Breaking

Post Top Ad

Your Ad Spot

Saturday 8 December 2018

ေနျပည္ေတာ္က ၫႊန္မႉးတဦး၏ ေနအိမ္ကို သကၤန္းဝတ္တဦးက ဝင္ေရာက္ လုယက္မႈျဖစ္ပြား


[Zawgyi]
ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ ပညာသိဒၵိရပ္ကြက္၊ ခေရအိမ္ရာ တိုက္အမွတ္ ၁၉ တြင္ ေနထိုင္ေသာ ဗဟိုဘဏ္ ၫႊန္ၾကားေရးမႉး ေဒၚလဲ့လဲ့ႏု ၏ ေနအိမ္သို႔ သကၤန္းဝတ္တဦးက ဝင္ေရာက္ လုယက္မႈ ဒီဇင္ဘာလ ၈ ရက္ နံနက္က ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေဒၚလဲ့လဲ့ႏုသည္ ေဈးသြားဝယ္ရာမွ ျပန္လာစဥ္ သကၤန္းဝတ္တဦးက အိပ္ခန္းအတြင္းရွိ စလင္းဘက္အိတ္အတြင္းမွ ပိုက္ဆံမ်ားကို ႏႈိက္ယူေနသည္ကို ေတြ႕ရေၾကာင္း၊ အဆိုပါ သကၤန္းဝတ္ထားသူက ေဒၚလဲ့လဲ့ႏုအား တြန္းလွဲ၍ ပါးစပ္ကို သကၤန္းျဖင့္ ပိတ္ၿပီး လည္ပင္းကို ျမက္ျဖတ္ကတ္ေၾကးျဖင့္ေထာက္၍ “ေအာ္ဟစ္ရင္ သတ္ပစ္မယ္” ဟု ၿခိမ္းေျခာက္ကာ ေငြက်ပ္ သုံးသိန္းေက်ာ္ ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္ (၅) နယ္ေျမရဲစခန္းမွ သိရသည္။

အဆိုပါလုယက္မႈေၾကာင့္ အသက္ ၅၆ ႏွစ္အ႐ြယ္ရွိ ေဒၚလဲ့လဲ့ႏုတြင္ ျပင္ပဒဏ္ရာႀကီးႀကီးမားမား မရခဲ့ေသာ္လည္း ခါးနာက်င္မႈကို ခံစားေနရသျဖင့္ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံတြင္ ကုသမႈခံယူခဲ့ရေၾကာင္း သိရသည္။

ေဒၚလဲ့လဲ့ႏု က “ေသြးထြက္သံယိုျဖစ္ေအာင္ ထိုးတာ ႀကိတ္တာ မလုပ္ေအာင္ က်မလိမ္လိမ္မာမာ လုပ္လိုက္တဲ့ အခါက်ေတာ့  ေအးေအးေဆးေဆး ဆင္းသြားတာေပါ့။ အခုၾကေတာ့ တြန္းလွဲတာ ေဆာင့္တြန္းတာေတြ ထုထားေထာင္း ထားတာေတြေၾကာင့္  ခါးေတြထိုင္လို႔မရ ထလို႔မရျဖစ္ေနလို႔ပါ။ အခုက ကုတင္ ၁၀၀၀ မွာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

သကၤန္းဝတ္ တရားခံကို အျမန္ဆုံးဖမ္းဆီး အေရးယူႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႕က ရွာေဖြမႈမ်ား ျပဳလုပ္ေနၿပီး အခင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္ (၅) နယ္ေျမရဲစခန္းတြင္ (ပ) ၅၁/ ၂၀၁၈၊ ရာဇသတ္ႀကီးဥ့ပေဒပုဒ္မ ၃၈၆ ျဖင့္ စစ္ေဆးေဆာင္႐ြက္လွ်က္ ရွိေၾကာင္း သိရသည္။

အမွတ္ (၅) နယ္ေျမရဲစခန္းမႉး ရဲအုပ္ေဇာ္မင္း က “ ျဖစ္ႏိုင္တဲ့ ေနရာေတြကို လိုက္ၿပီး စုံစမ္းေနတုန္းပါခင္ဗ်၊ သတင္းအတိအက် မရေသးပါဘူး။ ဘယ္ေက်ာင္းကမွန္းလဲ မသိရေသးပါဘူး”ဟု ေျပာသည္။

အခင္းျဖစ္ခ်ိန္တြင္ အမ်ိဳးသားျဖစ္သူမွာ ေအာက္၌ ကားျပင္ေနခဲ့ၿပီး ေဈးဝယ္ရာတြင္ ေဈးဖိုးမေလာက္သျဖင့္ ပိုက္ဆံျပန္ယူခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ေနအိမ္ေရွ႕ျပတင္းေပါက္မ်ားကို ပိတ္ထားသကဲ့သို႔ တံခါးမႀကီးကိုလည္း ေသာ့ခတ္ထားသျဖင့္ အိမ္ေနာက္ဘက္ မီးဖိုျပတင္းေပါက္မွ ဝင္ေရာက္လာသည္ဟု ယူဆရေၾကာင္း၊ သကၤန္းဝတ္ ယပ္ေတာင္ တေခ်ာင္းကို လွ်ပ္စစ္မီးဖိုေပၚတြင္ က်န္ရစ္ခဲ့ေၾကာင္းလည္း ေဒၚလဲ့လဲ့ႏုက ေျပာသည္။

ေဒၚလဲ့လဲ့ႏု က “က်မကို မေအာ္ဖို႔ သူလုပ္တာေပါ့။ လည္ပင္းကို ညႇစ္တယ္။ ပါးစပ္ကို သကၤန္းနဲ႔ဆို႔တယ္။ ေအာ္လို႔မရဘူး။ အသက္ရႈလို႔လည္း မရဘူး။ သမံတလင္းေပၚကို ေဆာင့္ၿပီးတြန္းလွဲတယ္။ အဲမွာ က်မက အေလွ်ာ့ေပးရတာေပါ့၊ ၿငိမ္ၿငိမ္ျပန္ဆင္းသြားပါ လိုတာရွိယူပါ။  က်မ လႉလည္း လႉတတ္ပါတယ္။ ဒီလိုေတာ့ မလုပ္ပါနဲ႔ ေၾကာက္လြန္းလို႔ပါလို႔ ေျပာေတာ့ သူက  သူဆင္းသြားရင္ ေအာ္တာ တိုင္တာ မလုပ္ပါနဲ႔ ေအာ္တာတိုင္တာ လုပ္ရင္ အေသျပန္လာသတ္မယ္တဲ့ အဲဒီလို ေျပာၿပီး ဆင္းသြားပါတယ္” ဟု ေျပာသည္။

အဆိုပါသကၤန္းဝတ္ထားသူသည္ စေန၊ တနဂၤေႏြေန႔မ်ားတြင္ လာေရာက္အလႉခံေလ့ရွိၿပီး အခင္းျဖစ္ေန႔တြင္လည္း တိုက္တြင္ ေနထိုင္သူမ်ားကလည္း ေငြလႉဒါန္းခဲ့ေၾကာင္းလည္း အနီးဝန္းက်င္ရွိ ေနထိုင္သူမ်ားထံမွ သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလကုန္ပိုင္းက  ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္ရွိ အရာရွိအိမ္ရာတခုျဖစ္ေသာ ရာဇသဂၤဟ အိမ္ရာတြင္  ကုမၸဏီပိုင္ရွင္အမ်ိဳးသမီးတဦးကို ၎၏ ဝန္ထမ္းေဟာင္းက ဓားျဖင့္ထိုးသတ္၍ အေလာင္းကို မီးရႈိ႕မႈ ျဖစ္ပြားခဲ့သည္။

Credit Tun Shwe

[Unicode]
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဒိရပ်ကွက်၊ ခရေအိမ်ရာ တိုက်အမှတ် ၁၉ တွင် နေထိုင်သော ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့နု ၏ နေအိမ်သို့ သင်္ကန်းဝတ်တဦးက ဝင်ရောက် လုယက်မှု ဒီဇင်ဘာလ ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်လဲ့လဲ့နုသည် ဈေးသွားဝယ်ရာမှ ပြန်လာစဉ် သင်္ကန်းဝတ်တဦးက အိပ်ခန်းအတွင်းရှိ စလင်းဘက်အိတ်အတွင်းမှ ပိုက်ဆံများကို နှိုက်ယူနေသည်ကို တွေ့ရကြောင်း၊ အဆိုပါ သင်္ကန်းဝတ်ထားသူက ဒေါ်လဲ့လဲ့နုအား တွန်းလှဲ၍ ပါးစပ်ကို သင်္ကန်းဖြင့် ပိတ်ပြီး လည်ပင်းကို မြက်ဖြတ်ကတ်ကြေးဖြင့်ထောက်၍ “အော်ဟစ်ရင် သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ကာ ငွေကျပ် သုံးသိန်းကျော် ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါလုယက်မှုကြောင့် အသက် ၅၆ နှစ်အရွယ်ရှိ ဒေါ်လဲ့လဲ့နုတွင် ပြင်ပဒဏ်ရာကြီးကြီးမားမား မရခဲ့သော်လည်း ခါးနာကျင်မှုကို ခံစားနေရသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ဒေါ်လဲ့လဲ့နု က “သွေးထွက်သံယိုဖြစ်အောင် ထိုးတာ ကြိတ်တာ မလုပ်အောင် ကျမလိမ်လိမ်မာမာ လုပ်လိုက်တဲ့ အခါကျတော့  အေးအေးဆေးဆေး ဆင်းသွားတာပေါ့။ အခုကြတော့ တွန်းလှဲတာ ဆောင့်တွန်းတာတွေ ထုထားထောင်း ထားတာတွေကြောင့်  ခါးတွေထိုင်လို့မရ ထလို့မရဖြစ်နေလို့ပါ။ အခုက ကုတင် ၁၀၀၀ မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

သင်္ကန်းဝတ် တရားခံကို အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေပြီး အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) နယ်မြေရဲစခန်းတွင် (ပ) ၅၁/ ၂၀၁၈၊ ရာဇသတ်ကြီးဥ့ပဒေပုဒ်မ ၃၈၆ ဖြင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

အမှတ် (၅) နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်း က “ ဖြစ်နိုင်တဲ့ နေရာတွေကို လိုက်ပြီး စုံစမ်းနေတုန်းပါခင်ဗျ၊ သတင်းအတိအကျ မရသေးပါဘူး။ ဘယ်ကျောင်းကမှန်းလဲ မသိရသေးပါဘူး”ဟု ပြောသည်။

အခင်းဖြစ်ချိန်တွင် အမျိုးသားဖြစ်သူမှာ အောက်၌ ကားပြင်နေခဲ့ပြီး ဈေးဝယ်ရာတွင် ဈေးဖိုးမလောက်သဖြင့် ပိုက်ဆံပြန်ယူချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်ရှေ့ပြတင်းပေါက်များကို ပိတ်ထားသကဲ့သို့ တံခါးမကြီးကိုလည်း သော့ခတ်ထားသဖြင့် အိမ်နောက်ဘက် မီးဖိုပြတင်းပေါက်မှ ဝင်ရောက်လာသည်ဟု ယူဆရကြောင်း၊ သင်္ကန်းဝတ် ယပ်တောင် တချောင်းကို လျှပ်စစ်မီးဖိုပေါ်တွင် ကျန်ရစ်ခဲ့ကြောင်းလည်း ဒေါ်လဲ့လဲ့နုက ပြောသည်။

ဒေါ်လဲ့လဲ့နု က “ကျမကို မအော်ဖို့ သူလုပ်တာပေါ့။ လည်ပင်းကို ညှစ်တယ်။ ပါးစပ်ကို သင်္ကန်းနဲ့ဆို့တယ်။ အော်လို့မရဘူး။ အသက်ရှုလို့လည်း မရဘူး။ သမံတလင်းပေါ်ကို ဆောင့်ပြီးတွန်းလှဲတယ်။ အဲမှာ ကျမက အလျှော့ပေးရတာပေါ့၊ ငြိမ်ငြိမ်ပြန်ဆင်းသွားပါ လိုတာရှိယူပါ။  ကျမ လှူလည်း လှူတတ်ပါတယ်။ ဒီလိုတော့ မလုပ်ပါနဲ့ ကြောက်လွန်းလို့ပါလို့ ပြောတော့ သူက  သူဆင်းသွားရင် အော်တာ တိုင်တာ မလုပ်ပါနဲ့ အော်တာတိုင်တာ လုပ်ရင် အသေပြန်လာသတ်မယ်တဲ့ အဲဒီလို ပြောပြီး ဆင်းသွားပါတယ်” ဟု ပြောသည်။

အဆိုပါသင်္ကန်းဝတ်ထားသူသည် စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်အလှူခံလေ့ရှိပြီး အခင်းဖြစ်နေ့တွင်လည်း တိုက်တွင် နေထိုင်သူများကလည်း ငွေလှူဒါန်းခဲ့ကြောင်းလည်း အနီးဝန်းကျင်ရှိ နေထိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက  နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အရာရှိအိမ်ရာတခုဖြစ်သော ရာဇသင်္ဂဟ အိမ်ရာတွင်  ကုမ္ပဏီပိုင်ရှင်အမျိုးသမီးတဦးကို ၎င်း၏ ဝန်ထမ်းဟောင်းက ဓားဖြင့်ထိုးသတ်၍ အလောင်းကို မီးရှို့မှု ဖြစ်ပွားခဲ့သည်။
Credit Tun Shwe 

No comments:

Post a Comment

Post Top Ad

Your Ad Spot