Breaking

Post Top Ad

Your Ad Spot

Tuesday 27 November 2018

ကင္ဆာျဖစ္ေစခဲ့တဲ့ အတြက္ Chip စက္ရံုမွ ၀န္ထမ္းမ်ားကို ေတာင္းပန္လိုက္တဲ့ Samsung

[Zawgyi]
Samsung က သူ႔ရဲ႕ Chip နဲ႔ Display စက္ရံုမ်ားရဲ႕ ပတ္၀န္းက်င္ အေျခအေနေၾကာင့္ ေရာဂါ ျဖစ္သြားသူမ်ားနဲ႔ ေသဆံုးသြားသူမ်ားအတြက္ ေတာင္းပန္လိုက္ပါတယ္။ ၀န္ထမ္းမ်ားဟာ ကင္ဆာျဖစ္ျခင္းနဲ႔ သေႏၶသား ပ်က္က်ျခင္းမ်ားကို ခံစားခဲ့ၾကရပါတယ္။ ကုမၸဏီရဲ႕ Device Solution Devision မွ စီအီးအို ျဖစ္သူ Kinam Kim က “ ေ၀ဒနာရွင္နဲ႔ သူတို႔ရဲ႕ မိသားစုမ်ား နာက်င္ခံစားခဲ့ရတာေတြဟာ အလြန္ကို ဆိုးရြားလွပါတယ္လို႔ ဒီတစ္ပတ္ထဲမွာ ျပဳလုပ္ခဲ့တဲ့ ေတာင္းပန္မႈမွာ ေျပာၾကားခဲ့ပါတယ္။

The Associated Press က Samsung ရဲ႕ ၀န္ထမ္းမ်ားဟာ စက္ရံု ပတ္၀န္းက်င္ေၾကာင့္ ေရာဂါရျခင္း၊ ေသဆံုးျခင္းမ်ား ျဖစ္ခဲ့တာလို႔ ေျပာပါတယ္။ စက္ရံုရဲ႕ ပတ္၀န္းက်င္ဟာ အဆိပ္အေတာက္ ျဖစ္ေစတယ္ဆိုတဲ့ ေ၀ဖန္မႈမ်ားလည္း ႏွစ္မ်ားစြာကတည္းက ထြက္ေပၚေနတာ ျဖစ္ပါတယ္။ ဇူလိုင္လမွာ ကုမၸဏီက သူ႔ရဲ႕ စက္ရံု ၀န္ထမ္းမ်ားအတြက္ နစ္နာေၾကး ေပးဖို႔ သေဘာတူညီမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ Reuters က ဆမ္ေဆာင္းဟာ ေရာဂါျဖစ္ပြားခဲ့တဲ့ ၀န္ထမ္းမ်ားအတြက္ ၂၀၂၈ ခုႏွစ္အေရာက္မွာ ေဒၚလာ ၁၃၂ ၂၈၉ အထိ ( ၀မ္ သန္း ၁၅၀) အထိ ေထာက္ပံ့သြားမယ္လို႔ ေျပာပါတယ္။

ဆမ္ေဆာင္းရဲ႕ Chip နဲ႔ Display စက္ရံုမ်ားမွာ ၁၉၈၄ ခုႏွစ္ကစၿပီး တစ္ႏွစ္ေက်ာ္ၾကာ အလုပ္လုပ္ခဲ့တဲ့ ၀န္ထမ္းမ်ားဟာ ေရာဂါေ၀ဒနာမ်ားအတြက္ နစ္နာေၾကး ရရွိမွာျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္မွာ လူကီးမီးယားေၾကာင့္ ေသဆံုးခဲ့တဲ့ ဆမ္ေဆာင္းရဲ႕ စက္ရံု၀န္ထမ္းတစ္ဦးရဲ႕ ဖခင္ျဖစ္သူ Hwang Sang-gi က ဆမ္ေဆာင္း စက္ရံုမ်ားမွ ၀န္ထမ္း ၂၀၀ ေလာက္ဟာ ေရာဂါမ်ား ခံစားခဲ့ရၿပီး အေယာက္ ၇၀ ေလာက္ဟာ ေနာက္ပိုင္းမွာ ေသဆံုးခဲ့တယ္လို႔ ေျပာပါတယ္။

Ref : gizmodo

[Unicode]
Samsung က သူ့ရဲ့ Chip နဲ့ Display စက်ရုံများရဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့် ရောဂါ ဖြစ်သွားသူများနဲ့ သေဆုံးသွားသူများအတွက် တောင်းပန်လိုက်ပါတယ်။ ဝန်ထမ်းများဟာ ကင်ဆာဖြစ်ခြင်းနဲ့ သန္ဓေသား ပျက်ကျခြင်းများကို ခံစားခဲ့ကြရပါတယ်။ ကုမ္ပဏီရဲ့ Device Solution Devision မှ စီအီးအို ဖြစ်သူ Kinam Kim က “ ဝေဒနာရှင်နဲ့ သူတို့ရဲ့ မိသားစုများ နာကျင်ခံစားခဲ့ရတာတွေဟာ အလွန်ကို ဆိုးရွားလှပါတယ်လို့ ဒီတစ်ပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ တောင်းပန်မှုမှာ ပြောကြားခဲ့ပါတယ်။

The Associated Press က Samsung ရဲ့ ဝန်ထမ်းများဟာ စက်ရုံ ပတ်ဝန်းကျင်ကြောင့် ရောဂါရခြင်း၊ သေဆုံးခြင်းများ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ စက်ရုံရဲ့ ပတ်ဝန်းကျင်ဟာ အဆိပ်အတောက် ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်မှုများလည်း နှစ်များစွာကတည်းက ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ ကုမ္ပဏီက သူ့ရဲ့ စက်ရုံ ဝန်ထမ်းများအတွက် နစ်နာကြေး ပေးဖို့ သဘောတူညီမှုများ ပြုလုပ်ခဲ့ပါတယ်။ Reuters က ဆမ်ဆောင်းဟာ ရောဂါဖြစ်ပွားခဲ့တဲ့ ဝန်ထမ်းများအတွက် ၂၀၂၈ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၃၂ ၂၈၉ အထိ ( ဝမ် သန်း ၁၅၀) အထိ ထောက်ပံ့သွားမယ်လို့ ပြောပါတယ်။

ဆမ်ဆောင်းရဲ့ Chip နဲ့ Display စက်ရုံများမှာ ၁၉၈၄ ခုနှစ်ကစပြီး တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းများဟာ ရောဂါဝေဒနာများအတွက် နစ်နာကြေး ရရှိမှာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လူကီးမီးယားကြောင့် သေဆုံးခဲ့တဲ့ ဆမ်ဆောင်းရဲ့ စက်ရုံဝန်ထမ်းတစ်ဦးရဲ့ ဖခင်ဖြစ်သူ Hwang Sang-gi က ဆမ်ဆောင်း စက်ရုံများမှ ဝန်ထမ်း ၂၀၀ လောက်ဟာ ရောဂါများ ခံစားခဲ့ရပြီး အယောက် ၇၀ လောက်ဟာ နောက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

Ref : gizmodo

No comments:

Post a Comment

Post Top Ad

Your Ad Spot