝန္ယူခဲ့ၿပီး အဲဒီလိုတာဝန္ယူဖို႔အတြက္ အမ်ားႀကီးျပင္ဆင္ခဲ့တာေၾကာင့္ အခက္အခဲ ႀကီးႀကီးမားမား မရွိခဲ့ဘူးလို႔ ေျပာပါတယ္။ “စားက်က္က ဇာတ္လမ္း၊ ဇာတ္ၫႊန္း၊ ဒါ႐ိုက္တာရယ္ သ႐ုပ္ေဆာင္ရယ္ေပါ့။ တာဝန္ႀကီးတာေတာ့ အမွန္ပဲေပါ့ေနာ္။ ဒီကား မ႐ိုက္ခင္ကဆို ကိုသားညီဆိုရင္ က်ေနာ့္ကို Message ကေန ဒီလိုတာဝန္ႀကီးတဲ့ဟာကို လုပ္ေနတဲ့အတြက္ စိတ္ပူတဲ့အေၾကာင္း၊ ယုံလည္းယုံတဲ့အေၾကာင္း လွမ္းေျပာတယ္”

“အဲဒီ မတိုင္ခင္ကတည္းက က်ေနာ္ မ႐ိုက္ခင္ ၈ လေပါ့။ ဇာတ္ၫႊန္းပိုင္းကို ျပင္ဆင္တာ ၆လေပါ့။ ၂ လေလာက္ အလိုမွာလည္း က်ေနာ့္ DOP က အေမရိကားမွာေနေတာ့ Messenger ကေနၿပီးေတာ့ ဘယ္အခန္းကို ဘယ္ကင္မရာနဲ႔ ႐ိုက္ၾကမယ္ေပါ့။ အဲဒီလိုေတြ မ႐ိုက္ခင္မွာ က်ေနာ္တို႔က Pre Production ကို ေသခ်ာ လုပ္ထားတယ္” “Pre Production ဒီဇိုင္နာေတြကလည္း ကူေပးေတာ့ ဖိအားမ်ားတယ္ဆိုေပမယ့္ အဲဒီဖိအားက က်ေနာ္ကိုယ္တိုင္ ေသခ်ာျပင္ဆင္ၿပီး ယူထားတဲ့ ဖိအားျဖစ္တဲ့အတြက္ ဘာမွအခက္အခဲ မျဖစ္ပါဘူး” လို႔ ဘုဏ္းသိုက္က ေျပာပါတယ္။ အဲဒီ “စားက်က္” ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ ႏိုင္းႏိုင္း၊ မင္းဦး၊ ဘုဏ္းသိုက္နဲ႔ သက္မြန္ျမင့္ အစရွိတဲ့ သ႐ုပ္ေဆာင္မ်ားက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။



Credit-The Irrawaddy Lifestyle

[Unicode]
အဆိုတော် ချမ်းချမ်းနဲ့ ဒါရိုက်တာ ဘုဏ်းသိုက်တို့ နှစ်ဦးဟာ တရားဝင် ကွာရှင်းထားကြပေမယ့် သမီးဖြစ်သူ မြမိုးဂင်္ဂါနဲ့ ဆက်ဆံရေးဟာတော့ တခြားအဖေတွေလိုပါပဲလို့ ဘုဏ်းသိုက်ကပြောပါတယ်။ “သမီးနဲ့ ဆက်ဆံရေးကတော့ တခြား သားအဖတွေလိုပါပဲ။ ပျော်စရာ ကောင်းတယ်။ တခြားလူတွေ လိုပါပဲ။ တာဝန်ယူမှုကလည်း တခြားအဖေ၊ အမေတွေ ယူသလိုမျိုး တာဝန်ယူမှုမျိုးပါပဲ။ ကျနော်နဲ သူနဲ့ကြားမှာ ထူးခြားတဲ့ဟာမျိုးကြီး မရှိပါဘူး။ အဓိကက သားသမီးအတွက် မိဘတယောက်က တာဝန်ယူရတာက အပြည့်ပေးဖို့ စဉ်းစားနေတဲ့သူတွေကြီးပါပဲ” လို့ ဘုဏ်းသိုက်က ပြောပါတယ်။


သမီးလေးကတော့ မိခင်ဖြစ်သူ အဆိုတော်ချမ်းချမ်းနဲ့ အတူတကွ နေထိုင်လျက် ရှိပါတယ်။ ဘုဏ်းသိုက်ကတော့ ရုပ်ရှင်ဇာတ်ကားများကို ဖန်တီးထားပြီး မကြာခင်မှာလည်း သူရိုက်ကူးထားတဲ့ “လောဘနွံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ပြသဖို့ရှိတယ်လို့ ပြောပါတယ်။ “ကျနော်က လောလောဆယ် “စားကျက်” ကို Post Production လုပ်နေတယ်။ ပြီးတော့ ဖားကန့်မှာ သွားရိုက်ထားတဲ့ လောဘနွံဆိုတဲ့ကား အဲဒီကားလည်း ကိုလူမင်းရယ် ကျနော်ရယ် အေးမြတ်သူရယ်ပေါ့။ အဲဒီကားလေးလည်း ပြတော့မယ် ထင်တယ်။ ကျန်တာကတော့ ကျနော်အခု ဇာတ်ညွှန်းတခု ရေးနေတယ်။ အဲဒါကတော့ နောက်မှပဲ ပြောတော့မယ်။ ကိုလူမင်းနဲ့ပဲ တွဲပြီး လုပ်နေတာပေါ့” လို့ ဒါရိုက်တာ ဘုဏ်းသိုက်က ပြောပါတယ်။

“စားကျက်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဘုဏ်းသိုက်အနေနဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်အနေနဲ့ တာဝန်ယူခဲ့ပြီး အဲဒီလိုတာဝန်ယူဖို့အတွက် အများကြီးပြင်ဆင်ခဲ့တာကြောင့် အခက်အခဲ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ပြောပါတယ်။ “စားကျက်က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာရယ် သရုပ်ဆောင်ရယ်ပေါ့။ တာဝန်ကြီးတာတော့ အမှန်ပဲပေါ့နော်။ ဒီကား မရိုက်ခင်ကဆို ကိုသားညီဆိုရင် ကျနော့်ကို Message ကနေ ဒီလိုတာဝန်ကြီးတဲ့ဟာကို လုပ်နေတဲ့အတွက် စိတ်ပူတဲ့အကြောင်း၊ ယုံလည်းယုံတဲ့အကြောင်း လှမ်းပြောတယ်”

“အဲဒီ မတိုင်ခင်ကတည်းက ကျနော် မရိုက်ခင် ၈ လပေါ့။ ဇာတ်ညွှန်းပိုင်းကို ပြင်ဆင်တာ ၆လပေါ့။ ၂ လလောက် အလိုမှာလည်း ကျနော့် DOP က အမေရိကားမှာနေတော့ Messenger ကနေပြီးတော့ ဘယ်အခန်းကို ဘယ်ကင်မရာနဲ့ ရိုက်ကြမယ်ပေါ့။ အဲဒီလိုတွေ မရိုက်ခင်မှာ ကျနော်တို့က Pre Production ကို သေချာ လုပ်ထားတယ်” “Pre Production ဒီဇိုင်နာတွေကလည်း ကူပေးတော့ ဖိအားများတယ်ဆိုပေမယ့် အဲဒီဖိအားက ကျနော်ကိုယ်တိုင် သေချာပြင်ဆင်ပြီး ယူထားတဲ့ ဖိအားဖြစ်တဲ့အတွက် ဘာမှအခက်အခဲ မဖြစ်ပါဘူး” လို့ ဘုဏ်းသိုက်က ပြောပါတယ်။ အဲဒီ “စားကျက်” ရုပ်ရှင်ဇာတ်ကားမှာတော့ နိုင်းနိုင်း၊ မင်းဦး၊ ဘုဏ်းသိုက်နဲ့ သက်မွန်မြင့် အစရှိတဲ့ သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Credit-The Irrawaddy Lifestyle

No comments:

Post a Comment

Post Top Ad

Your Ad Spot