Breaking

Post Top Ad

Your Ad Spot

Sunday 9 December 2018

ဘုန္းေတာ္ႀကီး႐ုပ္ခႏၶာမွ ၀ိဉာဥ္ထြက္ခြာမႈကို CCTVမွ မွတ္တမ္းတင္ႏိုုင္ခ့ဲ


[Zawgyi]
လားမားဘုန္းေတာ္ႀကီးတစ္ပါးျဖစ္တဲ့ Dashi-Dorzho Itigilov ဟာ ထုိင္လွ်က္နဲ႔ မံမီျဖစ္သြားခဲ့ၿပီး၊ ယုံၾကည္ကုိကြယ္သူေတြကေတာ့ ဆရာေတာ္ႀကီးဟာ သက္ရွိထင္ရွားအျဖစ္နဲ႔ စံေနေတာ္မူဆဲလုိ႔ ယူဆခဲ့ၾကပါတယ္။ ဆရာေတာ္ႀကီး Itigilov ဟာ ထုိင္လွ်က္ပုံစံနဲ႔ ပ်ံလြန္ေတာ္မူခဲ့တာ ႏွစ္ေပါင္း 79 ႏွစ္မွ မၾကာေသးခင္ကအထိ ၀ိဉာဥ္ပညာရွင္ေတြက သက္ရွိ
ထင္ရွား စံေနဆဲလုိ႔ ေထာက္ခံခဲ့ၾကပါတယ္။


အခုဆုိရင္ Itigilov ရဲ႕ အသက္ဟာ 164 ႏွစ္အထိ ရွိၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ ၎ရဲ႕ ႐ုပ္ကလာပ္ေတာ္ဟာ တင္ပလႅင္ေခြလ်က္ ပုံစံျဖစ္ပါတယ္။ ႐ုပ္ကလာပ္ေတာ္ ပတ္ပတ္လည္မွာ တပ္ဆင္ထားတဲ့ လုံၿခဳံေရးကင္မရာေတြက မၾကာေသးမီ ရက္ပုိင္းက Itigilov ရဲ႕ ခႏၶာကိုယ္ထဲကေန ၀ိဉာဥ္အၿပီးတုိင္ ထြက္သြားပုံကုိ မွတ္တမ္းတင္ထားခဲ့တယ္လုိ႔ သိရပါတယ္။


Itigilov ဟာ ႐ုရွႏုိင္ငံမွာ အလြန္ေက်ာ္ၾကားခဲ့တဲ့ ဘုန္းေတာ္ႀကီးေခါင္းေဆာင္တစ္ပါး ျဖစ္ၿပီး၊ ၾသဇာတိကၠမလည္း ႀကီးမားခဲ့ပါတယ္။ ၎ရဲ႕႐ုပ္ကလာပ္ကုိ မည့္သည့္ေဆးမွ အသုံးအမျပဳပဲ ဖန္သားအိမ္ထဲမွာ သဘာ၀အတုိင္းသာ ထားရွိခဲ့ပါတယ္။ Itigilov ဟာ ဆားဘီးယားနယ္စပ္အနီး Ulan-Ude ၿမိဳ႕က စံေက်ာင္းမွာ သာသနာျပဳခဲ့ၿပီး၊ ယခု ႐ုပ္ကလာပ္ကုိလည္း စံေက်ာင္းေတာ္ ဒုတိယအထပ္မွာ ထားရွိ ပူေဇာ္ခဲ့ၾကပါတယ္။


ဆရာေတာ္ႀကီး Itigilov သက္ရွိထင္ရွား ရွိစဥ္က ၎ေနထုိင္ရာသုိ႔ တရုတ္၊ အိႏၵိယမွ အႏြယ္တူဘုန္းေတာ္ႀကီးမ်ား လာေရာက္ကာ ကမၼ႒ာန္းနည္းေတြ ဥပနိႆယ ခံယူစည္းပူးခဲ့ၾကတဲ့အထိ ဘုန္းတန္ခုိး ထြားခဲ့တဲ့ ဆရာေတာ္ႀကီးျဖစ္ပါတယ္။ ေဂၚပက အဖြဲ႕၀င္ေတြက Itigilov ဟာ ေအာက္တုိဘာ 9 ရက္ 10 ရက္မွာ ဘ၀နတ္ထံ အၿပီးျပန္လြန္ေတာ္မူခဲ့ၿပီး ၿငိမ္းခ်မ္းရာမွာ ေျပာင္းေရႊ႕စံေနေတာ္မူခဲ့တယ္လုိ႔ CCTV အရ အတည္ျပဳခဲ့ၾကပါတယ္။


ဒီအျဖစ္အပ်က္ကို လက္ရွိ သံဃာေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္ေနတဲ့ လားမားဆရာေတာ္ႀကီး Ayusheev ကလည္း အတည္ျပဳ ေျပာၾကားခဲ့ၿပီး၊ ဆရာေတာ္ႀကီးရဲ႕ ႐ုပ္ကလာပ္ေတာ္မွ ၀ိဉာဥ္ထြက္ခြာပုံကို ျမင္ေတြ႕လုိက္ရတဲ့ လူေတြကလည္း အင္တာနက္ ကြန္ယက္ေတြေပၚမွာ ျဖန္႔ေ၀မႈေတြ အေျမာက္အမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

လင္းေဇာ္ကို (Shwemom)


[Unicode]
လားမားဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Dashi-Dorzho Itigilov ဟာ ထိုင်လျှက်နဲ့ မံမီဖြစ်သွားခဲ့ပြီး၊ ယုံကြည်ကိုကွယ်သူတွေကတော့ ဆရာတော်ကြီးဟာ သက်ရှိထင်ရှားအဖြစ်နဲ့ စံနေတော်မူဆဲလို့ ယူဆခဲ့ကြပါတယ်။ ဆရာတော်ကြီး Itigilov ဟာ ထိုင်လျှက်ပုံစံနဲ့ ပျံလွန်တော်မူခဲ့တာ နှစ်ပေါင်း 79 နှစ်မှ မကြာသေးခင်ကအထိ ဝိဉာဉ်ပညာရှင်တွေက သက်ရှိ
ထင်ရှား စံနေဆဲလို့ ထောက်ခံခဲ့ကြပါတယ်။

အခုဆိုရင် Itigilov ရဲ့ အသက်ဟာ 164 နှစ်အထိ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းရဲ့ ရုပ်ကလာပ်တော်ဟာ တင်ပလ္လင်ခွေလျက် ပုံစံဖြစ်ပါတယ်။ ရုပ်ကလာပ်တော် ပတ်ပတ်လည်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေက မကြာသေးမီ ရက်ပိုင်းက Itigilov ရဲ့ ခန္ဓာကိုယ်ထဲကနေ ဝိဉာဉ်အပြီးတိုင် ထွက်သွားပုံကို မှတ်တမ်းတင်ထားခဲ့တယ်လို့ သိရပါတယ်။

Itigilov ဟာ ရုရှနိုင်ငံမှာ အလွန်ကျော်ကြားခဲ့တဲ့ ဘုန်းတော်ကြီးခေါင်းဆောင်တစ်ပါး ဖြစ်ပြီး၊ သြဇာတိက္ကမလည်း ကြီးမားခဲ့ပါတယ်။ ၎င်းရဲ့ရုပ်ကလာပ်ကို မည့်သည့်ဆေးမှ အသုံးအမပြုပဲ ဖန်သားအိမ်ထဲမှာ သဘာဝအတိုင်းသာ ထားရှိခဲ့ပါတယ်။ Itigilov ဟာ ဆားဘီးယားနယ်စပ်အနီး Ulan-Ude မြို့က စံကျောင်းမှာ သာသနာပြုခဲ့ပြီး၊ ယခု ရုပ်ကလာပ်ကိုလည်း စံကျောင်းတော် ဒုတိယအထပ်မှာ ထားရှိ ပူဇော်ခဲ့ကြပါတယ်။

ဆရာတော်ကြီး Itigilov သက်ရှိထင်ရှား ရှိစဉ်က ၎င်းနေထိုင်ရာသို့ တရုတ်၊ အိန္ဒိယမှ အနွယ်တူဘုန်းတော်ကြီးများ လာရောက်ကာ ကမ္မဋ္ဌာန်းနည်းတွေ ဥပနိဿယ ခံယူစည်းပူးခဲ့ကြတဲ့အထိ ဘုန်းတန်ခိုး ထွားခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ ဂေါ်ပက အဖွဲ့ဝင်တွေက Itigilov ဟာ အောက်တိုဘာ 9 ရက် 10 ရက်မှာ ဘဝနတ်ထံ အပြီးပြန်လွန်တော်မူခဲ့ပြီး ငြိမ်းချမ်းရာမှာ ပြောင်းရွှေ့စံနေတော်မူခဲ့တယ်လို့ CCTV အရ အတည်ပြုခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ကို လက်ရှိ သံဃာခေါင်းဆောင်အဖြစ် ဆောင်ရွက်နေတဲ့ လားမားဆရာတော်ကြီး Ayusheev ကလည်း အတည်ပြု ပြောကြားခဲ့ပြီး၊ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်မှ ဝိဉာဉ်ထွက်ခွာပုံကို မြင်တွေ့လိုက်ရတဲ့ လူတွေကလည်း အင်တာနက် ကွန်ယက်တွေပေါ်မှာ ဖြန့်ဝေမှုတွေ အမြောက်အများ ပြုလုပ်ခဲ့ကြပါတယ်။

လင်းဇော်ကို (Shwemom)

No comments:

Post a Comment

Post Top Ad

Your Ad Spot