[Zawgyi]
ကြၽန္ေတာ္တို႔ုျမန္မာႏိုင္ငံရဲ့ လူေနထူထပ္တဲ့ျမိဳ႕ျပေတြမွာ လမ္းေဘးေခြး ျပႆနာဟာ
တစ္ေန႔တစ္ျခားႀကီးမားလာၿပီး လူေျပာမ်ားလို႔လာပါတယ္။ ကြၽန္ေတာ္တို႔ျမန္မာတစ္နိုင္ငံလံုးမွာ
လမ္းေဘးေခြးေကာင္ေရ ေလးသန္းေလာက္႐ွိၿပီး ၎တို႕ထဲက ၇၅% မွာ ေခြး႐ူးျပန္ေရာဂါ႐ွိေနတယ္လို႔
သိရပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ေခြးရူးျပန္ေရာဂါေၾကာင့္ ေသဆံုးရသူေပါင္းမွာ ပ်မ္းမ်ွအားျဖင့္ ႏွစ္စဥ္
(၂၅,၀၀၀) ခန္႔ရွိျပီး အမ်ားစုဟာအသက္ဆယ္နွစ္ေအာက္ ကေလးသူငယ္ေတြျဖစ္ၾကပါတယ္။
ဒါတင္မကေသးပါဘူး။ ျမန္မာနိုင္ငံဟာ ကမာၻေပၚမွာ ေခြးရူးေရာဂါေၾကာင့္ ေသဆံုးသူဦးေရ ဒုတိယ
အမ်ားဆံုးျဖစ္ေနတဲ့ ႏိုင္ငံတစ္နိုင္ငံျဖစ္လို့ေနပါတယ္။ လြန္ခဲ့တဲ့ဆယ္စုနွစ္ေတြကတည္းက သက္ဆိုင္ရာ
ျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီေတြဟာ လမ္းေဘးေခြးေတြကို သက္ဆိုင္ရာကအဆိပ္ေကြၽးၿပီး
သုတ္သင္႐ွင္းလင္းတဲ့နည္းလမ္းကို အရင္ကျပဳလုပ္ခဲ့ေပမယ့္လည္း တိရစာၦန္ခ်စ္သူေတြရဲ႕
ဆူပူဆႏၵျပမႈေတြေၾကာင့္ အခုေနာက္ပိုင္းမွာရပ္တန္႔သြားတာကိုေတြ႔ရပါတယ္။ ဒါေၾကာင့္
လမ္းေဘးေခြးျပႆနာမွာ ေခြးခၽစ္သူေတြကတစ္ဘက္ လမ္းေဘးေခြးေတြကို
သုတ္သင္႐ွင္းလင္းခ်င္သူေတြကတစ္ဘက္ အျငင္းပြားလို႔ေနၾကပါတယ္။
ေခြးခ်စ္သူလို႔ သူတို႔ကိုယ္သူတို႔ သတ္မွတ္ထားတဲ့သူေတြဟာ သူတို႔အိမ္ေတြက စားႂကြင္းစားက်န္ေတြကို
လမ္းေဘးေခြးေတြကို ေကြၽးေမြးေလ့႐ွိၾကပါတယ္။ ဒါေပမယ့္လည္း သူတို႕အမ်ားစုဟာ စနစ္တက်
ေကြၽးေမြးေလ့မ႐ွိၾကပါဘူး။ မ်ားေသာအားျဖင့္ ႂကြပ္ႂကြပ္အိတ္နဲ႔ထုတ္ေကြၽးေလ့႐ွိၾကပါတယ္။
တစ္ခါတစ္ေလ လမ္းမေတြေပၚမွာ သူတို႔ေကြၽးထားတဲ့ စားႂကြင္းစားက်န္ေတြနဲ႔ ႂကြပ္ႂကြပ္အိတ္ေတြဟာ
ေပပြေနၿပီး အေတာ္ကိုရြံစရာေကာင္းပါတယ္။ ဒါ့အျပင္ ေခြးေတြရဲ႕မစင္ေတြဟာလည္း လမ္းေတြေပၚမွာ
ဟိုတစ္ပံု ဒီတစ္ပံု အျမဲျဖစ္ေနၿပီး အစာေကြၽးတဲ့သူေတြဟာ ဘယ္ေတာ့မွၾကံဳးယူျပီး
သန္႔႐ွင္းေရးလုပ္ေပးေလ့မ႐ွိၾကပါဘူး။ ဒါ့အျပင္ သူတို႔အစာေကြၽးတဲ့ေခြးေတြဟာ တစ္စံုတစ္ေယာက္ကို
ကိုက္သြားတဲ့အခါက်ရင္လည္း ေလ်ာ္ေၾကးေပးတာမ်ိဳးေတြ မ႐ွိတာကိုေတြ႔ရပါတယ္။ ဒါေၾကာင့္
ေခြးခ်စ္သူေတြအေနနဲ႔လည္း သူတို႔သာေခြးေတြကို တကယ္ခ်စ္ၿပီး အသတ္မခံေစခ်င္ရင္
အဲဒီလမ္းေဘးေခြးေတြကို စနစ္တက်အစာေကြၽးၿပီး ေခြး႐ူးေရာဂါေတြ မျဖစ္ပြားေအာင္ ေခြးေတြကို
ကာကြယ္ေဆးထိုးေပးျခင္း၊ မ်ိဳးဆက္ျပန္ပြားျခင္း ေလ်ာ့က်သြားေအာင္ သင္းကြပ္ေပးျခင္းနဲ႔ ပတ္ဝန္းက်င္
သန္႔႐ွင္းေစရန္ ေခြးမစင္ေတြကို ပုံမွန္ၾကံဳးၿပီး သန္႔႐ွင္းေရးလုပ္ေပးတာေတြ ျပဳလုပ္ေပးသင့္ပါတယ္။
လမ္းေဘးေခြးေတြကို သုတ္သင္႐ွင္းလင္းခ်င္သူေတြအေနနဲ႔လည္း ၎တို႔ကိုသုတ္သင္႐ွင္းလင္းတဲ့အခါမွာ
အတတ္ႏိုင္ဆံုး အသက္မေသဆံုးေစမယ့္နည္းလမ္းေတြကို ေရြးခ်ယ္ၿပီးျပဳလုပ္သင့္ပါတယ္။
လမ္းေဘးေခြးေတြဟာလည္း ကမာၻေျမေပၚကသက္႐ွိေတြပါပဲ။ သူတို႔မွာလည္း လြတ္လပ္စြာ
႐ွင္သန္ေနထိုင္ခြင့္႐ွိပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံဟာ ဖြံ႔ၿဖိဳးဆဲႏိုင္ငံ
တစ္ႏိုင္ငံျဖစ္တာေၾကာင့္ တျခားေသာ ဖြံ႔ၿဖိဳးၿပီးႏိုင္ငံေတြလို ေငြေၾကးမ်ားစြာ အကုန္အက်ခံကာ
လမ္းေဘးေခြး ထိန္းသိမ္းေရးကို မျပဳလုပ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ့္အျမင္အရ ေျပာရရင္
လမ္းေဘးေခြးေတြကို ႐ွင္းလင္းခ်င္သူမ်ား၊ ေခြးခ်စ္သူမ်ားနဲ႔ ၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီတို႔
ပူးေပါင္းၿပီး ေခြးေတြအတြက္ေရာ လူေတြအတြက္ပါ အဆင္ေျပေစႏိုင္မယ့္ နည္းလမ္းကို
႐ွာေဖြျပဳလုပ္သင့္တယ္လို႔ ထင္ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ ေခြးခ်စ္တဲ့သူက ခ်စ္ျပီး တျခားအရာ
ဂ႐ုမစိုက္ကာ အစာဘဲေကြၽးေနလို႔မရပါဘူး။ ေခြးခ်စ္သူေတြေရာ ေခြးေတြကို႐ွင္းလင္းခ်င္သူေတြ
ႏွစ္ဘက္စလံုးမွာ သင့္ေလ်ာ္တဲ့ တာဝန္ယူေဆာင္ရြက္မႈေတြ ႐ွိဖို႔ လိုအပ္ပါတယ္။
စာဖတ္သူကေရာ ေခြးခ်စ္သူတေယာက္လား ဒါမွမဟုတ္ လမ္းေဘးေခြးေလေခြးလြင့္ေတြေၾကာင့္
မိဘျပည္သူတုိ႔ အႏၱရာယ္မျဖစ္ေစရန္ ရွင္းလင္းခ်င္သူလား။ စာဖတ္သူအျမင္ေလးကိုလည္း Comment
ေပးသြားပါဦး။
Credit Lunge.media
[Unicode]
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လူနေထူထပ်တဲ့မြို့ပြတွေမှာ လမ်းဘေးခွေး ပြဿနာဟာ
တစ်နေ့တစ်ခြားကြီးမားလာပြီး လူပြောများလို့လာပါတယ်။ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးမှာ
လမ်းဘေးခွေးကောင်ရေ လေးသန်းလောက်ရှိပြီး ၎င်းတို့ထဲက ၇၅% မှာ
ခွေးရူးပြန်ရောဂါရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါကြောင့်
သေဆုံးရသူပေါင်းမှာ ပျမ်းမျှအားဖြင့် နှစ်စဉ် (၂၅,၀၀၀) ခန့်ရှိပြီး
အများစုဟာအသက်ဆယ်နှစ်အောက် ကလေးသူငယ်တွေဖြစ်ကြပါတယ် ။ ဒါတင်မကသေးပါဘူး။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခွေးရူးရောဂါကြောင့် သေဆုံးသူဦးရေ ဒုတိယ အများဆုံးဖြစ်နေတဲ့
နိုင်ငံတစ်နိုင်ငံဖြစ်လို့နေပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သက်ဆိုင်ရာ
မြို့တော်စည်ပင်သာယာရေး ကော်မတီတွေဟာ လမ်းဘေးခွေးတွေကို သက်ဆိုင်ရာကအဆိပ်ကျွေးပြီး
သုတ်သင်ရှင်းလင်းတဲ့နည်းလမ်းကို အရင်ကပြုလုပ်ခဲ့ပေမယ့်လည်း တိရစ္ဆာန်ချစ်သူတွေရဲ့
ဆူပူဆန္ဒပြမှုတွေကြောင့် အခုနောက်ပိုင်းမှာရပ်တန့်သွားတာကိုတွေ့ရပါတယ်။ ဒါကြောင့်
လမ်းဘေးခွေးပြဿနာမှာ ခွေးချစ်သူတွေကတစ်ဘက် လမ်းဘေးခွေးတွေကို
သုတ်သင်ရှင်းလင်းချင်သူတွေကတစ်ဘက် အငြင်းပွားလို့နေကြပါတယ်။
ခွေးချစ်သူလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့သူတွေဟာ သူတို့အိမ်တွေက စားကြွင်းစားကျန်တွေကို
လမ်းဘေးခွေးတွေကို ကျွေးမွေးလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့အများစုဟာ စနစ်တကျ
ကျွေးမွေးလေ့မရှိကြပါဘူး။ များသောအားဖြင့် ကြွပ်ကြွပ်အိတ်နဲ့ထုတ်ကျွေးလေ့ရှိကြပါတယ်။
တစ်ခါတစ်လေ လမ်းမတွေပေါ်မှာ သူတို့ကျွေးထားတဲ့ စားကြွင်းစားကျန်တွေနဲ့ ကြွပ်ကြွပ်အိတ်တွေဟာ
ပေပွနေပြီး အတော်ကိုရွံစရာကောင်းပါတယ်။ ဒါ့အပြင် ခွေးတွေရဲ့မစင်တွေဟာလည်း လမ်းတွေပေါ်မှာ
ဟိုတစ်ပုံ ဒီတစ်ပုံ အမြဲဖြစ်နေပြီး အစာကျွေးတဲ့သူတွေဟာ ဘယ်တော့မှကြုံးယူပြီး
သန့်ရှင်းရေးလုပ်ပေးလေ့မရှိကြပါဘူး။ ဒါ့အပြင် သူတို့အစာကျွေးတဲ့ခွေးတွေဟာ တစ်စုံတစ်ယောက်ကို
ကိုက်သွားတဲ့အခါကျရင်လည်း လျော်ကြေးပေးတာမျိုးတွေ မရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့်
ခွေးချစ်သူတွေအနေနဲ့လည်း သူတို့သာခွေးတွေကို တကယ်ချစ်ပြီး အသတ်မခံစေချင်ရင်
အဲဒီလမ်းဘေးခွေးတွေကို စနစ်တကျအစာကျွေးပြီး ခွေးရူးရောဂါတွေ မဖြစ်ပွားအောင် ခွေးတွေကို
ကာကွယ်ဆေးထိုးပေးခြင်း၊ မျိုးဆက်ပြန်ပွားခြင်း လျော့ကျသွားအောင် သင်းကွပ်ပေးခြင်းနဲ့ ပတ်ဝန်းကျင်
သန့်ရှင်းစေရန် ခွေးမစင်တွေကို ပုံမှန်ကြုံးပြီး သန့်ရှင်းရေးလုပ်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။
လမ်းဘေးခွေးတွေကို သုတ်သင်ရှင်းလင်းချင်သူတွေအနေနဲ့လည်း
၎င်းတို့ကိုသုတ်သင်ရှင်းလင်းတဲ့အခါမှာ အတတ်နိုင်ဆုံး အသက်မသေဆုံးစေမယ့်နည်းလမ်းတွေကို
ရွေးချယ်ပြီးပြုလုပ်သင့်ပါတယ်။ လမ်းဘေးခွေးတွေဟာလည်း ကမ္ဘာမြေပေါ်ကသက်ရှိတွေပါပဲ။
သူတို့မှာလည်း လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တာကြောင့် တခြားသော ဖွံ့ဖြိုးပြီးနိုင်ငံတွေလို
ငွေကြေးများစွာ အကုန်အကျခံကာ လမ်းဘေးခွေး ထိန်းသိမ်းရေးကို မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့်
ကျွန်တော့်အမြင်အရ ပြောရရင် လမ်းဘေးခွေးတွေကို ရှင်းလင်းချင်သူများ၊ ခွေးချစ်သူများနဲ့
မြို့တော်စည်ပင်သာယာကော်မတီတို့ ပူးပေါင်းပြီး ခွေးတွေအတွက်ရော လူတွေအတွက်ပါ
အဆင်ပြေစေနိုင်မယ့် နည်းလမ်းကို ရှာဖွေပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ သေချာတာတစ်ခုကတော့
ခွေးချစ်တဲ့သူက ချစ်ပြီး တခြားအရာ ဂရုမစိုက်ကာ အစာဘဲကျွေးနေလို့မရပါဘူး။ ခွေးချစ်သူတွေရော
ခွေးတွေကိုရှင်းလင်းချင်သူတွေ နှစ်ဘက်စလုံးမှာ သင့်လျော်တဲ့ တာဝန်ယူဆောင်ရွက်မှုတွေ ရှိဖို့
လိုအပ်ပါတယ်။
စာဖတ်သူကရော ခွေးချစ်သူတယောက်လား ဒါမှမဟုတ် လမ်းဘေးခွေးလေခွေးလွင့်တွေကြောင့်
မိဘပြည်သူတို့ အန္တရာယ်မဖြစ်စေရန် ရှင်းလင်းချင်သူလား။ စာဖတ်သူအမြင်လေးကိုလည်း Comment
ပေးသွားပါဦး။
Credit Lunge.media
No comments:
Post a Comment