Breaking

Post Top Ad

Your Ad Spot

Tuesday 27 November 2018

ကၽြန္မကေလးက အရမ္းသိ၊ အရမ္းတတ္တာ ဖုန္းဆိုလည္း သူ႔ဟာသူဖြင့္တတ္တယ္ဆိုၿပီး ဂုဏ္ယူေနတဲ့မိခင္ေတြအတြက္ပါ


[Zawgyi]
ကေလးကို ဖုန္းေပးကိုင္ေတာ့မယ္ဆိုရင္ တေလာက တူေလး ေနမေကာင္းတာနဲ႔ ေက်ာင္းလည္း မတက္ရေတာ့ အခြင့္အေရးယူၿပီး ဖုန္းနဲ႔ ဂိမ္းေဆာ့တယ္ အဲဒီမွာ သိသာတာက မ်က္လံုးတစ္ဖက္က သူ တစ္ခုခုကို အာ႐ံုစိုက္ေနခ်ိန္ဆို နည္းနည္းေစြခ်င္သလိုေလး ျဖစ္သြားတယ္ ဒါေတာင္ သူ ဖ်ားတဲ့၂ ရက္အတြင္းေနာ္။ ေနာက္ပိုင္း ဖုန္းမသံုးရ၊ အိုက္ပက္မကိုင္ရနဲ႔ ဟန္႔လိုက္မွ ပံုမွန္ျပန္ျဖစ္သြားတာ။


 မေန႔က freedytv.com သတင္းမွာ ကေလး ၂ႏွစ္မွာ ဖုန္းေပးသံုးခဲ့မိလို႔ ေနာင္တရေၾကာင္း ဖခင္တစ္ဦးက သူ႔အေတြ႕အႀကံဳကို မွ်ေ၀သတိေပးထားပါတယ္ သူ႔သမီးေလးက အသက္ ႏွစ္ႏွစ္ကတည္းက စမတ္ဖုန္း သံုးခဲ့တာတဲ့။ တျဖည္းျဖည္းနဲ႔ သမီးေလးဟာ ဖုန္းစြဲလမ္းတဲ့ လကၡဏာေတြ ျပလာၿပီး ဖခင္ဟာ သမီးလက္ထဲက ဖုန္းကို ယူလိုက္ရင္ ေဒါသႀကီးလာခဲ့ပါသတဲ့။

ဒီလိုနဲ႔ မ်က္စိအျမင္အာ႐ံုျပႆနာျပလာပါေလေရာ။ သမီးကို မ်က္မွန္တပ္ေပးခဲ့ေပမယ့္ အသက္ ၄ ႏွစ္အရြယ္ ေရာက္ေတာ့ မ်က္စိဆရာ၀န္က သမီးေလးမွာ ပ်င္းတြဲမ်က္စိ လို႔ေခၚတဲ့ မ်က္လံုးတစ္ဖက္ပဲ အလုပ္လုပ္ၿပီး ေနာက္တစ္ဖက္ အလုပ္မလုပ္တဲ့ အျမင္အာ႐ံု ထိခိုက္မႈျဖစ္ေနတယ္၊ ခြဲစိတ္ရမယ္လို႔ ေျပာခဲ့တယ္။



သမီးေလးဟာ ဖုန္းအသံုးမ်ားတဲ့ ရလဒ္အျဖစ္နဲ႔ အျမင္အာ႐ံု ထိခိုက္႐ံုသာမက မ်က္စိေစြေနခဲ့ၿပီ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၃၁ တုန္းက မ်က္စိခြဲစိတ္လိုက္ရတဲ့ သမီးေလးအျဖစ္အပ်က္ကို ျပၿပီး ဖခင္ျဖစ္သူက ကေလးေတြကို ဖုန္း၊ အိုင္ပက္၊ ကြန္ပ်ဴတာ သံုးခြင့္မျပဳဖို႔ တျခားမိဘေတြကို အသိေပး ထားပါတယ္။ ကေလးမိဘအားလံုး ဆင္ျခင္ႏိုင္ေအာင္ မွ်ေ၀ေပးလိုက္ပါတယ္ရွင့္

(ပံုေတြကလည္း အဲဒီသတင္းက ပံုေတြပါ-credit) ZKO-၂၄-၁၁-၂၀၁၈

Crediy: Zun Khaing Oo

[Unicode]
ကလေးကို ဖုန်းပေးကိုင်တော့မယ်ဆိုရင် တလောက တူလေး နေမကောင်းတာနဲ့ ကျောင်းလည်း မတက်ရတော့ အခွင့်အရေးယူပြီး ဖုန်းနဲ့ ဂိမ်းဆော့တယ် အဲဒီမှာ သိသာတာက မျက်လုံးတစ်ဖက်က သူ တစ်ခုခုကို အာရုံစိုက်နေချိန်ဆို နည်းနည်းစွေချင်သလိုလေး ဖြစ်သွားတယ် ဒါတောင် သူ ဖျားတဲ့၂ ရက်အတွင်းနော်။ နောက်ပိုင်း ဖုန်းမသုံးရ၊ အိုက်ပက်မကိုင်ရနဲ့ ဟန့်လိုက်မှ ပုံမှန်ပြန်ဖြစ်သွားတာ။


 မနေ့က freedytv.com သတင်းမှာ ကလေး ၂နှစ်မှာ ဖုန်းပေးသုံးခဲ့မိလို့ နောင်တရကြောင်း ဖခင်တစ်ဦးက သူ့အတွေ့အကြုံကို မျှဝေသတိပေးထားပါတယ် သူ့သမီးလေးက အသက် နှစ်နှစ်ကတည်းက စမတ်ဖုန်း သုံးခဲ့တာတဲ့။ တဖြည်းဖြည်းနဲ့ သမီးလေးဟာ ဖုန်းစွဲလမ်းတဲ့ လက္ခဏာတွေ ပြလာပြီး ဖခင်ဟာ သမီးလက်ထဲက ဖုန်းကို ယူလိုက်ရင် ဒေါသကြီးလာခဲ့ပါသတဲ့။


ဒီလိုနဲ့ မျက်စိအမြင်အာရုံပြဿနာပြလာပါလေရော။ သမီးကို မျက်မှန်တပ်ပေးခဲ့ပေမယ့် အသက် ၄ နှစ်အရွယ် ရောက်တော့ မျက်စိဆရာဝန်က သမီးလေးမှာ ပျင်းတွဲမျက်စိ လို့ခေါ်တဲ့ မျက်လုံးတစ်ဖက်ပဲ အလုပ်လုပ်ပြီး နောက်တစ်ဖက် အလုပ်မလုပ်တဲ့ အမြင်အာရုံ ထိခိုက်မှုဖြစ်နေတယ်၊ ခွဲစိတ်ရမယ်လို့ ပြောခဲ့တယ်။

သမီးလေးဟာ ဖုန်းအသုံးများတဲ့ ရလဒ်အဖြစ်နဲ့ အမြင်အာရုံ ထိခိုက်ရုံသာမက မျက်စိစွေနေခဲ့ပြီ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ တုန်းက မျက်စိခွဲစိတ်လိုက်ရတဲ့ သမီးလေးအဖြစ်အပျက်ကို ပြပြီး ဖခင်ဖြစ်သူက ကလေးတွေကို ဖုန်း၊ အိုင်ပက်၊ ကွန်ပျူတာ သုံးခွင့်မပြုဖို့ တခြားမိဘတွေကို အသိပေး ထားပါတယ်။ ကလေးမိဘအားလုံး ဆင်ခြင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်ရှင့်

(ပုံတွေကလည်း အဲဒီသတင်းက ပုံတွေပါ-credit) ZKO-၂၄-၁၁-၂၀၁၈

Crediy: Zun Khaing Oo

No comments:

Post a Comment

Post Top Ad

Your Ad Spot