Breaking

Post Top Ad

Your Ad Spot

Wednesday 5 December 2018

မိဘေတြ ရင္ေလးဖြယ္ရာ ရန္ကုန္ ယဥ္ေက်းမႈၾကီး (သမီးရွင္မ်ား ဖတ္ၾကည့္ပါ)

[Zawgyi]
စန္းစန္းတစ္ေယာက္ လမ္း ေလွ်ာက္ရင္းျဖင့္ လက္ပတ္နာရီကို ၾကည့္လိုက္ေတာ့ မနက္ ၁၀ နာရီ ထိုးၿပီ။ သုိ႔ႏွင့္ ခဏရပ္ၿပီး ပိုက္ဆံအိတ္ ထဲရွိ ေဆးကဒ္အတြင္းမွ လက္က်န္ ေဆးတစ္လံုးကို ထုတ္ေသာက္လိုက္ သည္။ ေဆးႏွစ္လံုးသာပါသည့္ ေဆး ကဒ္က ကုန္သြားၿပီျဖစ္သျဖင့္ လႊင့္ ပစ္လိုက္သည္။ သူမေသာက္လိုက္သည့္ ေဆး သည္ ပ်ဳိရြယ္သူမ်ားအၾကား အသိ မ်ားသည္ Ecee 2 ဟုေခၚေသာ အ ေရးေပၚသေႏၶတားေဆးျဖစ္သည္။ ထိုေဆးကို အေရးေပၚသေႏၶတား ေဆးအျဖစ္ လူသိမ်ားၿပီး လိင္ဆက္ ဆံၿပီး ၇၂ နာရီအတြင္းေသာက္ပါက ကိုယ္၀န္မရေပ။

မေန႔ည ၁၀ နာရီက ပထမေဆး တစ္လံုးကို ေသာက္ၿပီးၿပီျဖစ္သည့္အ တြက္ ေနာက္ ၁၂ နာရီအၾကာ မ နက္ ၁၀ နာရီတြင္ ထိုေဆးကို သူမ ေသာက္လိုက္ျခင္းျဖစ္သည္။ယမန္ေန႔ ေန႔လယ္ပိုင္းကေတာ့ သူမႏွင့္ သူမ၏ခ်စ္သူတို႔ …ယေန႔ေခတ္တြင္ လက္မထပ္မီ လိင္ဆက္ဆံျခင္းကိစၥကလည္း မ ဆန္းေတာ့ၿပီ။“ရည္းစားျဖစ္ၿပီး ၃ လေလာက္ ၾကာရင္ အဲဒီ့ကိစၥက သူ႔အလိုလိုပါ လာေတာ့ပါပဲ။ ဒါကို ရည္းစားထား ဖူးတဲ့လူတိုင္း သိပါတယ္”ရည္းစား ၇ ေယာက္ထားဖူးသည့္ အသက္ ၂၅ ႏွစ္အရြယ္အမ်ဳိးသမီးက လိင္ကိစၥကို ရည္ညႊန္း၍ေျပာျပသည္။ သူမကိုယ္ တိုင္လည္း အီးစီတူး ၁၅ ကဒ္ခန္႔ ေသာက္ဖူးေၾကာင္း ဆက္ေျပာသည္။

ယခုအခါ ဟိုတယ္၊ တည္းခိုခန္း မ်ား ေနရာအႏွံ႔တြင္ ရွိေနျခင္းေၾကာင့္ လည္း ယေန႔ေခတ္ သမီးရည္းစား မ်ား၏ ဆက္ဆံေရးမွာ လင္မယား ပံုစံျဖစ္လာၿပီျဖစ္သည္။ႏိုင္ငံျခားတြင္ေတာ့ ခ်စ္သူျဖစ္ သည္ႏွင့္ လိင္ဆက္ဆံျခင္းသည္ လြန္ ခဲ့သည့္ ရာစုႏွစ္မ်ားစြာကတည္းက ရွိေနခဲ့သည့္ ယဥ္ေက်းမႈျဖစ္ေသာ္ လည္း ျမန္မာျပည္တြင္ေတာ့ ယခု အခ်ိန္အထိ လူႀကီးမ်ားက လက္မခံ ၾကေသးေပ။ လူငယ္ပိုင္းတြင္လည္း တရား၀င္အသိအမွတ္မျပဳေသးပါ။သို႔ရာတြင္ ျမန္မာျပည္၌လည္း ခ်စ္သူျဖစ္သည္ႏွင့္ လိင္ဆက္ဆံျခင္း တဆက္တည္းပါလာမည္ကို ဆယ္ ေက်ာ္သက္မ်ားက အလိုလိုလက္ခံ ထားၾကသည္။

“တိုးတက္လာတယ္ပဲ ေျပာမ လား။ ယဥ္ေက်းမႈေတြ ပ်က္သြားၿပီပဲ ေျပာမလား။ ဒီေခတ္ သမီးရည္းစား ေတြ လိင္ဆက္ဆံတာကို လက္ခံရ ေတာ့မွာပါ”အယ္ဒီတာတစ္ဦးက မွတ္ ခ်က္ျပဳသည္။ေခတ္၏ေျပာင္းလဲလာမႈႏွင့္အတူ သမီးရည္းစားအခ်င္းခ်င္း လိင္ဆက္ ဆံျခင္းကို လူငယ္မ်ားတြင္သာမက အသက္ ၄၀ ခန္႔ လူႀကီးပိုင္းတြင္ပါ ေတြ႕လာရသည္။“ကၽြန္ေတာ္တို႔ ဟိုတယ္ကိုေတာ့ အသက္ႀကီးပိုင္းစံုတြဲေတြ ေတာ္ေတာ္ လာတယ္”ဟု ရန္ကုန္ၿမိဳ႕ ဆိတ္ၿငိမ္ ရပ္ကြက္အတြင္းမွ ဟိုတယ္တြင္လုပ္ ကိုင္သည့္ ကိုရဲကဆိုသည္။ သူတို႔ သည္ အခ်ိန္ပိုင္းလာေရာက္သူမ်ား ျဖစ္သည္။

လူႀကီးပိုင္းမ်ားအတြက္ မိမိကိုယ္ ပိုင္အလုပ္အကိုင္ႏွင့္ ျပႆနာမရွိႏိုင္ ေသာ္လည္း ေက်ာင္းေနအရြယ္ မိန္း ကေလးမ်ား တည္းခိုခန္းႏွင့္ ဟိုတယ္ မ်ားသို႔ သြားေရာက္ေနျခင္းကလည္း မိဘမ်ားအတြက္ ရင္ပူစရာျဖစ္ေန သည္။တကၠသိုလ္တက္ေနေသာ ေက်ာင္း သား/သူမ်ားအျခင္းျခင္း ခ်စ္ႀကိဳက္ ၿပီး လိင္ကိစၥပါလာသည္ကလည္း မ ဆန္းေတာ့ပါ။အေရွ႕ပိုင္းတကၠသိုလ္မွ သင္တန္း ေရးရာဌာနမွဴးက ေက်ာင္းသား/သူ အျခင္းျခင္း စာသင္ခန္းအလြတ္မ်ား ထဲတြင္ပင္လိင္ဆက္ဆံမႈမ်ားရွိေၾကာင္း ထုတ္ေဖာ္ေျပာဖူးသည္။ယင္းဆရာက “မိန္းကေလးက အကြဲေတြ၀တ္ထားတယ္။ အေကာင္ ေတြက လုပ္ခ်င္ရာလုပ္ပဲ။ အဲ့လိုလုပ္ ေနတုန္း ဖမ္းမိတာ ခဏခဏပဲ။ ဒါ ေၾကာင့္ အ၀တ္အစားေတြကို လံုလံု ၿခံဳၿခံဳ၀တ္ဖို႔ စည္းကမ္းထုတ္ထားတာ” ဟုဆိုသည္။

ဒဂံုတကၠသိုလ္တြင္ ေက်ာင္းတက္ ေရာက္ခဲ့ဖူးသူ သတင္းေထာက္တစ္ ဦး “( )တည္းခိုခန္းက ကၽြန္ေတာ္ တို႔ေက်ာင္းသားေတြ ပိုက္ဆံေတြနဲ႔ ေဆာက္ထားေပါ့”ဟုေျပာသည္။ ယင္း တည္းခိုခန္းသည္ ယခင္က သစ္သား အေဆာက္အဦးသာျဖစ္ေသာ္လည္း ေက်ာင္းသား/သူမ်ား အသြားၿပီး ေနာက္ပိုင္းတြင္ ယခုကဲ့သို႔ ကြန္က ရစ္တိုက္ႏွင့္ျဖစ္လာေၾကာင္း ယင္းက ေျပာျပသည္။ ထို႔အတူ အတန္းၿပီး ခ်ိန္ႏွင့္ စာသင္ခန္းအလြတ္မ်ားက လည္း စံုတြဲမ်ားအတြက္ လြတ္လပ္ စြာ က်က္စားရာေနရာမ်ားျဖစ္ေန ေၾကာင္း ယင္းသတင္းေထာက္က ဆိုသည္။ယမန္ႏွစ္ကလည္း ြႊဃ ေက်ာင္း သူႏွင့္ ေက်ာင္းသားတို႔ စာသင္ခန္း အတြင္း လိင္ဆက္ဆံေနသည့္ ဗီဒီယို ဖိုင္ထြက္ေပၚလာရာ ျမန္မာႏိုင္ငံတြင္ ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့သည္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္အတြင္းရွိ ဟိုတယ္တြင္ အလုပ္လုပ္ကိုင္သူ အ ျခားတစ္ဦးကေတာ့ “အျဖဴ၊ အစိမ္း ၀တ္ထားတဲ့ ေက်ာင္းသားနဲ႔ေက်ာင္း သူ စံုတြဲႏွစ္တြဲလာဖူးတယ္”ဟုဆို သည္။စန္းစန္းကေတာ့ အသက္ ၂၇ ႏွစ္အရြယ္ ကုမၸဏီ၀န္ထမ္းတစ္ဦး ျဖစ္သည္။ သူမကေတာ့ သူမရည္း စားႏွင့္ ေနာက္တစ္ႏွစ္ခန္႔အၾကာတြင္ လက္ထပ္မည္ျဖစ္သည္။ ထိုကဲ့သို႔ လက္ထပ္မည္ျဖစ္သည့္အတြက္ လည္း လိင္ကိစၥကို လိုက္ေလ်ာလိုက္ ျခင္းျဖစ္ေၾကာင္း ေျပာသည္။ သူမ၏ သူငယ္ခ်င္းမ်ားတြင္လည္း လက္မ ထပ္မီ အတူေနျခင္းမ်ားရွိေၾကာင္း ဆိုသည္။ မဂၤလာေဆာင္ရန္ အခက္ အခဲရွိေနေသာ လူမ်ားအေနျဖင့္ ယခု ကဲ့သို႔ လက္မထပ္ေသးမီ အတူေန ျခင္းကလည္း ရေသ့စိတ္ေျဖတစ္ခု ျဖစ္လာသည္။

ရန္ကုန္ၿမိဳ႕တြင္ သမီးရည္းစား ခ်ိန္းေတြ႕ရန္ ပန္းၿခံမ်ား၊ အပန္းေျဖ စရာေနရာမ်ား ရွားပါးလာျခင္း လူ ငယ္တို႔ကို ဟိုတယ္မ်ားသို႔ သြားလာ စရာ လမ္းစျဖစ္ေနသည္။ ထို႔အတူ ဘာသာတရား၏ အဆံုးအမမွာ လည္း ယခင္ကေလာက္ မရွိေတာ့ သျဖင့္ သမီးရည္းစားမ်ား ဘုရား သြား၊ ေက်ာင္းတက္ျပဳမႈလည္း ရွား ပါးလာသည္။“႐ုံးပိတ္ရက္နဲ႔ အခါႀကီးရက္ႀကီး ေတြမွာ အခန္းျပည့္တယ္။ ၾကားရက္ ေတြကေတာ့ ဧည့္သည္အ၀င္နည္း တယ္”ဟု ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွ တည္းခိုခန္းမန္ေနဂ်ာက ဆိုသည္။တည္းခိုခန္းႏွင့္ ဟိုတယ္တို႔၏ ေစ်းႏႈန္းမ်ားမွာလည္း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ က်ပ္ခန္႔ အထိရွိသျဖင့္ လက္လွမ္းမီေသာ ေစ်းႏႈန္းမ်ားလည္းျဖစ္သည္။ ရန္ကုန္ ၿမိဳ႕ရွိ ေနရာတိုင္းလိုလိုတြင္ အခ်ိန္ ပိုင္းတည္းခိုႏိုင္သည္။

ထို႔ျပင္ အျပာကားမ်ား၊ အျပာ စာမ်ားကို အင္တာနက္တြင္ျဖစ္ေစ၊ လက္ကိုင္ဖုန္းအတြင္းျဖစ္ေစ ထည့္ သြင္းၾကည့္႐ႈႏိုင္လာျခင္းက ကာမ စိတ္ကို အခ်ိန္မေရြး ႏိုးဆြေပးလာၿပီ ျဖစ္သည္။တည္းခိုခန္း၊ ဟိုတယ္မ်ားသို႔ မ သြားဘဲ ႐ိုး႐ိုးသားသား ခ်စ္ႀကိဳက္ေန ၾကသည့္ စံုတြဲမ်ားလည္း အမ်ားအ ျပားရွိပါသည္။ႏို္င္ငံျခားတြင္ေတာ့ သားသမီး အသက္ ၁၈ ႏွစ္ျပည့္ႏွင့္ လြတ္လပ္ စြာေနထိုင္ခြင့္ေပးထားေသာ္လည္း ျမန္မာႏိုင္ငံတြင္ေတာ့ သားသမီး အိမ္ေထာင္မက်မခ်င္းသည္ မိဘ အုပ္ထိန္းမႈလက္ေအာက္တြင္သာ ရွိ ေသးသည္။ သို႔ရာတြင္ေတာ့ တစ္နယ္ တစ္ေၾကးမွ လာေရာက္အလုပ္လုပ္ ကိုင္သူမ်ားအေနျဖင့္ေတာ့ ၁၈ ႏွစ္ မျပည့္ခင္ကတည္းက မိဘလက္မွ လြတ္ၿပီျဖစ္သည္။

ထိုသို႔ နယ္မွ လာေရာက္အလုပ္ လုပ္ကိုင္သူမ်ားအေနျဖင့္ အေဆာင္ မ်ားတြင္ေနၾကၿပီး အေဆာင္၏ အုပ္ ခ်ဳပ္မႈမွာလည္း သတ္မွတ္ခ်ိန္တြင္း ျပန္မအိပ္ပါက တံခါးပိတ္လိုက္မည္ သာျဖစ္သည္။“ျပန္မလာလဲ ကိစၥမရွိပါဘူး။ ကိုယ့္သားသမီးမွ မဟုတ္တာ။ သူ႔ လြတ္လပ္ခြင့္နဲ႔ သူေပါ့”ဟု လမ္းမ ေတာ္ၿမိဳ႕နယ္အတြင္းရွိ အေဆာင္ဖြင့္ ထားသည့္ အမ်ဳိးသမီးႀကီးက ေျပာ သည္။႐ုံးပိတ္ရက္မ်ားတြင္ သူမအ ေဆာင္ရွိ အမ်ဳိးသမီးအခ်ဳိ႕မွာ အမ်ဳိး အိမ္တြင္ သြားအိပ္သည္ဟု အ ေၾကာင္းျပကာ ျပန္မလာတတ္ေၾကာင္း တဆက္တည္းေျပာသည္။ယခင္ေခတ္ေဟာင္းက အ ေဆာင္မ်ားသည္ မိဘကိုယ္တိုင္ အ ေဆာင္သို႔ လာအပ္၊ သားသမီး၏ အဆိုးအေကာင္းမ်ားကို မိဘထံသို႔ အေဆာင္မွဴးက အစီရင္ခံ၊ အေဆာင္ မ်ားကလည္း စည္းကမ္းတင္းၾကပ္။ ထိုေခတ္သည္ က်န္ခဲ့ၿပီျဖစ္သည္။

ထို႔အတူ နယ္မွအလုပ္လာေရာက္ လုပ္ကိုင္သူမ်ားႏွင့္ ေက်ာင္းလာတက္ သူ အမ်ဳိးသမီးအခ်ဳိ႕မွာ ရည္းစားႏွင့္ တစ္အိမ္ထဲအတူေနျခင္းမ်ားလည္း ရွိလာသည္။“ႏွစ္ေယာက္အတူတူ အိမ္ငွား ေနလိုက္ေတာ့ ၿပီးတာပဲေလ။ အဓိက ကေတာ့ မိဘေတြ မသိဖို႔ပဲ။ ဒါပမဲ့ တကယ္ယူဖို႔ေတာ့ လိုတာေပါ့”နယ္ မွလာသူ အမ်ဳိးသမီးတစ္ဦးႏွင့္ အိမ္ ငွားေနထိုင္သူ အသက္ ၂၅ ႏွစ္အ ရြယ္ ရန္ကုန္သား ကိုျပည့္စံုကေျပာ သည္။ သို႔ရာတြင္ သူတို႔အမွန္တ ကယ္ တရား၀င္လက္ထပ္မည့္ရက္ ကိုေတာ့ သူတို႔ကိုယ္တိုင္ မသိေသး ေၾကာင္းဆိုသည္။ထိုသို႔ေသာ အေျခအေနေၾကာင့္ လူငယ္လူရြယ္မ်ားအဖို႔ လက္မထပ္ မီ အတူေနျခင္းဆိုသည္မွာ မဆန္း ေတာ့ၿပီျဖစ္သည္။ ထိုသို႔ အတူေန ျခင္းႏွင့္အတူ ကိုယ္၀န္မရေအာင္ လုပ္ကိုင္ရသည္မွာလည္း နည္းလမ္း တစ္ခုျဖစ္သည္။

ရန္ကုန္ၿမိဳ႕ေန သမီးရည္းစားမ်ား ၏ အေျခအေနမွာ ႏခနန ၂ မ်ား ေရာင္းအားေကာင္းေနျခင္းဟာ လိင္ ကိစၥကို မီးေမာင္းထိုးျပလိုက္ျခင္းပင္ ျဖစ္သည္။ ႏခနန ၂ တရား၀င္ျဖန္႔ျဖဴး သူတို႔၏ အဆိုအရ တစ္လလွ်င္ ကဒ္ ေရ ၃၀၀၀၀ ခန္႔ေရာင္းရၿပီး ေနာက္ တစ္မ်ဳိးျဖစ္သည့္ ဏငူူ ၇၂ ကေတာ့ ကဒ္ေရ ၁၅၀၀၀ ခန္႔ရွိသည္။ အဆို ပါေဆးမ်ားကို နယ္စပ္မ်ားမွ တရား မ၀င္ ၀င္ေရာက္မႈမ်ားလည္း ရွိေန ေၾကာင္း တရား၀င္ျဖန္႔ျဖဴးသူတို႔က ဆိုသည္။ လက္လီေဆးဆိုင္မ်ားတြင္ ေတာ့ တစ္ရက္လွ်င္ ကဒ္ေရ ၅ ကဒ္ မွ ၁၅ ကဒ္ခန္႔ ေရာင္းရေၾကာင္း ဆို ၾကသည္။ေဆးပညာအရ အမ်ဳိးသမီး ရာ သီမလာမီ တစ္ပတ္၊ လာၿပီးတစ္ပတ္ အတြင္း လိင္ဆက္ဆံပါက ပံုမွန္ အားျဖင့္ ကိုယ္၀န္မရတတ္ဟု ဆို ထားသည္။ ၾကားရက္မ်ားတြင္ လိင္ ဆက္ဆံမိပါက ႏခနန ၂ ကဲ့သို႔ အ ေရးေပၚ ေသႏၶတားေဆးကိုေသာက္ ရန္ လိုမည္ျဖစ္သည္။ လိင္ဆက္ဆံ တိုင္း ကြန္ဒံုအးသံုးျပဳရမည္ဟု ဆို ထားေသာ္လည္း မ်ားေသာအားျဖင့္ ေတာ့ ကြန္ဒံုးကို ျပည့္တန္ဆာမ်ား ႏွင့္ ဆက္ဆံမွသာ အသံုးျပဳၾက သည္။

ဆရာ၀န္မ်ားကေတာ့ အေရးေပၚ သေႏၶတားေဆးမ်ားသည္ စိတ္မခ် ရေၾကာင္း ေျပာၾကၿပီး ကြန္ဒံုးသံုးျခင္း သာလွ်င္ လံုၿခံဳစိတ္ခ်ရေၾကာင္းေျပာ သည္။ အေရးေပၚ သေႏၶတားေဆး မ်ားတြင္လည္း ဆရာ၀န္၏ ညႊန္ ၾကားခ်က္ျဖင့္သာ ေသာက္သံုးရမည္ ဟု စာတမ္းကပ္ထားသည္။ အေရး ေပၚတားေဆးမ်ားမွာ ရာႏႈန္းျပည့္ ကာကြယ္ေပးႏိုင္ျခင္းမရွိဘဲ ၇၉ ရာ ခိုင္ႏႈန္းမွ ၈၅ ရာခိုင္ႏႈန္းထိသာ ကာ ကြယ္ေပးႏိုင္သည္ဟု ဆရာ၀န္တို႔က ေျပာသည္။“သမီးရည္းစားဆိုေပမယ့္ ဘယ္ လိုပိုးေတြရွိမလဲ မေျပာႏိုင္ဘူးေလ။ ဒါေၾကာင့္ ကြန္ဒံုးကို လိင္ဆက္ဆံ တိုင္းသံုးတာ အေကာင္းဆံုးပါပဲ။ ကိုယ္၀န္လဲမရ၊ ေရာဂါလည္းမရေတာ့ ဘူးေပါ့”ေနေဆးခန္းမွ ဆရာ၀န္က ေျပာသည္။ သို႔ရာတြင္ သမီးရည္း စားခ်င္း လိင္ဆက္ဆံရာတြင္ေတာ့ ကြန္ဒံုးအသံုးျပဳမႈနည္းပါးၾကသည္။

“ကိုယ့္ရည္းစားနဲ႔ကေတာ့ စိတ္ ခ်ရတယ္ေလ။ ဒါေၾကာင့္ ကြန္ဒံုး မသံုးဘူး”ဟိုအသက္ ၂၀ အမ်ဳိးသား ကေျပာသည္။ သို႔ေသာ္ မိန္းကေလး ကိုယ္၀န္မရေအာင္ မည္ကဲ့သို႔ လုပ္ ေဆာင္သည္ကိုေတာ့ သူမသိေၾကာင္း ေျပာသည္။ရည္းစားႏွင့္ လိင္ဆက္ဆံသည့္ အႀကိမ္ေရမ်ားသည့္ အမ်ဳိးသမီးမ်ား ကေတာ့ တားေဆးထိုးျခင္းႏွင့္ တစ္ လေဆးေသာက္ျခင္းတို႔ကို ျပဳလုပ္ ၾကသည္။ မ်ားေသာအားျဖင့္ တစ္လ တားေဆးကို အသံုးျပဳၾကသည့္အ တြက္ ေဆးခန္းမ်ားတြင္ တစ္လခံ ထိုးေဆးမွာ အၿမဲလိုလိုျပတ္ေလ့ရွိ ေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ရွိ ေနတံ ဆိပ္ေဆးခန္းတစ္ခုက ဆိုသည္။“တစ္လခံေဆးက ေရႊထက္ ေတာင္ရွားတယ္”ယင္းေဆးခန္း ဆ ရာ၀န္ကေျပာသည္။ သံုးလခံေဆး မ်ားမွာ ရာသီလာျခင္းမရွိသည့္အ တြက္ အသံုးျပဳမႈနည္းပါးသည္။

တစ္လခံေသာက္ေဆး ဥဳ က ေတာ့ က်ပ္ေငြ ရာဂဏန္းျဖင့္ အ လြယ္တကူရသျဖင့္ အေသာက္မ်ား ၾကသည္။ သို႔ရာတြင္ ေန႔စဥ္အခ်ိန္ မွန္မွန္ေသာက္ရျခင္းကို အမ်ဳိးသမီး မ်ားကမႀကိဳက္ၾကေပ။ ထို႔ျပင္ ေသာက္ ေဆးေၾကာင့္ ဗိုက္အေခါက္ထူကာ ဗိုက္ပူလာေၾကာင္း ပံုမွန္ေသာက္ သည့္ အမ်ဳိးသမီးမ်ားက ဆိုသည္။ ယခုေနာက္ပိုင္းတြင္ ခႏၶာကိုယ္အ တြင္း ပစၥည္းတစ္ခုခုထည့္ထားျခင္း ျဖင့္ သေႏၶတားႏိုင္ေၾကာင္းလည္း သိရသည္။အခ်ဳိ႕ကလည္း မိန္းမကိုယ္အ တြင္း သေႏၶတားပစၥည္းကို ထည့္ ထားၾကသည္။အေရးေပၚတားေဆးသည္ မုဒိမ္း က်င့္ခံရေသာ အမ်ဳိးသမီးမ်ားအတြက္ ရည္ရြယ္ကာ ထုတ္လုပ္ထားျခင္းျဖစ္ ေသာ္လည္း ယခုအခါတြင္ အမ်ဳိးသ မီးမ်ားအတြက္ မရွိမျဖစ္အေရးပါလာ ၿပီျဖစ္သည္။ အေရးေပၚတားေဆးကို တစ္ဘ၀လံုးတြင္ ၇ ႀကိမ္ထက္ ပိုမို ေသာက္မိပါက သားအိမ္ကုိ ထိခိုက္ ၿပီး ကေလးမရျခင္းႏွင့္ သားအိမ္ကင္ ဆာကဲ့သို႔ေရာဂါမ်ားကို ရရွိေစေၾကာင္း ဆရာ၀န္မ်ားက ဆိုၾကသည္။

တားေဆးမ်ားမွာ ဆိုးက်ဳိးမ်ားစြာ ရွိေသာ္လည္း ေဆးေသာက္ျခင္း ေၾကာင့္ ျဖစ္ေပၚလာမည့္ အျခားဆိုး က်ဳိးတစ္ခုကိုေတာ့ လူတိုင္းေၾကာက္ ရႊံ႕ၾကသည္။“ယူၿပီးလို႔ ကေလးရတာ ျပႆ နာမရွိဘူး။ ကေလးရလို႔ မဂၤလာ ေဆာင္လိုက္ရရင္ ေခြးျဖစ္ၿပီ။ ဒီေခတ္ မွာ ကေလးတစ္ေယာက္အတြက္ ကုန္က်စရိတ္က နည္းတာမဟုတ္ ဘူး”ဟု အသက္ ၂၄ ႏွစ္အရြယ္ မေနျခည္က ဆိုသည္။ေဆးမေသာက္ျခင္းေၾကာင့္ ကိုယ္၀န္ရရွိလာပါကလည္း တနည္း နည္းျဖင့္ ဖ်က္ခ်ၾကသည္။ ယခင္ ေခတ္ကကဲ့သို႔ အရပ္လက္သည္ျဖင့္ ထီး႐ိုးကို သားအိမ္ထဲထည့္ေမႊျခင္း မဟုတ္ေတာ့ဘဲ ေဆးထိုးျခင္း၊ ေဆး ေသာက္ျခင္းႏွင့္ ေလဆုတ္ႁပန္ျဖင့္ ဖ်က္ခ်ျခင္းတို႔ကို ျပဳလုပ္ႏိုင္ေသာ္ လည္း အႏၲရာယ္ကေတာ့ ရွိေနဆဲ ျဖစ္သည္။မည္သို႔ဆိုေစ လိင္ဆက္ဆံျခင္း သည္ ရွက္စရာေကာင္းသည္ဟု လူ တိုင္းက ဆိုၾကေသာ္လည္း က်ား/မ မေရြး ႀကိဳက္ႏွစ္သက္ေသာ ကိစၥ ျဖစ္ကိုေတာ့ ကမၻာႀကီးတြင္ လူဦးေရ တိုးပြားလာျခင္းက သက္ေသတည္ လ်က္ရွိသည္။

သိပၸံအယူအဆကလည္း လိင္ ကိစၥသည္ လူတို႔၏ အေျခခံလိုအပ္ ခ်က္ျဖစ္သည္ဟု ဆိုသည္။ေနာင္ႏွစ္မ်ားစြာမၾကာမီ ျမန္မာ ျပည္၌လည္း သမီးရည္းစားမ်ား လိင္ ဆက္ဆံသည့္ အေလ့အထကို လက္ မခံခ်င္ဘဲ လက္ခံလာရေတာ့မည္ ျဖစ္သည့္အတြက္ သမီးရွင္မ်ားအေန ျဖင့္ စိုးရိမ္ေနၾကရၿပီျဖစ္သည္။ေယာက္်ားေလးမ်ားအေနျဖင့္ လည္း ယေန႔အခ်ိန္အထိ အပ်ဳိစင္ ကိုသာ အိမ္ေထာင္ျပဳလိုသည့္စိတ္ ရွိၾကေသာ္လည္း အပ်ဳိစင္ဘ၀ကို ေယာက္်ားေလးမ်ားကပင္ ယူသြား ျခင္းျဖစ္သည္။ ေနာက္မ်ဳိးဆက္တစ္ ခုတြင္ေတာ့ ေယာက္်ားေလးမ်ား အပ်ဳိစင္ကို တန္ဖိုးထားေတာ့မည္ မဟုတ္ေပ။ ထို႔အတြက္ လက္မထပ္ မီ လိင္ဆက္ဆံျခင္းမွာ သာမန္ကိစၥ တစ္ခုသာ ျဖစ္သြားပါလိမ့္မည္။

လက္မထပ္မီ လိင္ဆက္ဆံျခင္း ကို ပိတ္ပင္ၾကမည္လား၊ သို႔မဟုတ္ လက္ခံနားလည္ေပးမည္လားက ေတာ့ အျငင္းပြားဖြယ္ ကိစၥတစ္ခုအ ျဖစ္ ေနာက္ဆယ္စုႏွစ္တစ္စုေက်ာ္ထိ ဆက္ရွိေနပါဦးမည္။စန္းစန္းတစ္ေယာက္ ေဆးႏွစ္ လံုးေသာက္ၿပီးၿပီျဖစ္သည့္အတြက္ သူမကိုယ္သူမ စိတ္ခ်သြားၿပီျဖစ္ သည္။ မေန႔က ႐ုံးပိတ္ရက္တြင္ သူ မ၏ရည္းစားႏွင့္ ျဖစ္ပ်က္ခဲ့သည္မ်ား ကို စိတ္ကူးယဥ္ခ်င္ ယဥ္ေနပါလိမ့္ မည္။ ညေနတြင္ ႐ုံးဆင္းခ်ိန္တြင္ သူမရည္းစားႏွင့္ ႐ိုး႐ိုးသားသားေတြ႕ ၾကမည္။ သူမသည္ ယေန႔ေခတ္ မိန္းကေလးတစ္ဦးျဖစ္သည္။

ေဇယ်စိုေျပ

The Ladies News Journal

===================
[Unicode]
စန်းစန်းတစ်ယောက် လမ်း လျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီ။ သို့နှင့် ခဏရပ်ပြီး ပိုက်ဆံအိတ် ထဲရှိ ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက် သည်။ ဆေးနှစ်လုံးသာပါသည့် ဆေး ကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့် ပစ်လိုက်သည်။သူမသောက်လိုက်သည့် ဆေး သည် ပျိုရွယ်သူများအကြား အသိ များသည် Ecee 2 ဟုခေါ်သော အ ရေးပေါ်သန္ဓေတားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေတား ဆေးအဖြစ် လူသိများပြီး လိင်ဆက် ဆံပြီး ၇၂ နာရီအတွင်းသောက်ပါက ကိုယ်ဝန်မရပေ။

မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ်သည့်အ တွက် နောက် ၁၂ နာရီအကြာ မ နက် ၁၀ နာရီတွင် ထိုဆေးကို သူမ သောက်လိုက်ခြင်းဖြစ်သည်။ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ချစ်သူတို့ …ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်းကိစ္စကလည်း မ ဆန်းတော့ပြီ။“ရည်းစားဖြစ်ပြီး ၃ လလောက် ကြာရင် အဲဒီ့ကိစ္စက သူ့အလိုလိုပါ လာတော့ပါပဲ။ ဒါကို ရည်းစားထား ဖူးတဲ့လူတိုင်း သိပါတယ်”ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ်အမျိုးသမီးက လိင်ကိစ္စကို ရည်ညွှန်း၍ပြောပြသည်။ သူမကိုယ် တိုင်လည်း အီးစီတူး ၁၅ ကဒ်ခန့် သောက်ဖူးကြောင်း ဆက်ပြောသည်။

ယခုအခါ ဟိုတယ်၊ တည်းခိုခန်း များ နေရာအနှံ့တွင် ရှိနေခြင်းကြောင့် လည်း ယနေ့ခေတ် သမီးရည်းစား များ၏ ဆက်ဆံရေးမှာ လင်မယား ပုံစံဖြစ်လာပြီဖြစ်သည်။နိုင်ငံခြားတွင်တော့ ချစ်သူဖြစ် သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန် ခဲ့သည့် ရာစုနှစ်များစွာကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော် လည်း မြန်မာပြည်တွင်တော့ ယခု အချိန်အထိ လူကြီးများက လက်မခံ ကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင်အသိအမှတ်မပြုသေးပါ။သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်းပါလာမည်ကို ဆယ် ကျော်သက်များက အလိုလိုလက်ခံ ထားကြသည်။

“တိုးတက်လာတယ်ပဲ ပြောမ လား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစား တွေ လိင်ဆက်ဆံတာကို လက်ခံရ တော့မှာပါ”အယ်ဒီတာတစ်ဦးက မှတ် ချက်ပြုသည်။ခေတ်၏ပြောင်းလဲလာမှုနှင့်အတူ သမီးရည်းစားအချင်းချင်း လိင်ဆက် ဆံခြင်းကို လူငယ်များတွင်သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။“ကျွန်တော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ တော်တော် လာတယ်”ဟု ရန်ကုန်မြို့ ဆိတ်ငြိမ် ရပ်ကွက်အတွင်းမှ ဟိုတယ်တွင်လုပ် ကိုင်သည့် ကိုရဲကဆိုသည်။ သူတို့ သည် အချိန်ပိုင်းလာရောက်သူများ ဖြစ်သည်။

လူကြီးပိုင်းများအတွက် မိမိကိုယ် ပိုင်အလုပ်အကိုင်နှင့် ပြဿနာမရှိနိုင် သော်လည်း ကျောင်းနေအရွယ် မိန်း ကလေးများ တည်းခိုခန်းနှင့် ဟိုတယ် များသို့ သွားရောက်နေခြင်းကလည်း မိဘများအတွက် ရင်ပူစရာဖြစ်နေ သည်။တက္ကသိုလ်တက်နေသော ကျောင်း သား/သူများအခြင်းခြင်း ချစ်ကြိုက် ပြီး လိင်ကိစ္စပါလာသည်ကလည်း မ ဆန်းတော့ပါ။အရှေ့ပိုင်းတက္ကသိုလ်မှ သင်တန်း ရေးရာဌာနမှူးက ကျောင်းသား/သူ အခြင်းခြင်း စာသင်ခန်းအလွတ်များ ထဲတွင်ပင်လိင်ဆက်ဆံမှုများရှိကြောင်း ထုတ်ဖော်ပြောဖူးသည်။ယင်းဆရာက “မိန်းကလေးက အကွဲတွေဝတ်ထားတယ်။ အကောင် တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လိုလုပ် နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါ ကြောင့် အဝတ်အစားတွေကို လုံလုံ ခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ” ဟုဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ကျောင်းတက် ရောက်ခဲ့ဖူးသူ သတင်းထောက်တစ် ဦး “( )တည်းခိုခန်းက ကျွန်တော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့”ဟုပြောသည်။ ယင်း တည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာဖြစ်သော်လည်း ကျောင်းသား/သူများ အသွားပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်က ရစ်တိုက်နှင့်ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီး ချိန်နှင့် စာသင်ခန်းအလွတ်များက လည်း စုံတွဲများအတွက် လွတ်လပ် စွာ ကျက်စားရာနေရာများဖြစ်နေ ကြောင်း ယင်းသတင်းထောက်က ဆိုသည်။ယမန်နှစ်ကလည်း ွွှဃ ကျောင်း သူနှင့် ကျောင်းသားတို့ စာသင်ခန်း အတွင်း လိင်ဆက်ဆံနေသည့် ဗီဒီယို ဖိုင်ထွက်ပေါ်လာရာ မြန်မာနိုင်ငံတွင် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အ ခြားတစ်ဦးကတော့ “အဖြူ၊ အစိမ်း ဝတ်ထားတဲ့ ကျောင်းသားနဲ့ကျောင်း သူ စုံတွဲနှစ်တွဲလာဖူးတယ်”ဟုဆို သည်။စန်းစန်းကတော့ အသက် ၂၇ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သည်။ သူမကတော့ သူမရည်း စားနှင့် နောက်တစ်နှစ်ခန့်အကြာတွင် လက်ထပ်မည်ဖြစ်သည်။ ထိုကဲ့သို့ လက်ထပ်မည်ဖြစ်သည့်အတွက် လည်း လိင်ကိစ္စကို လိုက်လျောလိုက် ခြင်းဖြစ်ကြောင်း ပြောသည်။ သူမ၏ သူငယ်ချင်းများတွင်လည်း လက်မ ထပ်မီ အတူနေခြင်းများရှိကြောင်း ဆိုသည်။ မင်္ဂလာဆောင်ရန် အခက် အခဲရှိနေသော လူများအနေဖြင့် ယခု ကဲ့သို့ လက်မထပ်သေးမီ အတူနေ ခြင်းကလည်း ရသေ့စိတ်ဖြေတစ်ခု ဖြစ်လာသည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူ ငယ်တို့ကို ဟိုတယ်များသို့ သွားလာ စရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာ လည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရား သွား၊ ကျောင်းတက်ပြုမှုလည်း ရှား ပါးလာသည်။“ရုံးပိတ်ရက်နဲ့ အခါကြီးရက်ကြီး တွေမှာ အခန်းပြည့်တယ်။ ကြားရက် တွေကတော့ ဧည့်သည်အဝင်နည်း တယ်”ဟု ကြည့်မြင်တိုင်မြို့နယ်မှ တည်းခိုခန်းမန်နေဂျာက ဆိုသည်။တည်းခိုခန်းနှင့် ဟိုတယ်တို့၏ စျေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော စျေးနှုန်းများလည်းဖြစ်သည်။ ရန်ကုန် မြို့ရှိ နေရာတိုင်းလိုလိုတွင် အချိန် ပိုင်းတည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ အပြာ စာများကို အင်တာနက်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်းအတွင်းဖြစ်စေ ထည့် သွင်းကြည့်ရှုနိုင်လာခြင်းက ကာမ စိတ်ကို အချိန်မရွေး နိုးဆွပေးလာပြီ ဖြစ်သည်။တည်းခိုခန်း၊ ဟိုတယ်များသို့ မ သွားဘဲ ရိုးရိုးသားသား ချစ်ကြိုက်နေ ကြသည့် စုံတွဲများလည်း အများအ ပြားရှိပါသည်။နို်င်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ် စွာနေထိုင်ခွင့်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင်မကျမချင်းသည် မိဘ အုပ်ထိန်းမှုလက်အောက်တွင်သာ ရှိ သေးသည်။ သို့ရာတွင်တော့ တစ်နယ် တစ်ကြေးမှ လာရောက်အလုပ်လုပ် ကိုင်သူများအနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘလက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့ နယ်မှ လာရောက်အလုပ် လုပ်ကိုင်သူများအနေဖြင့် အဆောင် များတွင်နေကြပြီး အဆောင်၏ အုပ် ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည် သာဖြစ်သည်။“ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့ လွတ်လပ်ခွင့်နဲ့ သူပေါ့”ဟု လမ်းမ တော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့် ထားသည့် အမျိုးသမီးကြီးက ပြော သည်။ရုံးပိတ်ရက်များတွင် သူမအ ဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုး အိမ်တွင် သွားအိပ်သည်ဟု အ ကြောင်းပြကာ ပြန်မလာတတ်ကြောင်း တဆက်တည်းပြောသည်။ယခင်ခေတ်ဟောင်းက အ ဆောင်များသည် မိဘကိုယ်တိုင် အ ဆောင်သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင် များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှအလုပ်လာရောက် လုပ်ကိုင်သူများနှင့် ကျောင်းလာတက် သူ အမျိုးသမီးအချို့မှာ ရည်းစားနှင့် တစ်အိမ်ထဲအတူနေခြင်းများလည်း ရှိလာသည်။“နှစ်ယောက်အတူတူ အိမ်ငှား နေလိုက်တော့ ပြီးတာပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့”နယ် မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ် ငှားနေထိုင်သူ အသက် ၂၅ နှစ်အ ရွယ် ရန်ကုန်သား ကိုပြည့်စုံကပြော သည်။ သို့ရာတွင် သူတို့အမှန်တ ကယ် တရားဝင်လက်ထပ်မည့်ရက် ကိုတော့ သူတို့ကိုယ်တိုင် မသိသေး ကြောင်းဆိုသည်။ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ် မီ အတူနေခြင်းဆိုသည်မှာ မဆန်း တော့ပြီဖြစ်သည်။ ထိုသို့ အတူနေ ခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာလည်း နည်းလမ်း တစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ သမီးရည်းစားများ ၏ အခြေအနေမှာ နခနန ၂ များ ရောင်းအားကောင်းနေခြင်းဟာ လိင် ကိစ္စကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ နခနန ၂ တရားဝင်ဖြန့်ဖြူး သူတို့၏ အဆိုအရ တစ်လလျှင် ကဒ် ရေ ၃၀၀၀၀ ခန့်ရောင်းရပြီး နောက် တစ်မျိုးဖြစ်သည့် ဏငူူ ၇၂ ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ အဆို ပါဆေးများကို နယ်စပ်များမှ တရား မဝင် ဝင်ရောက်မှုများလည်း ရှိနေ ကြောင်း တရားဝင်ဖြန့်ဖြူးသူတို့က ဆိုသည်။ လက်လီဆေးဆိုင်များတွင် တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကဒ် မှ ၁၅ ကဒ်ခန့် ရောင်းရကြောင်း ဆို ကြသည်။ဆေးပညာအရ အမျိုးသမီး ရာ သီမလာမီ တစ်ပတ်၊ လာပြီးတစ်ပတ် အတွင်း လိင်ဆက်ဆံပါက ပုံမှန် အားဖြင့် ကိုယ်ဝန်မရတတ်ဟု ဆို ထားသည်။ ကြားရက်များတွင် လိင် ဆက်ဆံမိပါက နခနန ၂ ကဲ့သို့ အ ရေးပေါ် သေန္ဓတားဆေးကိုသောက် ရန် လိုမည်ဖြစ်သည်။ လိင်ဆက်ဆံ တိုင်း ကွန်ဒုံအးသုံးပြုရမည်ဟု ဆို ထားသော်လည်း များသောအားဖြင့် တော့ ကွန်ဒုံးကို ပြည့်တန်ဆာများ နှင့် ဆက်ဆံမှသာ အသုံးပြုကြ သည်။

ဆရာဝန်များကတော့ အရေးပေါ် သန္ဓေတားဆေးများသည် စိတ်မချ ရကြောင်း ပြောကြပြီး ကွန်ဒုံးသုံးခြင်း သာလျှင် လုံခြုံစိတ်ချရကြောင်းပြော သည်။ အရေးပေါ် သန္ဓေတားဆေး များတွင်လည်း ဆရာဝန်၏ ညွှန် ကြားချက်ဖြင့်သာ သောက်သုံးရမည် ဟု စာတမ်းကပ်ထားသည်။ အရေး ပေါ်တားဆေးများမှာ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ခြင်းမရှိဘဲ ၇၉ ရာ ခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းထိသာ ကာ ကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။“သမီးရည်းစားဆိုပေမယ့် ဘယ် လိုပိုးတွေရှိမလဲ မပြောနိုင်ဘူးလေ။ ဒါကြောင့် ကွန်ဒုံးကို လိင်ဆက်ဆံ တိုင်းသုံးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဝန်လဲမရ၊ ရောဂါလည်းမရတော့ ဘူးပေါ့”နေဆေးခန်းမှ ဆရာဝန်က ပြောသည်။ သို့ရာတွင် သမီးရည်း စားချင်း လိင်ဆက်ဆံရာတွင်တော့ ကွန်ဒုံးအသုံးပြုမှုနည်းပါးကြသည်။

“ကိုယ့်ရည်းစားနဲ့ကတော့ စိတ် ချရတယ်လေ။ ဒါကြောင့် ကွန်ဒုံး မသုံးဘူး”ဟိုအသက် ၂၀ အမျိုးသား ကပြောသည်။ သို့သော် မိန်းကလေး ကိုယ်ဝန်မရအောင် မည်ကဲ့သို့ လုပ် ဆောင်သည်ကိုတော့ သူမသိကြောင်း ပြောသည်။ရည်းစားနှင့် လိင်ဆက်ဆံသည့် အကြိမ်ရေများသည့် အမျိုးသမီးများ ကတော့ တားဆေးထိုးခြင်းနှင့် တစ် လဆေးသောက်ခြင်းတို့ကို ပြုလုပ် ကြသည်။ များသောအားဖြင့် တစ်လ တားဆေးကို အသုံးပြုကြသည့်အ တွက် ဆေးခန်းများတွင် တစ်လခံ ထိုးဆေးမှာ အမြဲလိုလိုပြတ်လေ့ရှိ ကြောင်း ကမာရွတ်မြို့နယ်ရှိ နေတံ ဆိပ်ဆေးခန်းတစ်ခုက ဆိုသည်။“တစ်လခံဆေးက ရွှေထက် တောင်ရှားတယ်”ယင်းဆေးခန်း ဆ ရာဝန်ကပြောသည်။ သုံးလခံဆေး များမှာ ရာသီလာခြင်းမရှိသည့်အ တွက် အသုံးပြုမှုနည်းပါးသည်။

တစ်လခံသောက်ဆေး ဥု က တော့ ကျပ်ငွေ ရာဂဏန်းဖြင့် အ လွယ်တကူရသဖြင့် အသောက်များ ကြသည်။ သို့ရာတွင် နေ့စဉ်အချိန် မှန်မှန်သောက်ရခြင်းကို အမျိုးသမီး များကမကြိုက်ကြပေ။ ထို့ပြင် သောက် ဆေးကြောင့် ဗိုက်အခေါက်ထူကာ ဗိုက်ပူလာကြောင်း ပုံမှန်သောက် သည့် အမျိုးသမီးများက ဆိုသည်။ ယခုနောက်ပိုင်းတွင် ခန္ဓာကိုယ်အ တွင်း ပစ္စည်းတစ်ခုခုထည့်ထားခြင်း ဖြင့် သန္ဓေတားနိုင်ကြောင်းလည်း သိရသည်။အချို့ကလည်း မိန်းမကိုယ်အ တွင်း သန္ဓေတားပစ္စည်းကို ထည့် ထားကြသည်။အရေးပေါ်တားဆေးသည် မုဒိမ်း ကျင့်ခံရသော အမျိုးသမီးများအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားခြင်းဖြစ် သော်လည်း ယခုအခါတွင် အမျိုးသ မီးများအတွက် မရှိမဖြစ်အရေးပါလာ ပြီဖြစ်သည်။ အရေးပေါ်တားဆေးကို တစ်ဘဝလုံးတွင် ၇ ကြိမ်ထက် ပိုမို သောက်မိပါက သားအိမ်ကို ထိခိုက် ပြီး ကလေးမရခြင်းနှင့် သားအိမ်ကင် ဆာကဲ့သို့ရောဂါများကို ရရှိစေကြောင်း ဆရာဝန်များက ဆိုကြသည်။

တားဆေးများမှာ ဆိုးကျိုးများစွာ ရှိသော်လည်း ဆေးသောက်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် အခြားဆိုး ကျိုးတစ်ခုကိုတော့ လူတိုင်းကြောက် ရွှံ့ကြသည်။“ယူပြီးလို့ ကလေးရတာ ပြဿ နာမရှိဘူး။ ကလေးရလို့ မင်္ဂလာ ဆောင်လိုက်ရရင် ခွေးဖြစ်ပြီ။ ဒီခေတ် မှာ ကလေးတစ်ယောက်အတွက် ကုန်ကျစရိတ်က နည်းတာမဟုတ် ဘူး”ဟု အသက် ၂၄ နှစ်အရွယ် မနေခြည်က ဆိုသည်။ဆေးမသောက်ခြင်းကြောင့် ကိုယ်ဝန်ရရှိလာပါကလည်း တနည်း နည်းဖြင့် ဖျက်ချကြသည်။ ယခင် ခေတ်ကကဲ့သို့ အရပ်လက်သည်ဖြင့် ထီးရိုးကို သားအိမ်ထဲထည့်မွှေခြင်း မဟုတ်တော့ဘဲ ဆေးထိုးခြင်း၊ ဆေး သောက်ခြင်းနှင့် လေဆုတ်ပြန်ဖြင့် ဖျက်ချခြင်းတို့ကို ပြုလုပ်နိုင်သော် လည်း အန္တရာယ်ကတော့ ရှိနေဆဲ ဖြစ်သည်။မည်သို့ဆိုစေ လိင်ဆက်ဆံခြင်း သည် ရှက်စရာကောင်းသည်ဟု လူ တိုင်းက ဆိုကြသော်လည်း ကျား/မ မရွေး ကြိုက်နှစ်သက်သော ကိစ္စ ဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေ တိုးပွားလာခြင်းက သက်သေတည် လျက်ရှိသည်။

သိပ္ပံအယူအဆကလည်း လိင် ကိစ္စသည် လူတို့၏ အခြေခံလိုအပ် ချက်ဖြစ်သည်ဟု ဆိုသည်။နောင်နှစ်များစွာမကြာမီ မြန်မာ ပြည်၌လည်း သမီးရည်းစားများ လိင် ဆက်ဆံသည့် အလေ့အထကို လက် မခံချင်ဘဲ လက်ခံလာရတော့မည် ဖြစ်သည့်အတွက် သမီးရှင်များအနေ ဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။ယောက်ျားလေးများအနေဖြင့် လည်း ယနေ့အချိန်အထိ အပျိုစင် ကိုသာ အိမ်ထောင်ပြုလိုသည့်စိတ် ရှိကြသော်လည်း အပျိုစင်ဘဝကို ယောက်ျားလေးများကပင် ယူသွား ခြင်းဖြစ်သည်။ နောက်မျိုးဆက်တစ် ခုတွင်တော့ ယောက်ျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည် မဟုတ်ပေ။ ထို့အတွက် လက်မထပ် မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စ တစ်ခုသာ ဖြစ်သွားပါလိမ့်မည်။

လက်မထပ်မီ လိင်ဆက်ဆံခြင်း ကို ပိတ်ပင်ကြမည်လား၊ သို့မဟုတ် လက်ခံနားလည်ပေးမည်လားက တော့ အငြင်းပွားဖွယ် ကိစ္စတစ်ခုအ ဖြစ် နောက်ဆယ်စုနှစ်တစ်စုကျော်ထိ ဆက်ရှိနေပါဦးမည်။စန်းစန်းတစ်ယောက် ဆေးနှစ် လုံးသောက်ပြီးပြီဖြစ်သည့်အတွက် သူမကိုယ်သူမ စိတ်ချသွားပြီဖြစ် သည်။ မနေ့က ရုံးပိတ်ရက်တွင် သူ မ၏ရည်းစားနှင့် ဖြစ်ပျက်ခဲ့သည်များ ကို စိတ်ကူးယဉ်ချင် ယဉ်နေပါလိမ့် မည်။ ညနေတွင် ရုံးဆင်းချိန်တွင် သူမရည်းစားနှင့် ရိုးရိုးသားသားတွေ့ ကြမည်။ သူမသည် ယနေ့ခေတ် မိန်းကလေးတစ်ဦးဖြစ်သည်။

ဇေယျစိုပြေ

The Ladies News Journal

No comments:

Post a Comment

Post Top Ad

Your Ad Spot