Breaking

Post Top Ad

Your Ad Spot

Saturday 8 December 2018

ေအာင္ျမင္သူတုိ႔၏ မနက္ခင္းအက်င့္(၅)သြယ္


[Zawgyi]
၁။ မနက္ ေစာေစာထျခင္း

ေအာင္ျမင္သူအမ်ားစုဟာ မနက္ေစာေစာ ထတက္တဲ့ အေလ့အက်င့္ ရွိၾကပါတယ္။ လူေတာ္ေတာ္မ်ားမ်ား အိပ္ယာထ ပ်င္းတက္ၾကပါတယ္။ ေအာင္ျမင္သူ ေတြကေတာ့ အိပ္ယာက ထရတာကို ပိုႀကိဳက္ၾကပါတယ္။ သူတုိ႔ အိပ္ယာက ႏိုးၿပီဆုိတာနဲ႔ သူတုိ႔ျဖစ္ခ်င္တဲ့ အိမ္မက္ေတြ ဆက္လက္အေကာင္အထည္ ေဖၚႏိုင္မွာ မို္႔လုိ႔ျဖစ္ပါတယ္။ ဒါေပမယ့္ အိပ္တဲ့ အခ်ိန္မွာေတာ့ ေကာင္းေကာင္းမြန္မြန္ ေသေသခ်ာခ်ာ ခႏၶာကို္ယ္အားျပည့္ေအာင္ အိပ္တက္ၾကပါတယ္။ ဥပမာ စစ္ဘုရင္ နပိုလီယန္ ကိုၾကည့္ပါ။ စစ္ပြဲတုိင္းမွာ တက္တက္ၾကြၾကြ ႏိုးႏိုးၾကားၾကား ရွိသလုိ၊ အိပ္စက္နားယူခ်ိန္မွာလည္း ကေလးတစ္ေယာက္လုိ ႏွစ္ခ်ိဳက္စြာ အိပ္ေပ်ာ္တတ္တဲ့ အက်င့္ရွိပါတယ္။ တခါတေလမ်ား အိပ္တဲ့ တဲနန္းနားမွာ ဗံုးက်တာေတာင္ သူမသိလုိက္တဲ့ အျဖစ္အပ်က္ရွိခဲ့ဘူးပါတယ္။ အိပ္စက္ အနားယူခ်ိန္ ကို ၇ နာရီနဲ႔ ၈ နာရီ ၾကားသတ္မွတ္ၾကပါတယ္။ ဒါေပမယ့္ အေရးႀကီးဆုံးက ကို္ယ့္ခႏၶာနဲ႔ လုိက္ေလ်ာညီေထြရွိတဲ့ အိပ္စက္ အနားယူခ်ိန္ ေကာင္းေကာင္း ျဖစ္ဖုိ႔ ပိုလုိအပ္ပါတယ္။ လူ ေတာ္ေတာ္မ်ားမ်ား အိပ္ေရး မဝလုိ႔ ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ၾကာရွည္စြာ အိပ္စက္ၾကပါတယ္။ ကိုယ့္အိပ္စက္ခ်ိန္ဟာ ၈ နာရီအထက္ ပိုလုိအပ္ေနၿပီဆုိရင္ေတာ့ တခုခု မွားယြင္းေနပါၿပီ။ ကိုယ့္ အိပ္ယာေၾကာင့္လား၊ ဒါမွမဟုတ္ ကိုယ္စားတဲ့ အစားအေသာက္ ေၾကာင့္လား၊ ဒါမွမဟုတ္ မ်က္စိကို ဝန္ပိေစတဲ့ ရုပ္ရွင္ေတြ ဖုန္းေတြ အသံုးျပဳတာမ်ားေနတာ ေၾကာင့္လား၊ ဒါမွမဟုတ္ စိတ္ဖိစီးမႈေၾကာင့္လား။ အဓိက အရင္းအျမစ္ ကိုရွာပါ၊ အိပ္ေရးမဝ လုိ႔ ၾကာရွည္ ဆက္အိပ္မယ္ ဆုိတဲ့ အေၾကာင္းျပခ်က္ကို ႀကိဳးစားေဖ်ာက္ပါ။

၂။ လက္ရွိ ဘဝ အတြက္ ေက်းဇူးတင္ျခင္း

ေအာင္ျမင္သူ အမ်ားစုဟာ အနာဂတ္မွာ ေကာင္းသထက္ေကာင္းႏိုင္ဖုိ႔ အစဥ္မျပတ္ ႀကိဳးစား အားထုတ္ေနသလုိ ယခုလက္ရွိ ဘဝ အေျခအေနကိုလည္း ေန႔စဥ္ေက်းဇူးတင္ေလ့ရွိပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက လက္ရွိ အေျခအေနမႀကိဳက္လုိ႔ ေအာင္ျမင္ခ်င္ၾကပါတယ္။ သူတို႔မွာ လက္ရွိ အလုပ္ကို ဆက္လက္ လုပ္ကို္င္ေနတာကိုက စိတ္ဆင္းရဲ စရာႀကီးပါ။ သူတုိ႔ရဲ႕ စိတ္ဆင္းရဲမႈက စိတ္ထဲကေန အျပင္ပန္း သဏာ မွာပါ ေပၚပါတယ္။ ဒီအတြက္ သူနဲ႔ ဆက္ဆံရတဲ့ လူေတြကိုပါ စိတ္ဆင္းရဲမႈ ကူးေစပါတယ္။ လူတစ္ေယာက္က သူ႔ဘဝ အဆင္မေျပလုိ႔ အၿမဲ ညီးညဴေနရင္ ၾကားရျမင္ရတဲ့သူ စိတ္မသက္သာ သလုိပါပဲ။ မိသားစုဝင္ေတြလည္းပဲ စိတ္မခ်မ္းသာႏိုင္ပါဘူး။ ဒီအတြက္ ေအာင္ျမင္သူ အမ်ားစုဟာ သူတုိ႔လုိခ်င္တဲ့ ေအာင္ျမင္တဲ့ ဘဝကို ရဖုိ႔ ႀကိဳးစားေနစဥ္အတြင္မွာလည္းပဲ စိတ္ခ်မ္းသာမႈ စိတ္ရဲ႕ေပ်ာ္ရႊင္မႈ ျဖစ္ေစမယ့္ လက္ရွိဘဝကို ေက်းဇူးတင္တဲ့ နည္းကို သံုးက်ပါတယ္။ မနက္ေစာေစာမွာ ေအာင္ျမင္မႈကိုရရွိေအာင္ ႀကိဳးစားေနတယ့္ ကုိယ့္ဘဝကို ေက်နပ္လုိက္ရင္ တေန႔တာလံုး အားရ လန္းဆန္းေနမွာျဖစ္ပါတယ္။ အခက္အခဲ မွန္သမွ်ကိုလည္း စိတ္ဓာတ္ခုိင္ခုိင္မာမာနဲ႔ ေက်ာ္ျဖတ္ႏုိင္မွာျဖစ္ပါတယ္။ တကယ္လုိ႔ သင္လည္းပဲ ေအာင္ျမင္ဖုိ႔ ႀကိဳးစားေနသူတစ္ေယာက္ဆုိရင္ ေအာင္ျမင္မႈကို မဖမ္းဆုပ္ႏိုင္ခင္မွာ စိတ္ပ်က္အားေလွ်ာ့မေနပဲ လက္ရွိဘဝကို ေက်းဇူးတင္ၿပီး ေအာင္ျမင္ေတာ့မယ့္ အနာဂတ္ကိုေတြးကာ ေန႔စဥ္ စိတ္အားထက္သန္ေနဖုိ႔ က်င့္ပါ။

၃။ ကိုယ္လက္ လႈပ္ရွားျခင္း

ေအာင္ျမင္သူအမ်ားစု ဟာ က်န္းမာသူေတြပါ။ က်န္းမာေရး ဟာ အလြန္အေရးႀကီးမွန္း သူတုိ႔ေသခ်ာသိပါတယ္။ သူတို႔ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားလုပ္ကို္င္ခဲ့တဲ့ အသီးအပြင့္ကို ရရွိခ်ိန္မွာ သူတို႔က်န္းမာေနပါမွ စိတ္ကူးခဲ့သလုိ သံုးေဆာင္ခံစားႏိုင္မွာပါ။ ကို္ယ္လိုခ်င္တဲ့ေအာင္ျမင္မႈကို ေနာက္ဆံုးရရွိခ်ိန္မွာ ကိုယ့္ရဲ႕ က်န္းမာေရးကေတာ့ ရံႈးနိမ့္မႈရရွိေနရင္ေတာ့ တကယ့္ေအာင္ျမင္မႈ မဟုတ္ပါဘူး။ ကိုယ္ေအာင္ျမင္ေအာင္ လုပ္ရင္းနဲ႔ ကိုယ့္ရဲ႕ က်န္းမာေရးကို ေပးဆပ္လုိက္ရမယ္၊ ဒါမွမဟုတ္ လစ္လ်ဴရွဴ ထားလုိ႔ ႏွလံုးမေကာင္းတာေတြ၊ အရိုးေတြ အေၾကာေတြ မေကာင္းေတာ့တာေတြ၊ ဆီးခ်ိဳေသြးခိ်ဳ ျဖစ္လုိ႔ ကိုယ္သံုးေဆာင္ခ်င္တာကို ပိုက္ဆံရွိရက္နဲ႔ မသံုးေဆာင္ႏိုင္ေတြ အမ်ားအမ်ားႀကီးျဖစ္ႏိုင္ပါတယ္။ ကိုယ့္အသက္နဲ႔ လဲလုိက္ရတဲ့ေအာင္ျမင္မူမ်ိဳးေတာ့ မျဖစ္မိပါေစနဲ႔။ ေအာင္ျမင္သူတုိ႔မွာ ကိုယ္တုိင္ေရးဆြဲထားတဲ့ က်န္းမာေရးေကာင္းေအာင္ ဘယ္လိုထိန္းသိမ္းမယ္ဆိုတဲ့ အစီအစဥ္အတိအက် ရွိပါတယ္။ က်န္းမာေရးေကာင္းေအာင္ ကိုယ္လက္ လႈပ္ရွားမႈ ပါေအာင္ ကစားၾကပါတယ္။

ကုိယ္လက္ လႈပ္ရွားျခင္းဟာ ေသြးေလ လွည့္ပတ္မႈေကာင္းၿပီး ခႏၶာကိုယ္က်န္းမာေစလုိ႔ ေန႔စဥ္ မနက္ေစာေစာ အလုပ္မစခင္မွာ လုပ္ေလ့ရွိၾကပါတယ္။ ဒါ့အျပင္ မနက္ေစာေစာလုပ္တဲ့အတြက္ ခႏၶာကိုယ္ ေလးလံထုိင္းမိႈင္းမူကိုလည္း ကာကြယ္ၿပီးသားျဖစ္ပါတယ္၊ ကိုယ္ပိုင္ အခ်ိန္ရလုိ႔ စိတ္ၾကည္လင္ပါတယ္၊ မနက္ေစာေစာျဖစ္တဲ့အတြက္ ေန႔စဥ္လုပ္ျဖစ္ၿပီး အလုပ္မွာ အခ်ိန္ပိုလုပ္ရရင္ေတာင္မွ ကိုယ္လက္ လႈပ္ရွားမႈ အစီအစဥ္ မပ်က္ေတာ့ပါဘူး။ သင္လည္းပဲ အစီအစဥ္ခ်ၿပီး မနက္ေစာေစာ ကုိယ္လက္ လႈပ္ရွားမႈစတင္ပါ။ အမ်ားႀကီးမလုပ္ႏိုင္ရင္ေတာင္ နည္းနည္းခ်င္းက စေလ့က်င့္ေပးပါ။ သင္က်န္းမာမွ ျဖစ္မယ္ဆုိတာ အၿမဲအမွတ္ရပါ။

၄။ တေန႔တာ အစီအစဥ္ကို အတိအက်သိျခင္း

ေအာင္ျမင္သူေတြမွာ တေန႔တာ မစခင္ မိမိဘာလုပ္ရမယ္၊ ဘယ္သြားရမယ္၊ ဘယ္သူနဲ႔ေတြ႔ရမယ္၊ ဘယ္အခ်ိန္မွာ နားရမယ္၊စားရမယ္ ဆုိတဲ့ အစီအစဥ္ရွိပါတယ္။ ဒီအစီအစဥ္ကို ညဦးမွာ ေရးဆြဲၿပီး မနက္ အလုပ္မလုပ္ခင္မွာ ျပန္လည္သံုးသပ္ပါတယ္။ ေက်ာင္းသားတစ္ေယာက္ စာေမးပြဲေျဖဖုိ႔ ညက စာအကုန္ေၾကညက္ေအာင္ က်က္ထားၿပီး မနက္မွာ ျပန္ေႏႊးသလုိပါပဲ။ အဲ့ေတာ့ အလုပ္လုပ္တဲ့အခ်ိန္မွာ ဘယ္အလုပ္ကို ဘယ္အခ်ိန္မွာ လုပ္ရမယ္ဆုိတာသိၿပီး ဆက္တိုက္အစီအစဥ္ အတိုင္း လုပ္သြားလုိက္ယံုပါပဲ။ အခက္အခဲ အရမ္းနည္းသြားပါတယ္။ ရွိခဲ့ရင္လည္း တျခား အလုပ္ေတြမွာ အစီအစဥ္တုိင္းၿပီးခဲ့ေတာ့ ေအာင္ျမင္တဲ့ စိတ္ဓာတ္အရွိန္ရေနတဲ့အတြက္ အလြယ္တကူပဲ ေျဖရွင္း ေက်ာ္လႊားႏိုင္ပါတယ္။ အလုပ္ကို ေအာင္ႏုိင္သူေတြေပါ့ဗ်ာ။ သင္လည္းပဲ မနက္မွာ တေန႔စာ ကိုယ္ဘာလုပ္ရမယ္ဆုိတာကို အစီအစဥ္ဆြဲပါ၊ ျပန္လည္သံုးသပ္ပါ။ အလုပ္ကို ေအာင္ႏိုင္သူျဖစ္ပါေစ။

၅။ အၿပံဳးႏွင့္ စတင္ျခင္း

ေအာင္ျမင္သူေတြဟာ အၿမဲအၿပံဳးတပြင့္ ဆင္ထားႏိုင္ၾကပါတယ္။ ပထမ တခ်က္ကေတာ့ ဘဝကိုေအာင္ျမင္ေအာင္ လုပ္ေနတဲ့ ကိုယ့္ကုိကုိယ္ ေက်နပ္လုိ႔ျဖစ္ၿပီး၊ ဒုတိယ တခ်က္ကေတာ့ မလုိလားအပ္တဲ့ စိတ္ညစ္ညဴးမႈေတြက ပေပ်ာက္ေအာင္ျဖစ္ပါတယ္။ ေန႔တေန႔ရဲ႕ မနက္မွာ အၿပံဳးနဲ႔ စတင္တဲ့အတြက္ ေတြ႔ရတဲ့လူေတြကလည္း ခ်စ္ခင္ၾကပါတယ္။ ဘယ္သူမဆုိ ၿပံဳးထားရင္ အင္မတန္ ခ်စ္ခင္ဖြယ္ေကာင္းပါတယ္။ ခ်စ္ခင္ဖုိ႔ ေကာင္းေနတဲ့လူကို စိတ္ညစ္ေအာင္လုပ္ဖုိ႔ ဘယ္သူမွ မႀကံစည္ပါဘူး။ တခ်က္ၿပံဳးရင္ တရက္အသက္ပိုရွည္ဆုိသလုိ သင္ၿပံဳးတုိင္း သင့္ရဲ႕ ခႏၶာကိုယ္က ေက်းဇူးတင္ေနမွာပါ။ (ျပန္ေတာင္ ၿပံဳးျပေနမွာပါ)။ သင္လည္း မနက္ေစာေစာကုိ အၿပံဳးႏုနဲ႔ စတင္လုိက္ပါ။ ဘယ္သူေတြဘာေတြေျပာေျပာ အၿပံဳးနဲ႔ ေနႏိုင္တာကိုက စိတ္ခ်မ္းသာစရာ ေနာက္တစ္မ်ိဳးပါ။

အားလံုး ခ်ံဳေျပာရရင္ေတာ့ သင္လည္း ေအာင္ျမင္ခ်င္သူ တစ္ေယာက္ျဖစ္ခ်င္ရင္ ေအာင္ျမင္သူေတြရဲ႕ အက်င့္ကုိ က်င့္ဖုိ႔လုိအပ္ပါတယ္။ အထက္မွာ ေျပာခဲ့သလုိ ၁။ မနက္ေစာေစာထျခင္း ၂။ လက္ရွိဘဝအတြက္ ေက်းဇူးတင္ျခင္း ၃။ ကုိယ္လက္လႈပ္ရွားျခင္း ၄။ တေန႔တာ အစီအစဥ္ကို အတိအက်သိျခင္း ၅။ အၿပံဳးနဲ႔စတင္ျခင္း ျဖင့္ ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚ အျမန္ဆံုး နင္းမိၿပီး ေအာင္ျမင္ႏုိင္ပါေစလုိ႔။။

(စာဖတ္ျခင္းက သင့္ကို ဗဟုသုတ တိုးတက္ေစသလုိ၊ တကယ္ လုိက္နာက်င့္သံုးျခင္းဟာလည္း သင္လုိခ်င္တဲ့ အိမ္မက္ကို အေကာင္အထည္ေဖၚႏိုင္ပါတယ္။ စာဖတ္ျခင္းနဲ႔ မရပ္တံ့ပါနဲ႔လုိ႔ အႀကံေပးရင္း)

ကုိသူရ
(Saving The Minds)
Founder of SuccessUpsize.com

[Unicode]
၁။ မနက် စောစောထခြင်း

အောင်မြင်သူအများစုဟာ မနက်စောစော ထတက်တဲ့ အလေ့အကျင့် ရှိကြပါတယ်။ လူတော်တော်များများ အိပ်ယာထ ပျင်းတက်ကြပါတယ်။ အောင်မြင်သူ တွေကတော့ အိပ်ယာက ထရတာကို ပိုကြိုက်ကြပါတယ်။ သူတို့ အိပ်ယာက နိုးပြီဆိုတာနဲ့ သူတို့ဖြစ်ချင်တဲ့ အိမ်မက်တွေ ဆက်လက်အကောင်အထည် ဖေါ်နိုင်မှာ မို့်လို့ဖြစ်ပါတယ်။ ဒါပေမယ့် အိပ်တဲ့ အချိန်မှာတော့ ကောင်းကောင်းမွန်မွန် သေသေချာချာ ခန္ဓာကိုယ်အားပြည့်အောင် အိပ်တက်ကြပါတယ်။ ဥပမာ စစ်ဘုရင် နပိုလီယန် ကိုကြည့်ပါ။ စစ်ပွဲတိုင်းမှာ တက်တက်ကြွကြွ နိုးနိုးကြားကြား ရှိသလို၊ အိပ်စက်နားယူချိန်မှာလည်း ကလေးတစ်ယောက်လို နှစ်ချိုက်စွာ အိပ်ပျော်တတ်တဲ့ အကျင့်ရှိပါတယ်။ တခါတလေများ အိပ်တဲ့ တဲနန်းနားမှာ ဗုံးကျတာတောင် သူမသိလိုက်တဲ့ အဖြစ်အပျက်ရှိခဲ့ဘူးပါတယ်။ အိပ်စက် အနားယူချိန် ကို ၇ နာရီနဲ့ ၈ နာရီ ကြားသတ်မှတ်ကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက ကိုယ့်ခန္ဓာနဲ့ လိုက်လျောညီထွေရှိတဲ့ အိပ်စက် အနားယူချိန် ကောင်းကောင်း ဖြစ်ဖို့ ပိုလိုအပ်ပါတယ်။ လူ တော်တော်များများ အိပ်ရေး မဝလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြာရှည်စွာ အိပ်စက်ကြပါတယ်။ ကိုယ့်အိပ်စက်ချိန်ဟာ ၈ နာရီအထက် ပိုလိုအပ်နေပြီဆိုရင်တော့ တခုခု မှားယွင်းနေပါပြီ။ ကိုယ့် အိပ်ယာကြောင့်လား၊ ဒါမှမဟုတ် ကိုယ်စားတဲ့ အစားအသောက် ကြောင့်လား၊ ဒါမှမဟုတ် မျက်စိကို ဝန်ပိစေတဲ့ ရုပ်ရှင်တွေ ဖုန်းတွေ အသုံးပြုတာများနေတာ ကြောင့်လား၊ ဒါမှမဟုတ် စိတ်ဖိစီးမှုကြောင့်လား။ အဓိက အရင်းအမြစ် ကိုရှာပါ၊ အိပ်ရေးမဝ လို့ ကြာရှည် ဆက်အိပ်မယ် ဆိုတဲ့ အကြောင်းပြချက်ကို ကြိုးစားဖျောက်ပါ။

၂။ လက်ရှိ ဘဝ အတွက် ကျေးဇူးတင်ခြင်း

အောင်မြင်သူ အများစုဟာ အနာဂတ်မှာ ကောင်းသထက်ကောင်းနိုင်ဖို့ အစဉ်မပြတ် ကြိုးစား အားထုတ်နေသလို ယခုလက်ရှိ ဘဝ အခြေအနေကိုလည်း နေ့စဉ်ကျေးဇူးတင်လေ့ရှိပါတယ်။ လူတော်တော်များများက လက်ရှိ အခြေအနေမကြိုက်လို့ အောင်မြင်ချင်ကြပါတယ်။ သူတို့မှာ လက်ရှိ အလုပ်ကို ဆက်လက် လုပ်ကိုင်နေတာကိုက စိတ်ဆင်းရဲ စရာကြီးပါ။ သူတို့ရဲ့ စိတ်ဆင်းရဲမှုက စိတ်ထဲကနေ အပြင်ပန်း သဏာ မှာပါ ပေါ်ပါတယ်။ ဒီအတွက် သူနဲ့ ဆက်ဆံရတဲ့ လူတွေကိုပါ စိတ်ဆင်းရဲမှု ကူးစေပါတယ်။ လူတစ်ယောက်က သူ့ဘဝ အဆင်မပြေလို့ အမြဲ ညီးညူနေရင် ကြားရမြင်ရတဲ့သူ စိတ်မသက်သာ သလိုပါပဲ။ မိသားစုဝင်တွေလည်းပဲ စိတ်မချမ်းသာနိုင်ပါဘူး။ ဒီအတွက် အောင်မြင်သူ အများစုဟာ သူတို့လိုချင်တဲ့ အောင်မြင်တဲ့ ဘဝကို ရဖို့ ကြိုးစားနေစဉ်အတွင်မှာလည်းပဲ စိတ်ချမ်းသာမှု စိတ်ရဲ့ပျော်ရွှင်မှု ဖြစ်စေမယ့် လက်ရှိဘဝကို ကျေးဇူးတင်တဲ့ နည်းကို သုံးကျပါတယ်။ မနက်စောစောမှာ အောင်မြင်မှုကိုရရှိအောင် ကြိုးစားနေတယ့် ကိုယ့်ဘဝကို ကျေနပ်လိုက်ရင် တနေ့တာလုံး အားရ လန်းဆန်းနေမှာဖြစ်ပါတယ်။ အခက်အခဲ မှန်သမျှကိုလည်း စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင်လည်းပဲ အောင်မြင်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင် အောင်မြင်မှုကို မဖမ်းဆုပ်နိုင်ခင်မှာ စိတ်ပျက်အားလျှော့မနေပဲ လက်ရှိဘဝကို ကျေးဇူးတင်ပြီး အောင်မြင်တော့မယ့် အနာဂတ်ကိုတွေးကာ နေ့စဉ် စိတ်အားထက်သန်နေဖို့ ကျင့်ပါ။

၃။ ကိုယ်လက် လှုပ်ရှားခြင်း

အောင်မြင်သူအများစု ဟာ ကျန်းမာသူတွေပါ။ ကျန်းမာရေး ဟာ အလွန်အရေးကြီးမှန်း သူတို့သေချာသိပါတယ်။ သူတို့နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့တဲ့ အသီးအပွင့်ကို ရရှိချိန်မှာ သူတို့ကျန်းမာနေပါမှ စိတ်ကူးခဲ့သလို သုံးဆောင်ခံစားနိုင်မှာပါ။ ကိုယ်လိုချင်တဲ့အောင်မြင်မှုကို နောက်ဆုံးရရှိချိန်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကတော့ ရှုံးနိမ့်မှုရရှိနေရင်တော့ တကယ့်အောင်မြင်မှု မဟုတ်ပါဘူး။ ကိုယ်အောင်မြင်အောင် လုပ်ရင်းနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ပေးဆပ်လိုက်ရမယ်၊ ဒါမှမဟုတ် လစ်လျူရှူ ထားလို့ နှလုံးမကောင်းတာတွေ၊ အရိုးတွေ အကြောတွေ မကောင်းတော့တာတွေ၊ ဆီးချိုသွေးချို ဖြစ်လို့ ကိုယ်သုံးဆောင်ချင်တာကို ပိုက်ဆံရှိရက်နဲ့ မသုံးဆောင်နိုင်တွေ အများအများကြီးဖြစ်နိုင်ပါတယ်။ ကိုယ့်အသက်နဲ့ လဲလိုက်ရတဲ့အောင်မြင်မူမျိုးတော့ မဖြစ်မိပါစေနဲ့။ အောင်မြင်သူတို့မှာ ကိုယ်တိုင်ရေးဆွဲထားတဲ့ ကျန်းမာရေးကောင်းအောင် ဘယ်လိုထိန်းသိမ်းမယ်ဆိုတဲ့ အစီအစဉ်အတိအကျ ရှိပါတယ်။ ကျန်းမာရေးကောင်းအောင် ကိုယ်လက် လှုပ်ရှားမှု ပါအောင် ကစားကြပါတယ်။

ကိုယ်လက် လှုပ်ရှားခြင်းဟာ သွေးလေ လှည့်ပတ်မှုကောင်းပြီး ခန္ဓာကိုယ်ကျန်းမာစေလို့ နေ့စဉ် မနက်စောစော အလုပ်မစခင်မှာ လုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် မနက်စောစောလုပ်တဲ့အတွက် ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းမူကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်၊ ကိုယ်ပိုင် အချိန်ရလို့ စိတ်ကြည်လင်ပါတယ်၊ မနက်စောစောဖြစ်တဲ့အတွက် နေ့စဉ်လုပ်ဖြစ်ပြီး အလုပ်မှာ အချိန်ပိုလုပ်ရရင်တောင်မှ ကိုယ်လက် လှုပ်ရှားမှု အစီအစဉ် မပျက်တော့ပါဘူး။ သင်လည်းပဲ အစီအစဉ်ချပြီး မနက်စောစော ကိုယ်လက် လှုပ်ရှားမှုစတင်ပါ။ အများကြီးမလုပ်နိုင်ရင်တောင် နည်းနည်းချင်းက စလေ့ကျင့်ပေးပါ။ သင်ကျန်းမာမှ ဖြစ်မယ်ဆိုတာ အမြဲအမှတ်ရပါ။

၄။ တနေ့တာ အစီအစဉ်ကို အတိအကျသိခြင်း

အောင်မြင်သူတွေမှာ တနေ့တာ မစခင် မိမိဘာလုပ်ရမယ်၊ ဘယ်သွားရမယ်၊ ဘယ်သူနဲ့တွေ့ရမယ်၊ ဘယ်အချိန်မှာ နားရမယ်၊စားရမယ် ဆိုတဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ကို ညဦးမှာ ရေးဆွဲပြီး မနက် အလုပ်မလုပ်ခင်မှာ ပြန်လည်သုံးသပ်ပါတယ်။ ကျောင်းသားတစ်ယောက် စာမေးပွဲဖြေဖို့ ညက စာအကုန်ကြေညက်အောင် ကျက်ထားပြီး မနက်မှာ ပြန်နွှေးသလိုပါပဲ။ အဲ့တော့ အလုပ်လုပ်တဲ့အချိန်မှာ ဘယ်အလုပ်ကို ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာသိပြီး ဆက်တိုက်အစီအစဉ် အတိုင်း လုပ်သွားလိုက်ယုံပါပဲ။ အခက်အခဲ အရမ်းနည်းသွားပါတယ်။ ရှိခဲ့ရင်လည်း တခြား အလုပ်တွေမှာ အစီအစဉ်တိုင်းပြီးခဲ့တော့ အောင်မြင်တဲ့ စိတ်ဓာတ်အရှိန်ရနေတဲ့အတွက် အလွယ်တကူပဲ ဖြေရှင်း ကျော်လွှားနိုင်ပါတယ်။ အလုပ်ကို အောင်နိုင်သူတွေပေါ့ဗျာ။ သင်လည်းပဲ မနက်မှာ တနေ့စာ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို အစီအစဉ်ဆွဲပါ၊ ပြန်လည်သုံးသပ်ပါ။ အလုပ်ကို အောင်နိုင်သူဖြစ်ပါစေ။

၅။ အပြုံးနှင့် စတင်ခြင်း

အောင်မြင်သူတွေဟာ အမြဲအပြုံးတပွင့် ဆင်ထားနိုင်ကြပါတယ်။ ပထမ တချက်ကတော့ ဘဝကိုအောင်မြင်အောင် လုပ်နေတဲ့ ကိုယ့်ကိုကိုယ် ကျေနပ်လို့ဖြစ်ပြီး၊ ဒုတိယ တချက်ကတော့ မလိုလားအပ်တဲ့ စိတ်ညစ်ညူးမှုတွေက ပပျောက်အောင်ဖြစ်ပါတယ်။ နေ့တနေ့ရဲ့ မနက်မှာ အပြုံးနဲ့ စတင်တဲ့အတွက် တွေ့ရတဲ့လူတွေကလည်း ချစ်ခင်ကြပါတယ်။ ဘယ်သူမဆို ပြုံးထားရင် အင်မတန် ချစ်ခင်ဖွယ်ကောင်းပါတယ်။ ချစ်ခင်ဖို့ ကောင်းနေတဲ့လူကို စိတ်ညစ်အောင်လုပ်ဖို့ ဘယ်သူမှ မကြံစည်ပါဘူး။ တချက်ပြုံးရင် တရက်အသက်ပိုရှည်ဆိုသလို သင်ပြုံးတိုင်း သင့်ရဲ့ ခန္ဓာကိုယ်က ကျေးဇူးတင်နေမှာပါ။ (ပြန်တောင် ပြုံးပြနေမှာပါ)။ သင်လည်း မနက်စောစောကို အပြုံးနုနဲ့ စတင်လိုက်ပါ။ ဘယ်သူတွေဘာတွေပြောပြော အပြုံးနဲ့ နေနိုင်တာကိုက စိတ်ချမ်းသာစရာ နောက်တစ်မျိုးပါ။

အားလုံး ချုံပြောရရင်တော့ သင်လည်း အောင်မြင်ချင်သူ တစ်ယောက်ဖြစ်ချင်ရင် အောင်မြင်သူတွေရဲ့ အကျင့်ကို ကျင့်ဖို့လိုအပ်ပါတယ်။ အထက်မှာ ပြောခဲ့သလို ၁။ မနက်စောစောထခြင်း ၂။ လက်ရှိဘဝအတွက် ကျေးဇူးတင်ခြင်း ၃။ ကိုယ်လက်လှုပ်ရှားခြင်း ၄။ တနေ့တာ အစီအစဉ်ကို အတိအကျသိခြင်း ၅။ အပြုံးနဲ့စတင်ခြင်း ဖြင့် အောင်မြင်တဲ့ လမ်းကြောင်းပေါ် အမြန်ဆုံး နင်းမိပြီး အောင်မြင်နိုင်ပါစေလို့။။

(စာဖတ်ခြင်းက သင့်ကို ဗဟုသုတ တိုးတက်စေသလို၊ တကယ် လိုက်နာကျင့်သုံးခြင်းဟာလည်း သင်လိုချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖေါ်နိုင်ပါတယ်။ စာဖတ်ခြင်းနဲ့ မရပ်တံ့ပါနဲ့လို့ အကြံပေးရင်း)

ကိုသူရ
(Saving The Minds)
Founder of SuccessUpsize.com

No comments:

Post a Comment

Post Top Ad

Your Ad Spot