Breaking

Post Top Ad

Your Ad Spot

Tuesday 27 November 2018

အမ်ိဳးသမီးတစ္ဦးကို အုတ္ခဲ့ျဖင့္ထုကာ သားမယားျပဳက်င့္သတ္ျဖတ္ၿပီး ေက်ာက္စည္အတြင္း စြန္႔ပစ္ခဲ့သူကို ေဖာ္ထုတ္

 
[Zawgyi]
ေဒးဒရဲၿမိဳ႕တြင္ အမ်ိဳးသမီးတစ္ဦးကို အုတ္ခဲ့ျဖင့္ထုကာ သားမယားျပဳက်င့္သတ္ျဖတ္ခဲ့ၿပီးေနာက္ ေက်ာက္စည္ အတြင္းစြန္႔ပစ္ခဲ့သူကို သက္ဆိုင္ရာက ႏိုဝင္ဘာ ၂၄ ရက္တြင္ ေဖာ္ထုတ္ဖမ္းဆီးခဲ့သည္။

ႏိုဝင္ဘာ ၂၃ ရက္ နံနက္ ၆ နာရီခန္႔တြင္ ဧရာဝတီတိုင္းေဒသႀကီး ေဒးဒရဲၿမိဳ႕နယ္ သံဇင္းအေရွ႕ေက်း႐ြာရွိ စာသင္ေက်ာင္းတစ္ခု၏ အဝီစိတြင္း ေက်ာက္စည္အတြင္းအမ်ိဳးသမီးတစ္ဦး ဦးေခါင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္းသတင္းအရ ေဒးဒရဲၿမိဳ႕မရဲစခန္းမႉးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့သည္။ ေက်ာက္စည္အတြင္း အက်ႌနက္ျပာေရာင္ႏွင့္ အသက္(၂၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးမွာ ဦးေခါင္းစိုက္ေသဆုံးေနသည္ကိုေတြ႕ရသျဖင့္ အေလာင္းကို ေဒးဒရဲျပည္သူေဆး႐ုံႀကီးသို႔ ပို႔အပ္ကာ စစ္ေဆးခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဒးဒရဲၿမိဳ႕မရဲစခန္းက(ပ) ၃၅၅/၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃ဝ၂ အရ အမႈဖြင့္စုံစမ္းခဲ့သည္။

စုံစမ္းခ်က္မ်ားအရ ေသဆုံးသူမွာ ေတာ္ၾကပ္ေက်း႐ြာေန အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးျဖစ္ၿပီး ႏိုဝင္ဘာ ၂၁ ရက္ညပိုင္းတြင္ ေဒးဒရဲၿမိဳ႕(၂) ရပ္ကြက္ေန တိပြား(ခ) ေဇာ္သန္းထြန္း ႏွင့္ က်ိဳက္ေဒးယ်ဳံဘုရားပြဲလိုက္ပါသြားသူျဖစ္ေၾကာင္း သိခဲ့ရသည္။

မိန္းကေလးအသတ္ခံရမႈကို သက္ဆိုင္ရာကမသိရွိခင္ကတည္းက တိပြား(ခ)ေဇာ္သန္းထြန္းဆိုသူကို ဆိုင္ကယ္တစ္စီးျဖင့္ မသကၤာဖြယ္ေတြ႕ရွိရာမွ ႏိုဝင္ဘာ ၂၂ ရက္ညပိုင္းကတည္းက ေဒးဒရဲၿမိဳ႕မရဲစခန္း၌ (ပ)၃၅၃/၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၉/၅၄ ခိုးမႈမသကၤာျဖင့္ ဖမ္းဆီးအမႈဖြင့္ထားၿပီးျဖစ္သည္။ထို႔ေၾကာင့္ ၄င္းကို မိန္းကေလးအသတ္ခံရမႈ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆက္လက္စစ္ေဆးခဲ့သည္။

တိပြား(ခ)ေဇာ္သန္းထြန္းက ႏိုဝင္ဘာ ၂၁ ရက္ညပိုင္းတြင္ ယမန္ေန႔က သိကြၽမ္းခဲ့သည့္ ေတာ္ၾကပ္ေက်း႐ြာေန အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႏွင့္ေတြ႕ဆုံခဲ့ၿပီး ပြဲေဈးသို႔မုန္႔စားလိုက္ရန္သြားေခၚခဲ့သည္။

၎က မုန္႔မေကြၽးပါနဲ႔အ႐ုပ္တစ္႐ုပ္ေလာက္ လက္ေဆာင္ဝယ္ေပးပါဟု ေျပာဆိုလိုက္ပါခဲ့ၿပီး ပြဲေဈးအတြင္းမွ ဝက္ဝံေမြးပြ႐ုပ္ကို က်ပ္ ၃၈၀ဝ ျဖင့္ ဝယ္ေပးခဲ့သည္။

၄င္းတို႔ ေခါက္ဆြဲေၾကာ္တစ္ေယာက္တစ္ပြဲစီစားကာ လမ္းေလွ်ာက္ထြက္ခဲ့ၾကသည္။ အခင္းျဖစ္စာသင္ေက်ာင္းအနီးအေရာက္ ၄င္းကခ်စ္ႀကိဳက္ေၾကာင္းေျပာဆိုသည္ကို အမ်ိဳးသမီးက စဥ္းစားပါရေစေနာက္မွအေျဖေပးမည္ဟု ေျပာဆိုခဲ့သည္။

ထို႔ေနာက္စာသင္ေက်ာင္းဘက္သို႔ စကားေျပာရန္ေခၚခဲ့ၿပီးေနာက္ သားမယားျပဳက်င့္ရန္ႀကံစဥ္ အမ်ိဳးသမီးက မိုက္႐ိုင္းလွခ်ည္လားဟု ေျပာဆိုကာ ပါး႐ိုက္ခဲ့သည္။

ထိုစဥ္ ၎က ေဆာင့္တြန္းခဲ့ရာ ေက်ာက္တိုင္ႏွင့္ေခါင္းနဲ႔တိုက္မိသြားခဲ့ေၾကာင္း၊ ေဒါသျဖစ္ေနခ်ိန္ျဖစ္သျဖင့္ အမ်ိဳးသမီး၏ ဦးေခါင္းကို အုတ္ခဲ့ျဖင့္ ၅/၆ ခ်က္ခန္႔ထုခဲ့ၿပီး တြဲထူကာ လမ္းေလွ်ာက္တြဲေခၚခဲ့ေၾကာင္း ေက်ာက္စည္ပိုင္းအနီးအေရာက္ အမ်ိဳးသမီးက သတိဝင္ကာ ပတ္ဝန္းက်င္သို႔ အကူညီေတာင္းသျဖင့္ ေက်ာက္စည္ပိုင္းျဖင့္ တိုက္ခဲ့သည္။

သတိထပ္ေမ့ခ်ိန္တြင္ သားမယားအျဖစ္ျပဳက်င့္ခဲ့ၿပီးေနာက္ ေခၚၾကည့္ရာ ေသေနသည္ထင္၍ အမ်ိဳးသမီး၏ နားတြင္ဝတ္ဆင္ထားသည့္ ေ႐ႊနားကပ္ကို ျဖဳတ္ယူကာ ေက်ာက္စည္အတြင္းသို႔ ထည့္ခဲ့ၿပီး အိမ္သို႔ျပန္ကာ ေရခ်ိဳးအဝတ္အစားလဲခဲ့သည္။

 အမ်ိဳးသမီးေပ်ာက္ဆုံးေနသျဖင့္လာေမးသူမ်ားကို ေခါက္ဆြဲေၾကာ္စားၿပီးေနာက္ သူ၏ရည္းစားဆိုသူတစ္ဦးႏွင့္ထြက္သြားေၾကာင္း လမ္းလႊဲေျပာဆိုခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ သက္ဆိုင္ရာ၏ စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္သူ တိပြား(ခ)ေဇာ္သန္းထြန္းကို ဆက္လက္ အေရးယူထားသည္။

[Unicode]
ဒေးဒရဲမြို့တွင် အမျိုးသမီးတစ်ဦးကို အုတ်ခဲ့ဖြင့်ထုကာ သားမယားပြုကျင့်သတ်ဖြတ်ခဲ့ပြီးနောက် ကျောက်စည် အတွင်းစွန့်ပစ်ခဲ့သူကို သက်ဆိုင်ရာက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ထုတ်ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သံဇင်းအရှေ့ကျေးရွာရှိ စာသင်ကျောင်းတစ်ခု၏ အဝီစိတွင်း ကျောက်စည်အတွင်းအမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ ဒေးဒရဲမြို့မရဲစခန်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ ကျောက်စည်အတွင်း အင်္ကျီနက်ပြာရောင်နှင့် အသက်(၂၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းစိုက်သေဆုံးနေသည်ကိုတွေ့ရသဖြင့် အလောင်းကို ဒေးဒရဲပြည်သူဆေးရုံကြီးသို့ ပို့အပ်ကာ စစ်ဆေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေးဒရဲမြို့မရဲစခန်းက(ပ) ၃၅၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

စုံစမ်းချက်များအရ သေဆုံးသူမှာ တော်ကြပ်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်ညပိုင်းတွင် ဒေးဒရဲမြို့(၂) ရပ်ကွက်နေ တိပွား(ခ) ဇော်သန်းထွန်း နှင့် ကျိုက်ဒေးယျုံဘုရားပွဲလိုက်ပါသွားသူဖြစ်ကြောင်း သိခဲ့ရသည်။

မိန်းကလေးအသတ်ခံရမှုကို သက်ဆိုင်ရာကမသိရှိခင်ကတည်းက တိပွား(ခ)ဇော်သန်းထွန်းဆိုသူကို ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိရာမှ နိုဝင်ဘာ ၂၂ ရက်ညပိုင်းကတည်းက ဒေးဒရဲမြို့မရဲစခန်း၌ (ပ)၃၅၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၅၄ ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးအမှုဖွင့်ထားပြီးဖြစ်သည်။ထို့ကြောင့် ၎င်းကို မိန်းကလေးအသတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့သည်။

တိပွား(ခ)ဇော်သန်းထွန်းက နိုဝင်ဘာ ၂၁ ရက်ညပိုင်းတွင် ယမန်နေ့က သိကျွမ်းခဲ့သည့် တော်ကြပ်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနှင့်တွေ့ဆုံခဲ့ပြီး ပွဲဈေးသို့မုန့်စားလိုက်ရန်သွားခေါ်ခဲ့သည်။

၎င်းက မုန့်မကျွေးပါနဲ့အရုပ်တစ်ရုပ်လောက် လက်ဆောင်ဝယ်ပေးပါဟု ပြောဆိုလိုက်ပါခဲ့ပြီး ပွဲဈေးအတွင်းမှ ဝက်ဝံမွေးပွရုပ်ကို ကျပ် ၃၈၀ဝ ဖြင့် ဝယ်ပေးခဲ့သည်။

၎င်းတို့ ခေါက်ဆွဲကြော်တစ်ယောက်တစ်ပွဲစီစားကာ လမ်းလျှောက်ထွက်ခဲ့ကြသည်။ အခင်းဖြစ်စာသင်ကျောင်းအနီးအရောက် ၎င်းကချစ်ကြိုက်ကြောင်းပြောဆိုသည်ကို အမျိုးသမီးက စဉ်းစားပါရစေနောက်မှအဖြေပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့နောက်စာသင်ကျောင်းဘက်သို့ စကားပြောရန်ခေါ်ခဲ့ပြီးနောက် သားမယားပြုကျင့်ရန်ကြံစဉ် အမျိုးသမီးက မိုက်ရိုင်းလှချည်လားဟု ပြောဆိုကာ ပါးရိုက်ခဲ့သည်။

ထိုစဉ် ၎င်းက ဆောင့်တွန်းခဲ့ရာ ကျောက်တိုင်နှင့်ခေါင်းနဲ့တိုက်မိသွားခဲ့ကြောင်း၊ ဒေါသဖြစ်နေချိန်ဖြစ်သဖြင့် အမျိုးသမီး၏ ဦးခေါင်းကို အုတ်ခဲ့ဖြင့် ၅/၆ ချက်ခန့်ထုခဲ့ပြီး တွဲထူကာ လမ်းလျှောက်တွဲခေါ်ခဲ့ကြောင်း ကျောက်စည်ပိုင်းအနီးအရောက် အမျိုးသမီးက သတိဝင်ကာ ပတ်ဝန်းကျင်သို့ အကူညီတောင်းသဖြင့် ကျောက်စည်ပိုင်းဖြင့် တိုက်ခဲ့သည်။

သတိထပ်မေ့ချိန်တွင် သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် ခေါ်ကြည့်ရာ သေနေသည်ထင်၍ အမျိုးသမီး၏ နားတွင်ဝတ်ဆင်ထားသည့် ရွှေနားကပ်ကို ဖြုတ်ယူကာ ကျောက်စည်အတွင်းသို့ ထည့်ခဲ့ပြီး အိမ်သို့ပြန်ကာ ရေချိုးအဝတ်အစားလဲခဲ့သည်။

 အမျိုးသမီးပျောက်ဆုံးနေသဖြင့်လာမေးသူများကို ခေါက်ဆွဲကြော်စားပြီးနောက် သူ၏ရည်းစားဆိုသူတစ်ဦးနှင့်ထွက်သွားကြောင်း လမ်းလွှဲပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ တိပွား(ခ)ဇော်သန်းထွန်းကို ဆက်လက် အရေးယူထားသည်။

No comments:

Post a Comment

Post Top Ad

Your Ad Spot