Breaking

Post Top Ad

Your Ad Spot

Thursday 29 November 2018

ထီထိုးထားရင္ ဒီစာေလးဖတ္ထားၾကပါ ဒါမွထီေပါက္ရင္ ဘာဆက္လုပ္ရမလဲ သိမွာပါ


[Zawgyi]
အဆင္​့ ၁။ သန္​း​ေခါင္​စာရင္​း မူရင္​းျပ၍ မိတၱဴ ​ေပးရပါသည္​။ မွတ္​ပံုတင္​ မူရင္​းျပ၍ မိတၱဴ ​ေပးရပါသည္​။ ပတ္​ပို႔စ္​ဓာတ္​ပံု ၁ ပံု ​ေပး၍ ​ေအာင္​ဘာ​ေလထီလက္​မွတ္​နံပါတ္​ႏွင္​့ ထီ​ေပါက္​သူ၏ အမည္​၊ မွတ္​ပံုတင္​နံပါတ္​၊​ ေနရပ္​လိပ္​စာ၊ ဆက္​သြယ္​ရန္​ ဖုန္​းနံပါတ္​တို႔ကို ျဖည္​့စြတ္​​ေရးသား၍ ဝဲဘက္​လက္​မျဖင္​့ လက္​​ေဘြနိတ္​​ေပးရပါသည္​။ ထီလက္​မွတ္​မ်ား၏ ​ေနာက္​​ေၾကာဘက္​တြင္​ ဝဲဘက္​လက္​မ၏ လက္​​ေဘြနိတ္​ၿပီး လက္​မွတ္​ထိုးရပါသည္​။

ပတ္​ပို႔စ္​ဓာတ္​ပံု ၂ ပံု ​ထပ္​ေပး၍ ​ေငြျဖဴ အျဖစ္​​ေၾကျငာရန္​ ထပ္​မံ၍ ​ေဖာင္​ျဖည္​့ၿပီး တံဆိပ္​​ေခါင္​း ၃၀၀ က်ပ္​တန္​ တစ္​ခုကပ္​​ေလ်ွာက္​ထားရျပန္​ပါသည္​။ တစ္​လၾကာမွ တစ္​​ေခါက္​ျပန္​ သြား၍ ​ေငြျဖဴ ျဖစ္​​ေၾကာင္​း ​ေထာက္​ခံစာရမည္​ဟုသိရပါသည္​။



(တံဆိပ္​ေခါင္​း ၃၀၀ က်ပ္​တန္​ကို ​ေအာင္​ဘာ​ေလထီဆု​ေငြထုတ္​​ေသာ​ ၃၇ လမ္​းတြင္​ မ​ေရာင္​းပါ။ ၃၆ လမ္​းသို႔သြား၍ တန္​းစီဝယ္​ရပါသည္​။ တန္​းမစီခ်င္​ပါက အျပင္​ဘက္​၌ အန္​တီတစ္​​ေယာက္​ထံတြင္​ ၅၀၀ က်ပ္​​ေပး၍ ဝယ္​ႏိုင္​ပါသည္​)

အဆင္​့ ၂။ အဆင္​့ ၁ ၿပီးပါက မိမိ၏ ထီလက္​မွတ္​ အတြက္​ စစ္​​ေဆးမႈ့ကို ၂ နာရီခန္​႔ ​ေစာင္​့ရပါသည္​။ စစ္​​ေဆးမႈ့ခံယူၿပီး​ေသာအခါ ဆု​ေၾကး​ေငြအတြက္​ ခ်က္​လက္​မွတ္​ ယူရန္​ ဆု​ေၾကး​ေငြထုတ္​​ေပး​ေသာဌာနခန္​းသို႔ သြားရ၏။ ၁ နာရီခန္​႔ ၾကာလ်ွင္​ အမည္​​ေခၚ၍ လက္​မွတ္​ထိုးခိုင္​းၿပီး ခ်က္​လက္​မွတ္​ ထုတ္​​ေပး၏။



အဆင္​့ ၃။ ဆု​ေၾကး​ေငြ ခ်က္​လက္​မွတ္​ကို ျမန္​မာ့စီးပြား​ေရးဘဏ္​ခဲြ အမွတ္​ ၅ သို႔သြား၍ထုတ္​ယူရပါသည္​။ (ဘဏ္​ ၅ သို႔ ဆု​ေၾကး​ေငြ ထုတ္​ယူဖို႔သြားမည္​ဆိုပါက ​ေန႔လည္​ ၃ နာရီမထိုးခင္​​ေရာက္​မွ ထုတ္​ယူႏိုင္​ပါသည္​။ သို႔မဟုတ္​ပါမူ ​ေနာက္​တစ္​​ေန႔မွ ထုတ္​ယူရႏိုင္​ပါသည္​။)

႐ိုးစင္​း​ေသာ အဆင္​့ ၃ ဆင္​့ကို ျဖတ္​​ေက်ာ္​​ ေတြ႔ၾကံဳခဲ့ဖူးပါၿပီ။

[Unicode]
အဆင့် ၁။ သန်းခေါင်စာရင်း မူရင်းပြ၍ မိတ္တူ ပေးရပါသည်။ မှတ်ပုံတင် မူရင်းပြ၍ မိတ္တူ ပေးရပါသည်။ ပတ်ပို့စ်ဓာတ်ပုံ ၁ ပုံ ပေး၍ အောင်ဘာလေထီလက်မှတ်နံပါတ်နှင့် ထီပေါက်သူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ဖြည့်စွတ်ရေးသား၍ ဝဲဘက်လက်မဖြင့် လက်ဘွေနိတ်ပေးရပါသည်။ ထီလက်မှတ်များ၏ နောက်ကြောဘက်တွင် ဝဲဘက်လက်မ၏ လက်ဘွေနိတ်ပြီး လက်မှတ်ထိုးရပါသည်။

ပတ်ပို့စ်ဓာတ်ပုံ ၂ ပုံ ထပ်ပေး၍ ငွေဖြူ အဖြစ်ကြေငြာရန် ထပ်မံ၍ ဖောင်ဖြည့်ပြီး တံဆိပ်ခေါင်း ၃၀၀ ကျပ်တန် တစ်ခုကပ်လျှောက်ထားရပြန်ပါသည်။ တစ်လကြာမှ တစ်ခေါက်ပြန် သွား၍ ငွေဖြူ ဖြစ်ကြောင်း ထောက်ခံစာရမည်ဟုသိရပါသည်။

(တံဆိပ်ခေါင်း ၃၀၀ ကျပ်တန်ကို အောင်ဘာလေထီဆုငွေထုတ်သော ၃၇ လမ်းတွင် မရောင်းပါ။ ၃၆ လမ်းသို့သွား၍ တန်းစီဝယ်ရပါသည်။ တန်းမစီချင်ပါက အပြင်ဘက်၌ အန်တီတစ်ယောက်ထံတွင် ၅၀၀ ကျပ်ပေး၍ ဝယ်နိုင်ပါသည်)

အဆင့် ၂။ အဆင့် ၁ ပြီးပါက မိမိ၏ ထီလက်မှတ် အတွက် စစ်ဆေးမှု့ကို ၂ နာရီခန့် စောင့်ရပါသည်။ စစ်ဆေးမှု့ခံယူပြီးသောအခါ ဆုကြေးငွေအတွက် ချက်လက်မှတ် ယူရန် ဆုကြေးငွေထုတ်ပေးသောဌာနခန်းသို့ သွားရ၏။ ၁ နာရီခန့် ကြာလျှင် အမည်ခေါ်၍ လက်မှတ်ထိုးခိုင်းပြီး ချက်လက်မှတ် ထုတ်ပေး၏။

အဆင့် ၃။ ဆုကြေးငွေ ချက်လက်မှတ်ကို မြန်မာ့စီးပွားရေးဘဏ်ခွဲ အမှတ် ၅ သို့သွား၍ထုတ်ယူရပါသည်။ (ဘဏ် ၅ သို့ ဆုကြေးငွေ ထုတ်ယူဖို့သွားမည်ဆိုပါက နေ့လည် ၃ နာရီမထိုးခင်ရောက်မှ ထုတ်ယူနိုင်ပါသည်။ သို့မဟုတ်ပါမူ နောက်တစ်နေ့မှ ထုတ်ယူရနိုင်ပါသည်။)

ရိုးစင်းသော အဆင့် ၃ ဆင့်ကို ဖြတ်ကျော် တွေ့ကြုံခဲ့ဖူးပါပြီ။

No comments:

Post a Comment

Post Top Ad

Your Ad Spot